Connect with us

China

ဥရောပ စီးပွားရေး ရပ်တန့်မှုနှင့် ကြုံတွေ့နေရ၊ တိုးတက်ရေး အလားအလာ အကောင်းမြင်ရန် ခဲယဉ်း

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ စူပါမာကက်တစ်ခုတွင် ဈေးဝယ်နေသူများအား ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ဥရောပတိုက်၏ အဓိကစီးပွားရေးအစုအဖွဲ့နှစ်ခုဖြစ်သော ပြင်သစ်နှင့် ဂျာမနီ စီးပွားရေးကျုံ့ဝင် နောက်ပြန်ဆွဲမှုကြောင့် ယမန်နှစ် စတုတ္ထသုံးလပတ်ကာလတွင် ယူရိုဇုန်စီးပွားရေး၏ တိုးတက်မှု ရပ်တန့်ခဲ့ကြောင်း ဥရောပစာရင်းအင်းရုံး (Eurostat) ၏ ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်သည့် ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ဥရောပတိုက် ဗဟိုဘဏ် (EUB) က ငွေကြေးမူဝါဒများကို ဆက်လက် ဖြေလျှော့ပေးမည် ဖြစ်ပြီး ဥရောပကော်မရှင်ကလည်း စီးပွားရေး ကျယ်ကျယ်ပြန့်ပြန့် အားပျော့နေသည့် အခြေအနေတွင် တိုးတက်ရေးအစီအစဉ်များကို အဆိုပြုခဲ့သော်လည်း ဥရောပစီးပွားရေးသည် ရေတိုအတွင်း အကောင်းဘက်သို့ ပြောင်းလဲရန် ခဲယဉ်းလှသလို တိုးတက်ရေး အလားအလာမှာ ကျဆင်းလျက်ကြောင်း သုံးသပ်သူများက ထောက်ပြထားသည်။

စီးပွားရေး စွမ်းဆောင်မှု ညီမျှခြင်းမရှိ

စွမ်းအင်နှင့် ငွေကြေးဖောင်းပွခြင်း၏ ရိုက်ခတ်မှုကို ဖြတ်သန်းခဲ့ရပြီးနောက် ယူရိုဇုန် စီးပွားရေးသည် လွန်ခဲ့သည့်နှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်တိုးတက်ခဲ့သော်လည်း နှစ်ကုန်တွင် နောက်ထပ်တစ်ဖန် ရပ်တန့်ခဲ့သည်။ ဥရောပစားသုံးသူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်း ပြန်လည်ကောင်းမွန်မှု အတိုင်းအတာတစ်ခုရှိခဲ့သော်လည်း စီးပွားရေး ပြန်လည်ဦးမော့လာရန် လုံလောက်သည့် အထောက်အပံ့မဖြစ်သေးပေ။ ကုန်ထုတ်လုပ်မှုလုပ်ငန်း ကုန်စည်လက်ဝယ်ထားရှိမှု မြင့်မားခြင်း၊ စီးပွားရေး မရေရာမှုတိုးလာခြင်းနှင့် အတိုးနှုန်းထား အတော်အတန် မြင့်မားခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝန်ပိနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ပြင်ပလိုအပ်ချက် လျော့ကျလာခြင်း၏ သက်ရောက်မှုကြောင့် ပို့ကုန်ပတ်ဝန်းကျင်သည် ခြေလှမ်းလှမ်းရန်ပင် ခဲယဉ်းလှသည်။ ယေဘုယျအားဖြင့် အခြားသော အဓိက စီးပွားရေးအစုအဖွဲ့များနှင့် နှိုင်းယှဉ်ပါက ဥရောပစီးပွားရေး၏ အားပျော့မှုကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။

