Connect with us

North America

ဝါရှင်တန် လေယာဉ်မတော်တဆတိုက်မိမှုတွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်သည် “အလွန်မြင့်မားစွာ ပျံသန်းခဲ့သည်” ဟု ထရမ့်ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ်ဘေးရှိ ပိုတိုမက်မြစ်ပေါ်တွင် ကယ်ဆယ်ရေးဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်တွင် ဇန်နဝါရီ ၂၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင်လေယာဉ်နှင့် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် မတော်တဆတိုက်မိမှုတွင် “Black Hawk” ရဟတ်ယာဉ် ပျံသန်းသည့်အမြင့်သည် အလွန်မြင့်မားလွန်းပြီး ကန့်သတ်ချက်ထက် ကျော်လွန်နေသည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇန်နဝါရီ ၃၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
“Black Hawk” ရဟတ်ယာဉ် ပျံသန်းသည်မှာ အလွန်မြင့်မားလွန်းပြီး ပေ ၂၀၀ (၆၁ မီတာခန့်) ကန့်သတ်ချက်ထက် များစွာကျော်လွန်နေသည်ဟု ထရမ့်ကဆိုသည်။
အမေရိကန်နိုင်ငံ လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) ၏ သတ်မှတ်ချက်အရ အခြားလေယာဉ်နှင့် တိုက်မိနိုင်ခြေအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ရေဂင်အမျိုးသားလေဆိပ် အနီးတစ်ဝိုက်ဒေသတွင် ရဟတ်ယာဉ်ပျံသန်းသည့်အမြင့်ကို ပေ ၂၀၀ နှင့်အောက်တွင် ထိန်းသိမ်းထားရမည်ဖြစ်သည်။ လေယာဉ်များပျံသန်းမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးသည့် ဝက်ဘ်ဆိုက် “Flightradar24” အချက်အလက်များအရ လေယာဉ် မတော်တဆ တိုက်မိမှုမဖြစ်ခင် နောက်ဆုံးမှတ်တမ်းတင်ထားသည့် ရဟတ်ယာဥ် ပျံသန်းသည့်အမြင့်မှာ ပေ ၄၀၀ ဖြစ်ကြောင်း သိရသည်။
ရေဂင်အမျိုးသားလေဆိပ် လေပိုင်နက်အတွင်းရှိ လေယာဉ်ပျံသန်းမှုလမ်းကြောင်း အများစုကို ရှောင်ရှားရန်အတွက် သက်ဆိုင်ရာဌာနက အဆိုပါလေပိုင်နက်အတွင်းရှိ ရဟတ်ယာဉ်များအတွက် ကျဉ်းမြောင်းသော ပျံသန်းရန်လမ်းကြောင်း သတ်မှတ်ပေးလိုက်ကြောင်း၊ သို့သော်လည်း အဆိုပါ ပျံသန်းသည့်လမ်းကြောင်းသည် ရေဂင်အမျိုးသားလေဆိပ်၏ လေယာဉ်ပြေးလမ်း သုံးခုအနက် တစ်ခုဖြစ်သည့် ပြေးလမ်း အမှတ် ၃၃ ၏ အရှေ့တောင်ဘက်ခြမ်းမှ ချဉ်းကပ်သည့် လေယာဉ် ပျံသန်းမှုလမ်းကြောင်းကို ဖြတ်သန်းသွားကြောင်း၊ ယခုအကြိမ် မတော်တဆဖြစ်ပွားသည့် ခရီးသည်တင်လေယာဉ်သည် မတိုက်မိခင် အဆိုပါပြေးလမ်းပေါ်တွင် ဆင်းသက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း “ဝါရှင်တန်ပို့စ်” သတင်းဖော်ပြချက်အရ သိရသည်။
လေယာဉ်တိုက်မိမှု ထပ်မံဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် FAA သည် ဇန်နဝါရီ ၃၁ ရက်မှစ၍ ရဟတ်ယာဉ်များ ရေဂင်အမျိုးသားလေဆိပ် အနီးတစ်ဝိုက်တွင် ပျံသန်းခြင်းကို ကန့်သတ်လိုက်ပြီး လေဆိပ်အနီးတစ်ဝိုက်ရှိ လေယာဉ်ပျံသန်းမှုလမ်းကြောင်းနှစ်ခု၏ အချို့သောနေရာများသို့ ရဟတ်ယာဉ်အများစု ဝင်ရောက်ခြင်းကိုလည်း တားမြစ်ထားလိုက်ကာ ရဲဘက်ဆိုင်ရာနှင့် ဆေးကုသရေးရဟတ်ယာဉ်များသာ ပျံသန်းခွင့်ပေးထားကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရသိရသည်။ လက်ရှိတွင် အဆိုပါ ကန့်သတ်ချက်အစီအမံများကို မည်မျှကြာကြာ လုပ်ဆောင်နိုင်မည်နည်းကို မသိရသေးပေ။
အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် အမေရိကန် Pacific Southwest လေကြောင်းလိုင်းကုမ္ပဏီ၏ လူ ၆၄ ဦးသယ်ဆောင်လာသော Bombardier ခရီးသည်တင် ဂျက်လေယာဉ် တစ်စင်းသည် ရေဂင်အမျိုးသားလေဆိပ်၌ ဆင်းသက်နေစဉ် စစ်သည် ၃ ဦး သယ်ဆောင်လာသော “Black Hawk” ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်မိခဲ့ရာ အဆိုပါ လေယာဉ်နှစ်စင်းသည် ပိုတိုမက်မြစ်ထဲပျက်ကျခဲ့သည်။ ယခုအကြိမ် မတော်တဆဖြစ်မှု၌ အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ကယ်ဆယ်ရေးဝန်ထမ်းများက သေဆုံးသူ ရုပ်အလောင်း ၄၀ ကျော်ကို ဆယ်ယူပြီးဖြစ်သည်။ ယခုအကြိမ် မတော်တဆဖြစ်မှုသည် ၁၉၈၂ ခုနှစ်မှစ၍ ဝါရှင်တန်တွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုဖြစ်သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

