Asia
Hot Q & A |ယွန်းဆက်ယိုကို ဖမ်းဆီးရန် တောင်ကိုရီးယားရဲဘက်ဆိုင်ရာကို လွှဲပြောင်းပေးရ၍ ရသလော
ဆိုးလ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ရာထူးမှ ရပ်ဆိုင်းထားသည့် သမ္မတ ယွန်းဆက်ယိုအား ဖမ်းဆီးရေးတာဝန်ကို ရဲဘက်ဆိုင်ရာအား လွှဲပြောင်းပေးရန် တောင်းဆိုသော တောင်ကိုရီးယား အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) ၏ရုံးစာတစ်စောင်ကို ဇန်နဝါရီ ၆ ရက်က ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ရဲဘက်ဆိုင်ရာ အေဂျင်စီ နိုင်ငံတော်စုံစမ်းစစ်ဆေးရေးဌာနချုပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။ အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနက အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသနည်း။ ရဲဘက်ဆိုင်ရာက မည်သို့ တုံ့ပြန်သနည်း။ နောက်ခြေလှမ်းတစ်ရပ်၏ အလားအလာ မည်သို့ ရှိမည်နည်း။
အဘယ်ကြောင့် တာဝန်ကို လွှဲပြောင်းရသနည်း
တောင်ကိုရီးယား မီဒီယာသုံးသပ်သူများက အစိုးရအရာရှိများ စုံးစမ်းစစ်ဆေးရေးဌာန၏ ဖမ်းဆီးရေးတာဝန် လွှဲပြောင်းခြင်း အရင်းအမြစ်မှာ ဇန်နဝါရီ ၃ ရက်က ယွန်းဆက်ယိုကို ပထမအကြိမ် ဖမ်းဆီးရေး လှုပ်ရှားမှု မအောင်မြင်ခြင်းကြောင့်ဖြစ်ပြီး ဖမ်းဆီးမှုမှာ ကြီးမားသည့် အတားအဆီးများကို ရင်ဆိုင်ရကာ နောက်ထပ်လှုပ်ရှားမှုတွင်လည်း အောင်မြင်မှုမရှိနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ယူဆကြသည်။
ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရာတွင် ရဲဘက်ဆိုင်ရာ၏ ကျွမ်းကျင်မှုနှင့် အချင်းဖြစ်နေရာ ကွပ်ကဲမှုစနစ်၏ တစ်သားတည်းဖြစ်မှုကို ဘက်စုံစဉ်းစားပြီးနောက် ပို၍မြန်ဆန်ထိရောက်စွာ သက်ဆိုင်ရာလုပ်ငန်းစဉ်များကို ဖော်ဆောင်ရေးအတွက် ယွန်းဆက်ယိုအား ဖမ်းဆီးရေးတာဝန်ကို တောင်ကိုရီးယားနိုင်ငံ ရဲဘက်ဆိုင်ရာ အေဂျင်စီ နိုင်ငံတော်စုံစမ်းစစ်ဆေးရေးဌာနချုပ်သို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးဌာနက ဇန်နဝါရီ ၆ ရက်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရဲဘက်ဆိုင်ရာက မည်ကဲ့သို့ ပြောကြားသနည်း
တောင်ကိုရီးယား ရဲဘက်ဆိုင်ရာ အေဂျင်စီ နိုင်ငံတော်စုံစမ်းစစ်ဆေးရေးဌာနချုပ်က “’ပူးတွဲ စုံစမ်းစစ်ဆေးရေးဌာနချုပ်’ မူဘောင်အောက်မှာ ဖမ်းဝရမ်းအမိန့် အကောင်အထည်ဖော်ဆောင်ရေး နည်းလမ်းကို အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနနှင့် ဆွေးနွေးနေတယ်”၊ တစ်ချိန်တည်းတွင်ပင် ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရာတွင် တားဆီးသည့် ရဲတပ်ဖွဲ့ လုံခြုံရေးဌာန ဝန်ထမ်းများကို ဖမ်းဆီးခြင်း အပါအဝင် “ရဲတပ်ဖွဲ့ လုံခြုံရေးဌာန ဝန်ထမ်းတွေရဲ အဟန့်အတားကို ကိုင်တွယ်မယ့်” သက်ဆိုင်ရာ နည်းလမ်းတွေကိုလည်း စဉ်းစားလျက်ရှိကြောင်း ဇန်နဝါရီ ၆ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
တောင်ကိုရီးယား “ပူးတွဲ စုံစမ်းစစ်ဆေးရေးဌာနချုပ်” ကို တောင်ကိုရီးယား ရဲဘက်ဆိုင်ရာ အေဂျင်စီ၊ အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲတည်ထောင်ခြင်း ဖြစ်သည်။
ယွန်းဆက်ယိုဘက်က မည်သို့ ဆိုသနည်း
