Connect with us

North America

Nicolás Maduro နှင့် ထရမ့်၏ အထူးသံတမန် တွေ့ဆုံဆွေးနွေး၊ ဗင်နီဇွဲလားနိုင်ငံက အမေရိကန်နိုင်ငံသား ၆ ဦး ပြန်လွှတ်ပေး

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကက်စ် မြို့လယ်ရှိ သမ္မတအိမ်တော် Miraflores နန်းတော်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဗင်နီဇွဲလား သမ္မတအိမ်တော်)

ကရာကက်စ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလား သမ္မတ Maduro က အမေရိကန် သမ္မတထရမ့်၏ အထူးသံတမန် Richard Grenell နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီ ၃၁ ရက်တွင် နှစ်ဖက်လုံးအနေဖြင့် ဆွေးနွေးရမည့် ကိစ္စရပ်အများအပြားတွင် ကနဦး ဘုံသဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ Grenell က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဗင်နီဇွဲလားဘက်က ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား ၆ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Maduro က အဆိုပါနေ့တွင် သမ္မတအိမ်တော်၌ Grenell နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက်အနေဖြင့် ရွှေ့ပြောင်းနေထိုင်သူ၊ ဗင်နီဇွဲလား စီးပွားရေးအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့် ဗင်နီဇွဲလားပြည်တွင်း ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသားများစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ Maduro က ဆွေးနွေးမှုတွင် နှစ်ဖက်ဆက်ဆံရေး၏ “စတင်ခြင်းအသစ်” ဖော်ဆောင်နိုင်ရန် “နံပါတ် သုည လုပ်ငန်းစဉ်” ဖွဲ့စည်းမည်ဟု အဆိုပြုခဲ့ပြီး ဗင်နီဇွဲလားဘက်က အမေရိကန်နှင့် သံတမန်ရေးရာ ဆွေးနွေးမှုလမ်းကြောင်းများကို အဟန့်အတားမရှိ ထိန်းသိမ်းထားမည်ဟု ဗင်နီဇွဲလား အစိုးရ၏ ကြေညာချက်အရ သိရသည်။
ဗင်နီဇွဲလားနှင့် အမေရိကန်တို့အကြားတွင် ငြိမ်းချမ်းမှု၊ လေးစားမှုနှင့် နားလည်မှု လိုအပ်ကြောင်း Maduro က အဆိုပါနေ့ ညပိုင်းတွင် ဗင်နီဇွဲလား အမြင့်ဆုံး တရားရုံးချုပ် မိန့်ခွန်းတွင် ထညိ့သွင်းပြောကြားခဲ့သည်။
ဗင်နီဇွဲလားဘက်က အမေရိကန်နိုင်ငံသား ၆ ဦး ပြန်လွှတ်ပေးခဲ့၍ “ဒီအမေရိကန်နိုင်ငံသား ၆ ဦးကို အိမ်ပြန်ခေါ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု Grenell က Maduro နှင့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ယင်းနောက် ထရမ့်ကလည်း Grenell နှင့် ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း၊ ၎င်းတို့ “ကောင်းမွန်စွာ လုပ်ဆောင်ခဲ့တယ်” ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန် သမ္မတအဖြစ် ထရမ့် ပထမအကြိမ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် ထရမ့်က ဗင်နီဇွဲလား အတိုက်အခံအဖွဲ့ဝင် Juan Guaido ကို “ယာယီသမ္မတ” ဟု ကြေညာ၍ လူသိရှင်ကြား ထောက်ခံခဲ့ရာ ယင်းအချိန်မှ ဗင်နီဇွဲလားနှင့် အမေရိကန် ဆက်ဆံရေး ယခုအထိ ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(Chinese Version)
马杜罗会见特朗普特使 6名美国人被委内瑞拉释放
新华社加拉加斯1月31日电(记者田睿)委内瑞拉总统马杜罗1月31日在会见美国总统特朗普特使理查德·格雷内尔后说,双方在诸多议题上达成初步共识。格雷内尔在会见后说,委方释放6名被捕美国人。
马杜罗当天在总统府会见格雷内尔,双方讨论了移民、美国对委经济制裁及在委境内被捕美国公民等问题。据委内瑞拉政府公报,马杜罗在会谈中提出将建立“零号议程”以实现双边关系“新的开始”,委方将对美方保持外交对话渠道畅通。
马杜罗当天晚些时候在委最高法院的发言中说,委美之间需要和平、尊重与理解。
格雷内尔与马杜罗会见后在社交媒体上发文说,委方释放6名被捕美国人,“我们已经准备好带这6名美国公民回家”。
特朗普随即在社交媒体上发文,对格雷内尔和工作人员表示感谢,称他们“做得好!”
2019年,在第一次任美国总统期间,特朗普公开支持委内瑞拉反对派成员瓜伊多自封“临时总统”后,委内瑞拉与美国断交至今。(完)
图说:这是位于委内瑞拉首都加拉加斯市中心的总统府观花宫。新华社发(委内瑞拉总统府供图)