ယမန်နှစ် စတုတ္ထသုံးလပတ်ကာလတွင် ပြင်သစ်နှင့် ဂျာမနီ၏ စီးပွားရေးတိုးတက်မှု အားလုံးသည် အနုတ်လက္ခဏာဖြစ်ခဲ့ရာ ယူရိုဇုန် စီးပွားရေးအစုအဖွဲ့ကြီး နှစ်ခု၏ အလားအလာမှာ မှေးမှိန်နေဆဲဖြစ်သည်ကို ပြသခဲ့သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် စပိန်နှင့် ပေါ်တူဂီက တိုးတက်မှု အားကောင်းသည့်အရှိန်အဟုန်ကို ထိန်းထားဆဲဖြစ်ပြီး လက်ရှိ တောင်ဥရောပသည် ဥရောပစီးပွားရေးလှုပ်ရှားမှု၏ တောက်ပမှုနေရာတစ်ခု ဖြစ်နေဆဲပင်။ ဥရောပသမဂ္ဂ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ၏ ကူညီပံ့ပိုးမှု အကျိုးကျေးဇူးဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ တိုးတက်မှု ဆွဲတင်မှုအောက်တွင် ဥရောပကြွေးမြီအကျပ်အတည်း၏ဒုက္ခကို အပြည့်အဝခံစားပြီး ထိခိုက်ပျက်စီးခဲ့သည့် တောင်ဥရောပနိုင်ငံအချို့၏ လွန်ခဲ့သည့် လေးနှစ်တာအတွင်း စီးပွားရေးတိုးတက်မှုသည် ယူရိုဇုန်၏ ပျမ်းမျှအဆင့်ကို အရှိန်မြင့်ကျော်လွန်ခဲ့ရာ ဤအရှိန်အဟုန်သည် ၂၀၂၅ ခုနှစ်တွင် ရှေ့ဆက်ရှိမည်ဟု ခန့်မှန်းရပေသည်။

ဥရောပ အလယ်ပိုင်းဒေသတွင် ဟန်ဂေရီ၏ ၂၀၂၄ ခုနှစ် စီးပွားရေးသည် ၀.၆ ရာခိုင်နှုန်း အနည်းငယ်တိုးတက်ခဲ့ရာ ခန့်မှန်းထားသည်ထက် ကောင်းမွန်ခဲ့သည်။ ဟန်ဂေရီနိုင်ငံအစိုးရက ၂၀၂၅ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ၎င်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၃ ရာခိုင်နှုန်းထက် ကျော်လွန်မည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းတွင်ပင် ပုဂ္ဂလိက စားသုံးမှု တိုးတက်အားကောင်းလာခြင်း၏ အကျိုးကျေးဇူးကြောင့် ပိုလန်၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုမှာ ၂.၉ ရာခိုင်နှုန်း ရှိပြီး သိသာထင်ရှားစွာ စီးပွားရေးတန်ပြန်တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်တင်ခြင်း၏ တွန်းအားပေးမှုအောက်တွင် ၂၀၂၅ ခုနှစ် ပိုလန် စီးပွားရေး တိုးတက်မှုမှာ ၃.၄ ရာခိုင်နှုန်းရှိမည်ဟု ပိုလန်စီးပွားရေးသုတေသနဌာန ပညာရှင်များက ခန့်မှန်းကြသည်။

Capital Economics ၏ ယူရိုဇုန် ထိပ်တန်း စီးပွားရေးပညာရှင် Jack Allen-Reynolds က ယူရိုဇုန်စီးပွားရေး တိုးတက်မှု ရပ်တန့်နေခြင်းက “ဥရောပစီးပွားရေး အလားအလာဟာ လူအများစု တွေးထားတာထက် အခြေအနေပိုပြီး ဆိုးရွားနေတယ်” ကို သက်သေပြနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ ရိုက်ခတ်မှုက ပေ့ါဆ၍ မရ
အမေရိကန် ပြည်တွင်းနိုင်ငံရေး ပြောင်းလဲမှုက ဥရောပစီးပွားရေးရပ်ဝန်းကို အနုတ်လက္ခဏာ ရိုက်ခတ်မှု ဖြစ်လာနိုင်ပြီး ဥရောပစီးပွားရေး အလားအလာက အမေရိကန် ကုန်သွယ်ရေးမူဝါဒ၏ ချုပ်ကိုင်မှုကို အတိုင်းအတာ အတော်များများ ခံရမည်ကို လေ့လာသူများက စိုးရိမ်ကြသည်။