ဖမ်းဝရမ်းအမိန့် အကောင်အထည်ဖော်ဆောင်ရေးတာဝန်ကို အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနက ရဲဘက်ဆိုင်ရာအား လွှဲပြောင်းပေးခြင်းမှာ “တရားမဝင်သော လုပ်ရပ်” နောက်တစ်ခု ဖြစ်ပြီး အစိုးရာအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ Wu Dongyun၊ ရဲဘက်ဆိုင်ရာ အေဂျင်စီ ယာယီအကြီးအကဲ Lee Ho-young၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးတာဝန် ယာယီထမ်းဆောင်သူ Kim Seon-ho စသည့် ၁၁ ဦး အပါအဝင် ပူးတွဲ စုံစမ်းစစ်ဆေးရေးဌာနချုပ်မှ ဖမ်းဝရမ်းအမိန့် အကောင်အထည်ဖော်မှုနှင့်သက်ဆိုင်သူများအား ဥပဒေရေးရာဌာနထံ တိုင်ကြားထားကြောင်း ယွန်းဆက်ယိုက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနက မည်သို့ ဆက်လက်ဆောင်ရွက်မည်နည်း
ဖမ်းဝရမ်းအမိန့် အကောင်အထည်ဖော်ဆောင်ရေးတာဝန်အား ရဲဘက်ဆိုင်ရာအား လွှဲပြောင်းပေးပြီးနောက် ယွန်းဆက်ယိုအား စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်း ဖမ်းဝရမ်းသက်တမ်းမှာ ဇန်ဝါရီ ၆ ရက်တွင် ကုန်ဆုံးပြီ ဖြစ်သည်။ ဖမ်းဝရမ်းအမိန့် သက်တမ်းတိုးရန် တရားရုံးသို့ လျှောက်ထားသွားမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးဌာနက ပြောကြားခဲ့သည်။
တောင်ကိုရီးယား လူထုအမြင် မည်သို့ရှိသနည်း
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနအနေဖြင့် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန၏ အင်အားသည် တောက်လျှောက် အားနည်းနေပြီး ရလဒ်များမှာ ထင်ရှားမှုမရှိသည့်အပြင် “တည်ထောင်ပြီးတဲ့ အချိန်မှစပြီး တစ်ခုမှ အလုပ်မဖြစ်ခဲ့” ဟုပင် အပြင်လောက၏ ဝေဖန်ခြင်းကို ခံခဲ့ရကြောင်း တောင်ကိုရီးဘား မီဒီယာများက ဆိုသည်။ အရေးပေါ်စစ်အုပ်ချုပ်ရေးကိစ္စဖြစ်ပွားသည့်အချိန်မှစ၍ အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသည် “အာဏာအလွဲသုံးစားလုပ်မှု စုံစမ်းစစ်ဆေးတဲ့ဖြစ်စဉ်မှာ သဲလွန်စတွေ့တယ်” ဟု အကြောင်းပြကာ “ပြည်တွင်းရေး ရှုပ်ထွေးမှု စုံစမ်းစစ်ဆေးရန်” အခိုင်အမာ ဦးဆောင်ပြီး “မိမိ၏ တည်ရှိမှု တန်ဖိုးကို သက်သေပြလိုခြင်း ဖြစ်ကြောင်း” ဖော်ပြထားသည်။ ယွန်းဆက်ယိုကမူ “အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနတွင် သမ္မတ ပြည်တွင်းရေးရှုပ်ထွေးစေမှုကို စစ်ဆေးရန် အခွင့်အာဏာမရှိ” ဟု ယူဆသည်။
အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဆိုးလ်မြို့ အနောက်ပိုင်း ဒေသ တရားရုံး၌ လျှောက်ထားခဲ့သည့် ဖမ်းဝရမ်းအမိန့် ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနက “သက်ဆိုင်သည့်ဌာန” ဖြစ်သော ဆိုးလ်ဗဟိုဒေသတရားရုံးကို ရှောင်လွှဲပြီး “ရွေးချယ်မှု” ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အတိုက်အခံဘက်က ဝေဖန်ပြောဆိုခဲ့သည်။ အာဏာရပါတီဖြစ်သည့် ပြည်သူ့အင်အားပါတီက စုံစမ်းစစ်ဆေးရေးဌာန၏ သမ္မတ ဖမ်းဆီးမိန့် အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ “လုပ်ပိုင်ခွင့်ကို ကျော်လွန်တဲ့ လုပ်ရပ်” ဖြစ်ကြောင်း ဝေဖန်ထားပြီး “စုံစမ်းစစ်ဆေးရေးဌာနနဲ့ တရားသူကြီး အပေးအယူလုပ်ပြီး ရလာတဲ့ ဖမ်းဝရမ်းဖြစ်တယ်” ဟု ယူဆသည်။
