Connect with us

North America

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့၌ ပျက်ကျခဲ့သော လေယာဉ်ပေါ်တွင် လူ ၆ ဦးပါရှိ၊ နေအိမ်ပျက်စီးမှုနှင့် ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇန်နဝါရီ ၃၁ ရက်က ပျက်ကျခဲ့သော အသေးစားလေယာဉ်ပေါ်တွင် လူ ၆ ဦးပါရှိကြောင်း၊ လေယာဉ်သည် မြေပြင်ရှိ နေအိမ်နှင့် မော်တော်ကားများကို ထိမှန်ခဲ့ကြောင်း၊ လက်ရှိတွင် ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) က အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အသေးစားလေယာဉ်သည် မစ်ဇိုရီပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း၊ ဖီလာဒဲလ်ဖီးယားမြို့လေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက် ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပျက်ကြခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်၌ လူ ၆ ဦးပါရှိကြောင်း၊ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ကော်မတီက သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်မည်ဖြစ်ကြောင်း FAA က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် လေယာဉ်ကယ်ဆယ်ရေးနှင့် လေကြောင်းလူနာတင်ယာဉ် ကုမ္ပဏီ၏ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။ လေယာဉ်ပေါ်တွင် လေယာဉ်အမှူထမ်း ၄ ဦး၊ လူနာကလေးငယ် ၁ ဦးနှင့် လူနာစောင့် ၁ ဦး ပါရှိကြောင်း၊ လက်ရှိတွင် အသက်ရှင် ကျန်ရစ်သူ ရှိ/ မရှိ အတည်မပြုနိုင်သေးကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။
လေယာဉ်ပျက်ကျပြီးနောက် မြေပြင်တွင် မီးခိုးမည်းများတက်လာပြီး မီးလောင်ကျွမ်းခဲ့ကြောင်း မီဒီယာများ ထုတ်ပြန်ခဲ့သော ဗီဒီယိုနှင့် ဓာတ်ပုံများတွင် ပြသခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ရှိ နေအိမ်အနည်းငယ်နှင့် မော်တော်ကားများ ပျက်စီးခဲ့ရာ လက်ရှိ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေး၍ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖီလာဒဲလ်ဖီးယားမြို့တော်ဝန် Cherelle Parker က အဆိုပါညတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က “ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့မှာ လေယာဉ်ပျက်ကျတာ မြင်ရတာ အလွန်စိတ်မကောင်းဖြစ်ရတယ်။ နောက်ထပ် လူတွေပိုပြီး အသက်ဆုံးရှုံးခဲ့ရတယ်” ဟု လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
##ဖီလာဒဲလ်ဖီးယား_လေယာဉ်ပျက်ကျမှု #PlaneCrash #Philadelphia #လေကြောင်းလူနာတင်ယာဉ်
……………………………………….
(Chinese Version)
美国费城坠毁飞机载有6人 砸毁房屋伤亡情况不明
新华社华盛顿1月31日电 美国联邦航空局1月31日发表声明说,当天在宾夕法尼亚州费城坠毁的小型飞机载有6人。飞机砸中地面房屋和车辆。目前伤亡情况尚不清楚。
联邦航空局声明说,这架小型飞机计划前往密苏里州,从费城的机场起飞后,于当地时间1月31日18时30分许坠毁,机上载有6人。美国国家运输安全委员会将主导相关调查。
这架飞机为一家飞机救援及空中救护公司的医疗运输机。该公司发表声明说,机上有4名机组人员、一名患病儿童及其陪护人。目前无法确认是否有幸存者。
媒体发布的视频和图片显示,飞机坠毁后,地面升起黑烟,大火在燃烧。
费城市长帕克在当晚举行的新闻发布会上说,飞机坠毁造成地面几栋房屋和车辆被毁,目前尚不清楚伤亡情况,正在调查飞机失事原因。
美国总统特朗普在社交媒体上发文说:“很伤心看到飞机在宾州费城坠毁。更多人失去了生命。”(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.