အမေရိကန်သို့ တင်ပို့သည့် ဥရောပသမဂ္ဂ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန် သမ္မတ ထရမ့်က ထိုမတိုင်မီ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ အမေရိကန်တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက “ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးသာမက ထရီယံနဲ့ချီ” သည့် စည်းကြပ်ခွန်များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မကြာသေးမီရက်များတွင် ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ဥရောပကုန်ပစ္စည်း တင်သွင်းရေးအတွက် အဓိကအကျဆုံး ဈေးကွက်ဖြစ်သည်။ အကယ်၍ ထရမ့်အနေဖြင့် ဥရောပအပေါ် စည်းကြပ်ခွန် ထပ်တိုးမည့် ခြိမ်းခြောက်မှုကို လက်တွေ့ဖော်ဆောင်လိုက်မည် ဆိုလျှင် ဥရောပ စက်မှုလုပ်ငန်းများ အကြီးအကျယ် အထိနာမည် ဖြစ်သည်။ ထို့အပြင် အမေရိကန်-ဥရောပက သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်နှင့်စပ်လျဉ်း၍ ရေရှည်အားပြိုင်မှုကလည်း နောက်တစ်ဆင့် ကုန်သွယ်စီးပွား အားပြိုင်မှုအတွက် “အရိပ်အမြွက်” ဖြစ်လာစေသည်။ ယင်းမှာ ဥရောပနိုင်ငံအသီးသီး အစိုးရများအတွက်ဆိုလျှင် တစ်ပူပေါ်၊ နှစ်ပူဆင့် ဖြစ်စေမည်မှာ သံသယဖြစ်ရန်မလိုလှပေ။ လက်ရှိ ယူရိုဇုန်အဖွဲ့ဝင်များက ပြည်တွင်းတွင် ခုန်တက်နေသည့် ဘဏ္ဍာရေးလိုငွေကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိရာ ဖြစ်ပေါ်လာနိုင်သည့် ပိုမိုကြီးမားသော ဘဏ္ဍာရေးဖိအားများ ထပ်ဆင့်တိုးလာမှုများက ပို၍ ဆိုးရွားသည့် နိုင်ငံရေးနှင့် လူမှုရေး ကယောက်ကယက်များ ဖြစ်ပွားလာနိုင်သည်။

“ဥရောပစီးပွားရေးမှာ ရပ်တန့်မှုနှင့်ကြုံတွေ့နေရပြီ” ဖြစ်ကြောင်း၊ ထို့အပြင် “ကာလတိုအတွင်း ဆက်လက် အားနည်းအားပျော့နေမည်” ဖြစ်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ Christine Lagarde က မကြာသေးမီရက်များတွင် ပြောကြားခဲ့သည်။ ဥရောပ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကျုံ့ဝင်လျက်ရှိရာ တစ်ချိန်တည်းတွင် “စားသုံးသူ ယုံကြည်ချက် လျော့နည်းနေဆဲ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဥရောပအပေါ် အမေရိကန်၏စည်းကြပ်ခွန်ထပ်တိုးနိုင်ခြင်းအပေါ် Christine Lagarde က အလားတူပင် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

သုံးသပ်သူများက ဥရောပသွင်းကုန်များအပေါ် အမေရိကန် စည်းကြပ်ခွန်ထပ်တိုးလိုက်သည်နှင့် စီးပွားရေးတိုးတက်ရန်အတွက် ဥရောပဗဟိုဘဏ်က မဖြစ်မနေ အတိုးနှုန်းထပ်ဆင့် လျှော့ချရနိုင်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ယူရိုငွေသည် ထပ်မံအားနည်းလာနိုင်ကြောင်း ထောက်ပြကြသည်။

