Africa & Middle East
အပစ်ရပ်ရေး သဘောတူညီချက်ကို ဟားမက်စ်ချိုးဖောက်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး စွပ်စွဲ အပြစ်တင်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11d01.jpg)
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်မည့်အချိန် ရွှေ့ဆိုင်းမည်ဟု အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ကြေညာခဲ့သည့်အပေါ် အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က ဟားမက်စ်၏ ဤလုပ်ရပ်မှာ “အပစ်ရပ်ရေးသဘောတူညီချက်ကို လုံးဝ ချိုးဖောက်ခြင်း ဖြစ်တယ်” ဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
Katz က ဂါဇာကမ်းမြောင်တွင် ဖြစ်လာနိုင်သည့် မည်သည့်အခြေအနေကိုမဆို ကိုင်တွယ်နိုင်ရန်နှင့် အစ္စရေး နယ်စပ် ကာကွယ်ရေးကို တိုးမြှင့်ရန် ၎င်းအနေဖြင့် အစ္စရေးကာကွယ်ရေးတပ်အား အမြင့်ဆုံးအဆင့် တပ်လှန့်ထားရန် အမိန့်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသဘောတူညီချက်ပါ အကြောင်းအရာများကို အစ္စရေးအနေဖြင့် ချိုးဖောက်မှုနှင့် လေးစားလိုက်နာမှုမရှိသည့် လုပ်ရပ်များကို ဟားမက်စ်က စောင့်ကြည့်တွေ့ရှိခဲ့ရကြောင်း၊ မူလက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးမည့်အစီအစဉ်ကို နောက်ထပ် အကြောင်းကြားမည့် အချိန်အထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေး သဘောတူညီချက် ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ၎င်းတို့ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အချို့ကို ပြန်လွှတ်ပေးသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဟားမက်စ်နှင့် အစ္စရေးတို့သည် ဖမ်းဆီးထိန်းသိမ်းခံရသူများ ပဉ္စအသုတ် အပြန်အလှန်လဲလှယ်မှု ပြီးစီးခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
以色列防长指责哈马斯违反停火协议
新华社耶路撒冷2月10日电(记者陈君清 冯国芮)以色列国防部长卡茨10日就巴勒斯坦伊斯兰抵抗运动(哈马斯)宣布推迟释放下一批被扣押人员作出回应,称哈马斯此举“完全违反停火协议”。
卡茨说,他已下令以色列国防军做好最高级别警戒,以应对加沙地带可能发生的任何情况,并加强对以色列边境的保护。
哈马斯10日发表声明说,哈马斯监测到以色列一系列违反和不遵守加沙地带停火协议条款的行为,原定于15日进行的被扣押人员释放活动将被推迟,直到另行通知。
1月15日,以色列与哈马斯就加沙地带停火达成协议。协议于1月19日生效。停火第一阶段持续6周,其间双方交换各自扣押的部分对方人员。2月8日,哈马斯与以色列完成第五批被扣押人员交换。(完)
1. 这是2月8日在加沙地带中部代尔拜拉赫拍摄的被释放的第五批被扣押以色列人员移交现场(无人机照片)。新华社发(里泽克·阿卜杜勒贾瓦德摄)