Connect with us

Europe

ဂရင်းလန်းကျွန်းနှင့်ပတ်သက်သည့် ထရမ့်၏ပြောကြားချက်က ကမ္ဘာတွင် အင်အားသုံးနိုင်ငံရေး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော သက်သေဖြစ်သည်ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နိုင်ငံ မီလ်ဝါကီမြို့တွင် သမ္မတဟောင်း ထရမ့် (ရှေ့တန်း၊ ဝဲဘက်မှ ဒုတိယ) နှင့် ရီပက်ဘလစ်ကန် ဒုတိယ သမ္မတလောင်း Vance (ရှေ့တန်း၊ ယာဘက်မှ ဒုတိယ) တို့က ရီပက်ဘလစ်ကန် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၌ ပရိသတ်များအား နှုတ်ခွန်းဆက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်ရက်က အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်၏ ဂရင်းလန်းကျွန်းနှင့်ပတ်သက်သည့် ပြောကြားချက်က ကမ္ဘာတွင် အင်အားသုံးနိုင်ငံရေး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော သက်သေဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot က ဇန်နဝါရီ ၈ ရက် ပြင်သစ်လူထု ရေဒီယိုနှင့် ရုပ်သံဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
Barrot က ဂရင်းလန်းကျွန်း၊ ပနားမားတူးမြောင်း စသည့် ကိစ္စရပ်များအပေါ် ထရမ့်၏ ပြောကြားချက်များက ကမ္ဘာတွင် အင်အားသုံးနိုင်ငံရေး၏ ခြိမ်းခြောက်မှုအား ရင်ဆိုင်နေရသည်ကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နှင့် ဥရောပတိုက်သည် “ခြိမ်းခြောက်” မခံသင့်ကြောင်း၊ စစ်ရေးအင်အား၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်မှု စသည့် ကဏ္ဍများ၌ အားဖြည့် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Barrot က ဂရင်းလန်းကျွန်းကို အမေရိကန် “ကျူးကျော်” မည်ဟု ၎င်းအနေဖြင့် မယူဆကြောင်း ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းသည် ဥရောပသမဂ္ဂ၏ နယ်မြေပိုင်နက်ဖြစ်ရာ ၎င်း၏အချုပ်အခြာအာဏာအား အခြားနိုင်ငံများ ချိုးဖောက်ခြင်းကို ဥရောပသမဂ္ဂအနေဖြင့် လုံးဝဥဿုံ လက်လွှတ်ထားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က အမေရိကန် “စီးပွားရေး လုံခြုံရေး လိုအပ်ချက်” အရ ၎င်းအနေဖြင့် “စစ်ရေး သို့မဟုတ် စီးပွားရေး ဖိအားပေး အကျပ်ကိုင်ခြင်း” ဖြင့် ပနားမား တူးမြောင်းနှင့် ဂရင်းလန်းကျွန်းအား ထိန်းချုပ်ခွင့်ကို ရယူမည့် ဖြစ်နိုင်ခြေကို ဖယ်ရှားမည်မဟုတ်ကြောင်း ဇန်နဝါရီ ၇ ရက် ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂိုနေအိမ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ကမ္ဘာ့ ပထမ အကြီးဆုံး ကျွန်း ဖြစ်သည်။ ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်ပြီး မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် သံတမန်ရေး လုပ်ငန်းဆောင်တာများကို ဒိန်းမတ်အစိုးရက ကိုင်တွယ်စီမံခြင်း ဖြစ်ရာ ကျွန်းပေါ်တွင် မြေရှားသတ္တု စသည့် အရင်းအမြစ်များ ပေါကြွယ်ဝကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
法国外长:特朗普涉格陵兰岛言论印证世界面临强权政治威胁
新华社巴黎1月8日电(记者乔本孝)法国外长巴罗8日接受法国公共电台采访时说,美国候任总统特朗普日前涉格陵兰岛等言论印证了世界面临强权政治威胁。
巴罗说,特朗普就格陵兰岛、巴拿马运河等发表的言论,暴露了世界面临的强权政治威胁。法国和欧洲不应被“恐吓”,而要在军事实力、提升竞争力等方面加强建设。   巴罗说,他不认为美国会“入侵”格陵兰岛。格陵兰岛属于欧盟领土,欧盟绝不会放任其他国家侵犯其主权。
美国候任总统特朗普7日在位于佛罗里达州棕榈滩的海湖庄园举行的记者会上表示,出于对美国“经济安全需要”考虑,他不会排除通过“军事或经济胁迫”手段夺取巴拿马运河和格陵兰岛控制权的可能性。
格陵兰岛位于北美洲东北部,是世界第一大岛。格陵兰岛是丹麦的自治领地,有高度自治权,国防和外交事务由丹麦政府掌管,岛上稀土等资源丰富。(完)
1. 2024年7月18日,在美国密尔沃基市,特朗普(前排左二)和共和党副总统候选人万斯(前排右二)在美国共和党全国代表大会上向观众致意。新华社记者 吴晓凌 摄