တိုးတက်ရေး အလားအလာ စိုးရိမ်ဖွယ်ရာ ရှိနေဆဲ

အမေရိကန် စည်းကြပ်ခွန် ခြိမ်းခြောက်မှုနှင့် ဥရောပ နိုင်ငံရေး လှုပ်ခတ်မှုဒဏ် ခံနေရခြင်းကြောင့် ကျဉ်းထဲကျပ်ထဲ ကျရောက်နေသည့် ယူရိုဇုန် စီးပွားရေးတိုးတက်မှုကို နှိုးဆွရန်အတွက် ဥရောပဗဟိုဘဏ်က ဇန်နဝါရီ ၃၀ ရက်တွင် အခြေခံပွိုင့် (BP) ၂၅ ခု လျှော့ချခဲ့သည်။ အတိုးနှုန်းထားများ အမြန်ဆုံး “အလယ်အလတ်အဆင့်” ကို လျှော့ချရန်၊ ဆိုလိုသည်မှာ အတိုးနှုန်းက စီးပွားရေးတိုးတက်မှုကို မတားဆီးရန် မျှော်လင့်ကြောင်း ဥရောပဗဟိုဘဏ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ING Group မက်ခရို သုတေသီအကြီးအကဲ Carsten Brzeski က ယူရိုဇုန်စီးပွားရေးသည် လက်ရှိတွင် အနည်းငယ် “ရပ်တန့်၊ ဖောင်းပွ” နေကြောင်း၊ ဆိုလိုသည်မှာ စီးပွားရေး အားယုတ်နေသည့် တစ်ချိန်တည်းတွင် ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်း အထက်တွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူရိုဇုန် အခြေခံပွိုင့် (BP) ၇၅ ခု ထပ်မံလျှော့ချရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှု နှစ်ခုလုံးက မျှော်မှန်းထားသည်ကို ရောက်နိုင်မည် မဟုတ်ကြောင်း Carsten Brzeski က ခန့်မှန်းတွက်ချက်ထားသည်။

ယူရိုဇုန်စီးပွားရေးတိုးတက်မှုမှာ ၂၀၂၅ ခုနှစ်တွင် ၁.၁ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းသာ ဖြစ်မည်ဟု ဥရောပ ဗဟိုဘဏ်က ကြိုတင်ခန့်မှန်းထားသည်။ ဥရောပစာရင်းအင်းရုံး (Eurostat) ၏ ကနဦး ကြိုတင်ခန့်မှန်းချက်တွင် ယူရိုဇုန် ကုန်ထုတ်လုပ်ငန်းသည် ကျုံ့ဝင်သည့် အနေအထား၌ ရှိနေဆဲဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း လှုပ်ရှားမှုများမှာ တိုးချဲ့လျက်ရှိသည်။ စားသုံးသူ ယုံကြည်ချက်မှာ လျော့နည်းနေဆဲဖြစ်ပြီး မိသားစုများက လက်တွေ့ဝင်ငွေတိုးပွားလာမှုကြောင့် အသုံးစရိတ် သိသာထင်ရှားစွာ တိုးလာခြင်း မရှိသေးပေ။

တစ်ချိန်တည်းတွင်ပင် ဥရောပကောင်စီက ဇန်နဝါရီ ၂၉ ရက်တွင် 《ယှဉ်ပြိုင်နိုင်စွမ်း လမ်းညွှန်》ထုတ်ပြန်ခဲ့သည်။ ဥရောပကောင်စီ ဥက္ကဋ္ဌ Ursula von der Leyen က ဥရောပ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ခြင်းကို ၎င်း ဒုတိယ တာဝန်သက်တမ်းကာလ၏ အဓိက ရည်မှန်းချက်အဖြစ် ရှုမြင်စေလိုသည်။ သို့ရာတွင် ဥရောပကောင်စီသစ် စီမံအုပ်ချုပ်သည့် ဆန်းသစ်ဖန်တီးမှုကွာဟချက် လျှော့ချခြင်း၊ ကာဗွန်ကင်းစင်ရေး တွန်းအားပေးခြင်း၊ လုံခြုံရေး မြှင့်တင်ခြင်း ဟူသော မဏ္ဍိုင် သုံးရပ်စလုံးသည် ငွေကြေးပံ့ပိုးမှု များစွာ လိုအပ်သော်လည်း ငွေကြေးမည်သည့်နေရာမှ လာသင့်သနည်း ဟူသည့် အငြင်းပွားမှုက အစဉ်မပြောင်းမလဲ တစ်သမတ်တည်းရှိနေရာ တင်းမာမှုအနေအထားကို ရုန်းထွက်ရန် ခဲယဉ်းဆဲ ဖြစ်ပေသည်။