စုံစမ်းစစ်ဆေးရေးဌာနအနေဖြင့် ယခုလ ၃ ရက်က ဖမ်းဝရမ်းအမိန့်ကို အကောင်အထည်ဖော်ချိန်တွင် သမ္မတ လုံခြုံရေးဌာန တာဝန်ရှိသူအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ရာ “စုံစမ်းစစ်ဆေးရေးဌာနက သမ္မတကို စုံစမ်းစစ်ဆေးရန် အင်အားနဲ့ ဆန္ဒ ရှိမရှိ” အပေါ် ပြင်ပလောကက သံသယဖြစ်ခဲ့ကြောင်း အခြားမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာနက မည်သို့သော တုံ့ပြန်မှု ရှိပါသနည်း
ယွန်းဆက်ယိုသည် ရာထူးမှ ရပ်ဆိုင်းခံရသည့်အနေအထားတွင် ရှိသော်လည်း သမ္မတ ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာန၏ ကာကွယ်မှုကို ရရှိဆဲဖြစ်သည်။ ယွန်းဆက်ယို စစ်အုပ်ချုပ်ရေး ကြေညာပြီးသည်မှစ၍ ယနေ့အထိ ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာနသည် 《ရာဇဝတ်ကျင့်ထုံးဥပဒေ》နှင့် 《သမ္မတ ရဲဘက်ဆိုင်ရာ လုံခြုံရေးဥပဒေ》များအရ သမ္မတ အိမ်တော် စသည့်နေရာများသို့ စုံစမ်းစစ်ဆေးရေးဌာနဝင်ရောက်ရန် ငြင်းဆိုခဲ့သည်။
အထူးတာဝန်ထမ်းဆောင်မှုအား နှောင့်ယှက်တားဆီးသည့် သံသယမှုဖြင့် ရဲဘက်ဆိုင်ရာလုံခြုံရေးဌာန သက်ဆိုင်ရာလူပုဂ္ဂိုလ်များအား အမှုဖွင့်ထားကြောင်း၊ ရဲဘက်ဆိုင်ရာလုံခြုံရေးဌာန အကြီးအကဲနှင့် ဒုတိယအကြီးအကဲအား ဇန်နဝါရီ ၄ ရက်တွင် စုံစမ်းစစ်ဆေးမှုခံယူရန် တောင်းဆိုခဲ့ကြောင်း “ပူးတွဲ စုံစမ်းစစ်ဆေးရေးဌာနချုပ်” က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာနက ၎င်း၏ လုပ်ငန်းများ အရေးကြီးသည့် ကာလတွင် ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာန အကြီးအကဲ စသူများက တာဝန်နေရာမှ ထွက်ခွာ၍ မရကြောင်း အကြောင်းပြကာ ငြင်းဆန်ခဲ့သည်။
ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် တရားစီရင်ရေး အငြင်းပွားမှုရှိသည့် အခြေအနေတွင် ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာနအနေဖြင့် ဖမ်းဝရမ်းအကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်လိုက်ပါက သမ္မတအား ကာကွယ်ရန်တာဝန်ကို စွန့်လွှတ်ခြင်းနှင့် ထူးမခြားနားဖြစ်ရာ ဝာာဝန်ပျက်ကွက်ခြင်း ဖြစ်ကြောင်း ရဲဘက်ဆိုင်ရာလုံခြုံရေးဌာန အကြီးအကဲ Park Jong-joon က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတ အိမ်တော်ကို သံဆူးကြိုး စသည်တို့ ထပ်မံတပ်ဆင်ထားပြီး အစောင့်အကြပ်အကာအကွယ်များ ထပ်တိုးထားကြောင်း တောင်ကိုရီးယား မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
နောက်ခြေလှမ်းတစ်ရပ်၏ အလားအလာ မည်သို့ ရှိမည်နည်း
သမ္မတ ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာန၏ သဘောထား တင်းမာမှုနှင့် အစောင့်အကြပ် အားဖြည့်ထားမှုများကြောင့် ယခုကာလများ၌ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် ခက်ခဲနိုင်ကြောင်း တောင်ကိုရီးယား မီဒီယာများက ယူဆသည်။ အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနက တောင်ကိုရီးယားသမ္မတ တာဝန် ယာယီထမ်းဆောင်သူ Choi Sang-mok ထံ စာလွှာပေးပို့၍ ဖမ်းဝရမ်းအကောင်အထည်ဖော်ရေး သမ္မတ ရဲဘက်ဆိုင်ရာ လုံခြုံရေးဌာနမှ ပူးပေါင်းဆောင်ရွက်ရန် ၎င်းအနေဖြင့် ညှိနှိုင်းပူးပေါင်းညွှန်ကြားပေးရန် တောင်းဆိုထားသော်လည်း Choi Sang-mok ဘက်က ယနေ့တိုင် အကြောင်းပြန်ခြင်း မရှိသေးပေ။ (Xinhua)
……………………………
(Chinese Version)
热点问答|逮捕尹锡悦,交给韩国警方行吗
新华社首尔1月6日电 热点问答|逮捕尹锡悦,交给韩国警方行吗 新华社记者陆爱华 姬新龙
韩国警察厅国家调查本部6日说,当天收到高级公职人员犯罪调查处(公调处)公函,要求将执行逮捕被停职总统尹锡悦的任务移交给警方。公调处为何做出这一决定?警方如何回应?下一步将如何发展?
