Europe
ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ ယူကရိန်းအခြေအနေ စသည့် အရေးကိစ္စများအား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
![](https://xinhuamyanmar.com/wp-content/uploads/2025/02/13g01.jpg)
မော်စကို/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ရုရှား သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့် တို့သည် ယူကရိန်းအခြေအနေ စသည့် အရေးကိစ္စများအား ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
နှစ်ဖက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုသည် အချိန် ၁ နာရီခွဲ နီးပါးကြာကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်း၏ အရင်းအမြစ်ကို ရှင်းလင်းဖယ်ရှားရန်လိုအပ်သည်ဟု ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတွင် ပူတင်က ထရမ့်အား ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပူတင်က တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ယူကရိန်းအကျပ်အတည်း ရေရှည် ဖြေရှင်းနိုင်သော ထရမ့်၏ သက်ဆိုင်ရာအမြင်ကို သဘောတူထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ လျင်မြန်စွာ အဆုံးသတ်သင့်ပြီး ပူတင်နှင့် “ရလဒ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုများ” ပြုလုပ်ခဲ့သည်ဟု ထရမ့်က ဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
ရုရှား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်မှုတွင် နှစ်ဦးတွေ့ဆုံဆွေးနွေးရေး စီစဉ်ရန် သဘောတူညီခဲ့ကြောင်း၊ ပူတင်က ထရမ့်အား မော်စကိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထို့အပြင် ရုရှား-အမေရိကန် ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းအခြေအနေ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သေးကြောင်း Dmitry Peskov က ပြောကြားခဲ့ပေသေးသည်။
ထရမ့်က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းအနေဖြင့် ပူတင်နှင့် မကြာသေးမီက ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်သွားရန် နှစ်ဖက်သဘောတူညီကြောင်းနှင့် အဖွဲ့များ ကိုယ်စီစေလွှတ်၍ “ဆွေးနွေးမှုများ ချက်ချင်း စတင်မည်” ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ စီအိုင်အေ ညွှန်ကြားရေးမှူး John Ratcliffe ၊ သမ္မတ၏ အမျိုးသားလုံခြုံရေး အကြံပေး Waltz နှင့် အရှေ့ အလယ်ပိုင်းရေးရာ အမေရိကန် အထူးသံတမန် Witkoff တို့ ဦးဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထရမ့်က ၎င်းအနေဖြင့် ပူတင်နှင့် ဆက်သွယ်ဆွေးနွေးသည့် အကြောင်းအရာကို ယူကရိန်း သမ္မတ ဇယ်လန်းစကီးကို ချက်ချင်းအကြောင်းကြားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်မှု ရရှိမည်ဟု “ပြင်းပြင်းထန်ထန် ခံစား” ရကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း၊ စွမ်းအင်၊ ဉာဏ်ရည်တု စသည့် အကြောင်းအရာများကိုလည်း ပူတင်နှင့် ဆွေးနွေးခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
俄美总统通电话讨论乌克兰局势等问题
新华社莫斯科/华盛顿2月12日电(记者赵冰 邓仙来)俄罗斯总统普京和美国总统特朗普12日通电话,讨论乌克兰局势等问题。
俄罗斯总统新闻秘书佩斯科夫12日晚说,双方的通话持续近一个半小时。普京在通话中对特朗普表示,需要消除乌克兰危机的根源。普京同时赞同特朗普有关可以通过谈判实现乌克兰危机长期解决的观点。特朗普在通话中表示应迅速结束俄乌冲突,并称与普京进行了“富有成效的谈话”。 佩斯科夫还说,俄美两国元首在通话中同意组织两人的会晤,普京邀请特朗普访问莫斯科。此外,双方还讨论了俄美关系、中东局势等议题。
特朗普当天在社交媒体上发文说,他刚刚与普京通了电话,双方同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。美方团队将由国务卿鲁比奥、中央情报局局长拉特克利夫、总统国家安全事务助理华尔兹和美国中东问题特使威特科夫牵头。特朗普还表示,他将立即向乌克兰总统泽连斯基通报与普京通话内容,并“强烈感到”相关谈判将取得成功。
特朗普说,他与普京还讨论了中东、能源、人工智能等议题。(完)
1. 这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联