……………………….
(Chinese Version)
特朗普:华盛顿撞机事故中军用直升机“飞得太高”
新华社华盛顿1月31日电(记者熊茂伶)美国总统特朗普1月31日在社交媒体上说,首都华盛顿29日晚发生的客机与军用直升机相撞事故中,“黑鹰”直升机飞行高度太高,超过了限制。
特朗普说,“黑鹰”直升机飞得太高,远远超出了200英尺(约61米)的限制。
根据美国联邦航空局的规定,直升机在靠近里根国家机场附近区域时必须保持200英尺或以下的飞行高度,以减少与其他飞机发生碰撞的风险。根据提供实时航班飞行状况的网站“24小时飞行雷达”数据,相撞事故发生前,最后记录的直升机飞行高度约为400英尺。
另据《华盛顿邮报》报道,为避开里根国家机场空域内大部分飞机航线,相关部门还为在该空域的直升机设定了狭窄的飞行航道,但这条飞行航道与里根国家机场三条跑道之一的33号跑道的东南进近航线相交,而此次失事客机在相撞前正是在此路径上准备着陆。
据美国媒体报道,美国联邦航空局自1月31日起限制直升机在里根国家机场周围飞行,禁止大部分直升机进入机场附近两条航线的部分区域,只允许警方和医疗直升机飞行,以减小再次发生撞机的风险。目前尚不清楚这些限制措施将持续多久。
美国东部时间1月29日晚,美国太平洋西南航空公司一架载有64人的庞巴迪喷气式客机在里根国家机场降落过程中,与一架载有3名军人的“黑鹰”直升机相撞,两机随后坠入波托马克河。特朗普30日说,此次事故中没有幸存者。目前,救援人员已打捞起超过40名遇难者遗体。美国媒体报道说,这起事故是1982年以来华盛顿最严重的航空事故。(完)
图说:1月31日,搜救人员在美国华盛顿里根国家机场旁的波托马克河上工作。新华社记者 胡友松 摄