为何移交任务
韩国媒体分析认为,公调处移交逮捕任务,源于3日对尹锡悦进行的首次逮捕行动出师未捷。逮捕面临巨大阻力,再次行动没有胜算。
公调处6日上午召开新闻发布会说,综合考虑警方对执行逮捕令的专业性和现场指挥体系的统一性,决定将逮捕尹锡悦的任务移交给警察厅国家调查本部,以便更加迅速、高效地执行相关程序。
警方怎么说
韩国警察厅国家调查本部6日下午召开新闻发布会,表示正在与公调处“讨论在‘共同调查本部’框架内执行逮捕令的方法”,同时也在考虑有关“应对警卫处人员阻挠逮捕的方案”,包括逮捕妨碍逮捕令执行的警卫处人员等多种可能。
韩国“共同调查本部”由韩国警察厅、公调处和国防部联合设立。
尹锡悦方面怎么说
尹锡悦方面6日表示,公调处向警方移交逮捕令执行任务是又一“非法行为”,并向检察机关举报了共同调查本部执行逮捕令的相关人士,包括公调处处长吴东运、代行警察厅长职权的次长李昊荣、代行国防部长官职权的次官金善镐等11人。
公调处接下来怎么做
公调处6日表示,向警方移交逮捕令执行任务后,仍将继续进行对尹锡悦的调查。 这一逮捕令有效期于6日截止。公调处表示,将向法院申请延长逮捕令。
韩国舆论怎么看
韩国媒体报道说,公调处作为反腐机构,一直以来力量相对薄弱、成果不彰,甚至被外界批评“成立以来一事无成”。报道说,紧急戒严事件发生以来,公调处以“调查滥用职权过程中发现线索”为由,坚持主导“内乱调查”,“是想证明自己的存在价值”。尹锡悦方面则坚持认为,“公调处没有调查总统内乱罪的权限”。
公调处2024年12月31日向首尔西部地方法院申请逮捕令获批。反对方批评说,公调处避开“对口单位”首尔中央地方法院,是“选择性”操作。执政党国民力量党批评公调处对总统执行逮捕令是“越权的不当行为”,认为“公调处通过与法官交易获得了逮捕令”。
另据媒体报道,公调处本月3日执行逮捕令时,曾拒绝警方逮捕总统警卫处负责人的要求,被外界质疑“公调处是不是缺乏调查总统的力量和意志”。
警卫处什么反应
尹锡悦虽然处于停职状态,但仍受到总统警卫处的保护。自尹锡悦宣布紧急戒严至今,警卫处以《刑事诉讼法》和《总统警卫法》为依据,拒绝调查机关进入总统官邸等地。
“共同调查本部”3日表示,已以涉嫌妨碍执行特殊公务为由对警卫处相关人员立案,并要求警卫处长、警卫次长4日到案接受调查。但警卫处以总统警卫工作处于关键时期、警卫处长等人不能离开岗位为由拒绝。警卫处长朴钟俊5日说,在逮捕令执行存在司法程序争议的情况下,警卫处若配合执行逮捕令,无异于放弃总统警卫职责,构成失职。
据韩国媒体报道,总统官邸已加设铁丝网等设施,进一步加强了戒备。
下一步将如何发展
韩国媒体报道认为,鉴于总统警卫处态度强硬且加强了戒备,近期内执行逮捕恐难实现。公调处曾向代行总统职权的崔相穆致函,请求其协调指挥总统警卫处配合执行逮捕令,但崔相穆方面迄今未予回复。(完)
1. 1月3日,尹锡悦的支持者在韩国首尔龙山区汉南洞的总统官邸附近举行集会,反对逮捕尹锡悦。
2. 1月3日,尹锡悦的支持者在韩国首尔龙山区汉南洞的总统官邸附近举行集会,警察在集会附近执勤。
3. 1月3日,尹锡悦的支持者在韩国首尔龙山区汉南洞的总统官邸附近举行集会,反对逮捕尹锡悦。