Connect with us

North America

ပြည်ပအခြေစိုက် သံရုံးဝန်ထမ်းများ လျှော့ချရေးအစီအစဉ်ကို ထရမ့်အစိုးရစတင်ဟု အမေရိကန်မီဒီယာများဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်နိုင်ငံ သမ္မတ ထရမ့် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ကမ္ဘာလုံး ဒေသအသီးသီးရှိ အမေရိကန်သံရုံးများ ဝန်ထမ်းလျှော့ချရေးအစီအစဉ် ရေးဆွဲရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ (ABC) သတင်းဌာနက ယင်းနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်သံရုံးများအနေဖြင့် ဝန်ထမ်းအားလုံး၏ အမည်စာရင်းနှင့် ခန့်အပ်ထားမှု အခြေအနေအား တင်ပြရန် တောင်းဆိုခဲ့ပြီး သံရုံးများကလည်း တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသားဝန်ထမ်းနှင့် ဒေသတွင်းခန့်အပ်ထားသော ဝန်ထမ်းများအား လျှော့ချသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အိမ်ဖြူတော် ဝက်ဘ်ဆိုက်သတင်းအရ အမေရိကန်နိုင်ငံ သမ္မတထရမ့်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သမ္မတ၏ နိုင်ငံခြားရေးမူဝါဒကို သစ္စာရှိစွာဖော်ဆောင်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက အလုပ်ဖြုတ်ခံရခြင်း စသည့် ပြစ်ဒဏ်ပေးမှုခံရမည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။ အဆိုပါအမိန့်တွင် နိုင်ငံခြားရေးဝန်ထမ်းများက သမ္မတ၏မူဝါဒ အကောင်အထည်ဖော်ဆောင်ခြင်းကို အာမခံနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ထမ်းများ ခန့်အပ်ခြင်း၊ အကဲဖြတ်ခြင်း၊ လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။
အဆိုပါလုပ်ရပ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးစားပြင်ဆင်ဖွဲ့စည်းမှုအတွက် လမ်းခင်းခြင်းဖြစ်ပြီး အခွင့်အာဏာကို သမ္မတမှ တိုက်ရိုက်ခန့်အပ်သည့် အရာရှိထံတွင် စုစည်းလိုက်ခြင်းပင်ဖြစ်သည်ဟု ABC က သတင်းဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ်ပတ်အတွင်း အမေရိကန်ပြည်တွင်းနှင့် ပြည်ပအခြေစိုက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ဝန်ထမ်းအများစုသည် ခွင့်ယူရန် စီစဉ်ခံထားရခြင်းကြောင့် သံရုံးတာဝန်ခံများက ၎င်းတို့တွင် လည်ပတ်နေဆဲစီမံကိန်းများအား စီမံရန် လူလိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အလွှာထံ ကန့်ကွက်တင်ပြခဲ့ကြသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

————————————————————————————–
(Chinese Version)
美媒:特朗普政府启动驻外使馆裁员计划
新华社华盛顿2月12日电(记者颜亮)据美国广播公司12日报道,美国务院当天要求全球各地的美国大使馆规划裁员方案。
报道说,国务院要求驻外使馆提供所有员工的名单及雇佣情况,各使馆将同时裁减美籍员工及本地聘用员工。
此外,据白宫网站消息,美国总统特朗普12日签署行政令,要求国务院员工必须忠实执行总统的外交政策,否则将受到解职等处分。行政令还要求国务卿对外交人员的招聘、考核、培训等工作进行改革,确保外交人员执行总统政策。
美国广播公司报道说,此举可能为国务院大规模重组铺平道路,并将权力集中于由总统直接任命的官员。
据报道,过去两周内,绝大多数派驻美驻外使馆的美国际开发署员工已被安排行政休假,导致使馆负责人向国务院高层提出抗议,称他们缺乏足够人力来管理仍在运行的项目。(完)
图说:1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