Connect with us

North America

ကနေဒါကို သိမ်းယူရန်မှာ အတည်ဖြစ်ကြောင်း ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကနေဒါက အမေရိကန်နိုင်ငံ၏ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာရေး သဘောထားမှာ “အတည်ဖြစ်ကြောင်း” အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ Fox News ရုပ်သံလိုင်း သတင်းထောက်က တွေ့ဆုံမေးမြန်းရာတွင် ထရမ့်အား ကနေဒါကို အမှန်တကယ် သိမ်းယူလိုခြင်း ရှိမရှိ မေးမြန်းခဲ့သည်။ ထရမ့်က “ဟုတ်ပါတယ်၊ ကနေဒါက (အမေရိကန်ရဲ့) ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နှစ်စဉ် ကနေဒါမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နစ်နာဆုံးရှုံးနေရပါတယ်။ ဒီလိုကိစ္စမျိုး (ဆက်လက်) ဖြစ်ပွားတာကို ကျွန်တော်ခွင့်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ကနေဒါ ရုပ်သံလွှင့်ကော်ပိုရေးရှင်း၏ ဖေဖော်ဝါရီ ၇ ရက် သတင်းဖော်ပြချက်အရ စီးပွားရေးလောက လူပုဂ္ဂိုလ်များနှင့်အတူ ကျင်းပသည့် တံခါးပိတ်အစည်းအဝေးတစ်ခု၌ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ၎င်းနှင့် ထရမ့်က အချို့သောအကြောင်းအရာများကို ဆွေးနွေးချိန်တွင် “အလွယ်ကူဆုံးနည်းလမ်းဟာ ကျွန်တော်တို့နိုင်ငံကို သိမ်းယူတာပဲလို့ မစ္စတာထရမ့်က ယူဆပါတယ်။ ဒါကအတည်ပါ” ဟု ပြောကြားခဲ့သည်။ ထရူးဒိုးက ထိုစကားကိုပြောပြီးမှ မိုက်ကိုပိတ်ရန် သတိရသွားကြောင်း သိရသည်။ ထရူးဒိုးကဆက်လက်ပြီး “သူတို့ (အမေရိကန်သား) တွေက ကျွန်တော်တို့မှာ အရင်းအမြစ် ဘယ်လောက်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းသိကြလို့ ဒီအရင်းအမြစ်တွေကနေ အကျိုးအမြတ် အထူးလိုချင်ကြတယ်” ဟုလည်း ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူက ဆိုသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်သင့်သည်ဟု ထရမ့်က အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး “စီးပွားရေးအင်အား” ဖြင့် ယင်းကို ဖော်ဆောင်မည်ဟု လည်း ဆိုခဲ့သည်။ ၎င်းက ထရူးဒိုးကို “ကနေဒါပြည်နယ် အုပ်ချုပ်ရေးမှူး” ဟုပင် အကြိမ်များစွာခေါ်ဆိုခဲ့ဖူးသည်။ ကနေဒါအနေဖြင့် အမေရိကန်က ၎င်းအပေါ်တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည့် စည်းကြပ်ခွန်များကို ခံနိုင်ရည်မရှိပါက အမေရိကန်နိုင်ငံအတွင်း ပေါင်းစပ်လိုက်သင့်သည်ဟု ထရမ့်က ထရူးဒိုးအား ပြောကြားခဲ့ဖူးကြောင်း ထိုမတိုင်မီ အမေရိကန် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ကနေဒါဘက်က ထရမ့်၏အထက်ပါပြောကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
特朗普:吞并加拿大,我是认真的
新华社华盛顿2月9日电 美国总统特朗普在美国媒体9日播出的一段采访中称,他对让加拿大成为美国第51个州的态度是“认真的”。
美国福克斯新闻频道记者在采访中询问特朗普是否真想吞并加拿大。特朗普回答:“是的。我认为加拿大成为(美国)第51个州会更好,因为我们每年在加拿大损失2000亿美元。我不会让这种事(继续)发生。”
另据加拿大广播公司7日报道,加拿大总理特鲁多在与经济界人士召开的一次闭门会议上说,在他与特朗普讨论某些议题时,“特朗普先生认为,最简单的办法就是吞并我们的国家,这是真的”。特鲁多说完这番话才想起关掉麦克风。与会人士说,特鲁多后来还表示,“他们(美国人)非常清楚我们有多少资源,特别想能够从这些资源中获利”。
特朗普多次公开表示加拿大应该成为美国的第51个州,并称要用“经济力量”实现。他曾称呼特鲁多为“加拿大州州长”。美国媒体此前报道,特朗普曾告诉特鲁多,如果加拿大无法承受美国计划对其加征的关税,那么就该并入美国。特朗普上述言论遭到加拿大方面广泛反对。(完)
图说:2月7日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