China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နမီးဘီးယားနိုင်ငံ ပထမဆုံးသမ္မတ Sam Nujoma ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11j01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နမီးဘီးယားနိုင်ငံ ပထမဆုံးသမ္မတ Sam Nujoma ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား နမီးဘီးယားနိုင်ငံ သမ္မတ Nangolo Mbumba ထံသို့ ဖေဖော်ဝါရီ ၁၀ ရက်က ပေးပို့ခဲ့ရာ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား အလေးအနက် ဝမ်းနည်းမိကြောင်း၊ ယခင်သမ္မတ Sam Nujoma ၏ မိသားစုဝင်များ၊ နမီးဘီးယားနိုင်ငံအစိုးရနှင့် ပြည်သူများကို ဝမ်းနည်းနှစ်သိမ့်ကြောင်း ရေးသားဖော်ပြခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခင်သမ္မတ Sam Nujoma သည် အာဖရိကတိုက်၏ မျိုးဆက်ဟောင်း နိုင်ငံရေးပညာရှင်၊ တော်လှန်ရေးပညာရှင်ဖြစ်ပြီး နမီးဘီးယားပြည်သူများကို ဦးဆောင်ကာ အမျိုးသားလွတ်လပ်ရေးနှင့် လွတ်မြောက်ရေးကို ဖော်ဆောင်ခဲ့ကြောင်း၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကြိုးပမ်းစွာ စူးစမ်းရှာဖွေခဲ့ပြီး သမိုင်းဝင်အကျိုးဆောင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
Sam Nujoma သက်ရှိထင်ရှားရှိစဉ်က တရုတ်နိုင်ငံနှင့် ခိုင်မြဲစွာ ချစ်ကြည်ရင်းနှီးခဲ့ပြီး တရုတ်-နမီးဘီးယား အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွ မြှင့်တင်ခဲ့ကြောင်း၊ ၎င်းကွယ်လွန်မှုသည် နမီးဘီးယားပြည်သူများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်သာမက တရုတ်ပြည်သူများကလည်း မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း တစ်ဦး ဆုံးရှုံးသွားကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများက တရုတ်-နမီးဘီးယား အစဉ်အလာချစ်ကြည်ရေးကို အလွန်တန်ဖိုးထားကြောင်း၊ နှစ်ဦးနှစ်ဖက် အတူတကွကြိုးပမ်းမှုဖြင့် တရုတ်-နမီးဘီးယား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုကြီးမားသော တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်းလည်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။ (Xinhua)
……………………………
(Chinese Version)
习近平就纳米比亚开国总统努乔马逝世向纳米比亚总统姆本巴致唁电
新华社北京2月10日电
2月10日,国家主席习近平就纳米比亚开国总统努乔马逝世向纳米比亚总统姆本巴致唁电,代表中国政府和中国人民表示深切哀悼,向努乔马前总统亲属、向纳米比亚政府和人民致以诚挚慰问。
习近平指出,努乔马前总统是非洲老一辈政治家、革命家,曾带领纳米比亚人民追求并实现民族独立解放,努力探索符合本国国情的发展道路,作出了历史性贡献。他生前坚定对华友好,积极促进中纳传统友谊和中非友好合作。他的逝世是纳米比亚人民的巨大损失,中国人民也失去了一位老朋友、好朋友。中国政府和中国人民十分珍视中纳传统友谊,相信在双方共同努力下,中纳全面战略合作伙伴关系一定会得到更大发展。(完)