ရေတိုကြည့်မည်ဆိုလျှင် ဥရောပစီးပွားရေးသည် ကျဆင်းနေဆဲဖြစ်ရာ ဤဆောင်းရာသီတွင် အကျပ်အတည်းမှ ထွက်လာနိုင်မည်မဟုတ်ဟု ခန့်မှန်းရကြောင်း ING Group ၏ ထိပ်တန်း စီးပွားရေးပညာရှင် Bert Colijn က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်ကာလ စီးပွားရေး တိုးတက်မှုက သုည ဖြစ်နေမည် ဖြစ်ကြောင်း ကနဦးလက္ခဏာများက ဖော်ပြထားသည်။ ယခုနှစ်အတွင်း ပြည်တွင်းလိုအပ်ချက်က စီးပွားရေးတိုးတက်မှု အချို့ကို တွန်းအားပေးနိုင်ပေသည်။

ထို့အပြင် ဥရောပသမဂ္ဂအနေဖြင့် လက်ရှိတွင် စီးပွားရေးတိုးတက်မှု မောင်းနှင်အားသစ်ကို ရှာဖွေရန် ခက်ခဲလျက် ဖြစ်နေရာ “ဆန်းသစ်ဖန်တီးမှု သဲကန္တာရ” အဖြစ် ကျဆင်းလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ထိပ်တန်း သိပ္ပံနည်းပညာကုမ္ပဏီပေါင်း ၅၀ တွင် ၄ ခုသာ ဥရောပမှ ဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Mario Draghi က ဥရောပ ယှဉ်ပြိုင်နိုင်စွမ်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဘာလင်မြို့ Friedrichstraße ဘူတာရုံသို့ ရထားတစ်စင်း ဝင်ရောက်လာသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ ဥရောပဗဟိုဘဏ်ရုံးချုပ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
国际观察|欧洲经济陷入停滞 增长前景难言乐观
新华社布鲁塞尔1月31日电 题:欧洲经济陷入停滞 增长前景难言乐观   新华社记者康逸 丁英华 马悦然
欧盟统计局1月30日公布的初步数据显示,受法国和德国这两大欧洲主要经济体经济收缩拖累,去年第四季度欧元区经济增长停滞。分析人士指出,虽然欧洲央行将继续放松货币政策,欧盟委员会也在经济普遍疲软的情况下提出增长计划,但欧洲经济很难在短期内好转,增长前景仍然低迷。
经济表现冷热不均
在经历了能源和通胀冲击之后,欧元区经济去年年初恢复增长,但年底再次停滞。   尽管欧洲消费者购买力有所恢复,但仍不足以支撑经济复苏。由于制造业库存高企、经济不确定性增加以及利率水平较高,投资仍承受压力。同时,受外部需求疲软影响,出口环境举步维艰。总体来看,相较其他主要经济体,欧洲经济疲软随处可见。
去年第四季度,法国和德国经济增长均为负,显示欧元区两大经济体前景依然黯淡。   相比之下,西班牙和葡萄牙仍保持强劲增长,目前南欧仍是欧洲经济活动的亮点。得益于欧盟恢复基金的资助,在服务业发展带动下,曾经饱受欧债危机摧残的部分南欧国家过去四年经济增速超过欧元区平均水平,预计这种趋势将在2025年得以继续。
欧洲中部地区,匈牙利2024年经济小幅增长0.6%,好于预期。匈牙利政府预计,2025年下半年该国经济增长将超过3%。同时,得益于私人消费的强劲增长,波兰2024年经济增长2.9%,实现显著反弹。波兰经济研究所专家预计,在基础设施投资加快的推动下,2025年波兰经济增长将达到3.4%。
凯投宏观首席欧元区经济学家杰克·艾伦-雷诺兹表示,欧元区经济增长停滞证明,“欧洲经济前景比大多数人想象的要更糟糕”。
美国冲击不容小觑
观察人士担心,美国国内政治变化可能给欧洲经济带来负面冲击,让欧洲经济前景相当程度上受美国贸易政策左右。
美国总统特朗普此前多次威胁对欧盟出口美国的商品加征关税。他近日称,如果不在美国生产产品,就将面临“数千亿美元甚至数万亿美元”关税。
美国是欧洲商品最重要的出口市场。如果特朗普兑现对欧洲加征关税的威胁,欧洲工业将遭受重创。此外,美欧就钢铝关税的长期较量也为下一阶段经贸博弈“埋下伏笔”。   对于欧洲各国政府来说这无疑雪上加霜。当前,欧元区成员正努力控制国内飙升的财政赤字,再加上可能出现的更大的财政压力,或将引发更严重的政治和社会动荡。
欧洲央行行长拉加德日前表示,欧洲经济已“陷入停滞”,并且“短期内仍将保持疲弱”。她指出,欧洲制造业正在萎缩,同时“消费者信心依然脆弱”。对于美国可能对欧加征关税,拉加德同样表达了忧虑。
分析人士指出,一旦美国对欧洲进口商品加征关税,可能会迫使欧洲央行进一步降息以支撑经济增长,而在这个过程中,欧元将被进一步削弱。
增长前景依然堪忧
受美国关税威胁和欧洲政治动荡影响,欧洲央行30日降息25个基点,以刺激陷入困境的欧元区经济增长。欧洲央行官员表示,希望尽快将利率降至“中性水平”,即利率不再抑制经济增长。
荷兰国际集团宏观研究主管卡斯滕·布热斯基表示,欧元区经济当前轻度“滞胀”,即经济增长疲软的同时,通胀仍高于2%。布热斯基估算,欧元区利率需要进一步下降75个基点,否则通胀和经济增长都可能不及预期。
欧洲央行预计,2025年欧元区经济增长仅为1.1%,2026年增长1.4%。在欧盟统计局的初步预测中,欧元区制造业仍处于收缩状态,而服务业活动正在扩张。消费者信心依然脆弱,家庭尚未因实际收入的增长而显著增加支出。
与此同时,欧盟委员会(欧委会)于1月29日发布了《竞争力指南》。欧委会主席冯德莱恩希望将提升欧洲竞争力视为其第二个任期的核心目标。然而,新一届欧委会施政的“三大支柱”——缩小创新差距、推动脱碳、提高安全性,均需要大量资金支持,但关于资金应从哪里来的争论却始终如一,依旧难以摆脱僵局。
荷兰国际集团首席经济学家贝尔特·科莱恩表示,从短期来看,欧洲经济仍处于低迷状态,预计在这个冬季不会走出困境。初步迹象表明,2025年第一季度经济增长仍将为零。今年年内,国内需求可能会推动一些经济增长。
此外,欧盟当前也难觅新的经济增长引擎,正逐渐沦为“创新荒漠”。欧洲央行前行长德拉吉在欧洲竞争力报告中指出,全球50家顶尖科技公司中,仅有4家来自欧洲。(完)
1. 2024年5月24日,顾客在德国柏林一家超市购物。新华社记者任鹏飞摄
2. 2024年1月15日,一列火车驶入德国柏林弗里德里希大街火车站。新华社记者任鹏飞摄
3. 这是2025年1月30日在德国法兰克福拍摄的欧洲中央银行总部。新华社记者张帆摄