Connect with us

Europe

ယူကရိန်း-အမေရိကန် နှစ်နိုင်ငံ သမ္မတများ ယူကရိန်းတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်နိုင်ခြေအား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် သတင်းထောက်များ၏ မေးမြန်းမှုအား လက်ခံဖြေကြားနေသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ၎င်းနှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်နိုင်ခြေအား နှစ်ဖက် အလေးထား ဆွေးနွေးခဲ့ကြကြောင်း ယင်းနေ့ ညပိုင်း လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

နှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်နိုင်ခြေကို အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ ယူကရိန်း နည်းပညာစွမ်းရည် စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သေးကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ဖုန်းဖြင့် ဆက်သွယ်မှုတွင် ထရမ့်က ၎င်းနှင့် ရုရှားသမ္မတ ပူတင် ဆွေးနွေးခဲ့သော အသေးစိတ်အကြောင်းအရာများကို မျှဝေခဲ့ကြောင်း၊ ယူကရိန်း-အမေရိကန် နှစ်ဖက်လုံးက ဆက်သွယ်မှုများ တစ်ဆင့်ထားရှိပြီး နောက်ထပ် တွေ့ဆုံမှုအတွက် အစီအစဉ်ရေးဆွဲရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ဖော်ပြထားသည်။

ထို့အပြင် ဇယ်လန်းစကီးက ယူကရိန်းသို့ ရောက်ရှိလာသော အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် တွေ့ဆုံဆွေးနွေးသည့် အခြေအနေနှင့် ယူကရိန်းဘက်က လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည့် ယူကရိန်း-အမေရိကန် လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် အခြေအနေများအား ထရမ့်ထံသို့ မိတ်ဆက်ပြောကြားခဲ့သည်ဟု ဆိုသည်။

ထရမ့်က လူမှုကွန်ရက်စာမျက်နှာ၌ စာရေးသားဖော်ပြရာတွင် ၎င်းနှင့် ဇယ်လန်းစကီး၏ ဆွေးနွေးဖလှယ်မှုမှာ “အလွန် အဆင်ပြေချောမွေ့” ကြောင်း၊ ဇယ်လန်းစကီးက ပူတင်ကဲ့သို့ပင် “ငြိမ်းချမ်းရေးကို ဖော်ဆောင်လို” ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့ အစောပိုင်းတွင် ထရမ့်က လူမှုကွန်ရက်စာမျက်နှာ၌ စာရေးသားဖော်ပြရာတွင် ၎င်းအနေဖြင့် ပူတင်နှင့် မကြာသေးမီက ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် “နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်သွားရန် နှစ်ဖက်သဘောတူညီကြောင်းနှင့် အဖွဲ့များ ကိုယ်စီစေလွှတ်၍ “ဆွေးနွေးမှုများ ချက်ချင်း စတင်မည်” ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့အပြင် ထရမ့်က ၎င်းအနေဖြင့် ပူတင်နှင့် ဆက်သွယ်ဆွေးနွေးသည့် အကြောင်းအရာကို ယူကရိန်း သမ္မတ ဇယ်လန်းစကီးကို ချက်ချင်းအကြောင်းကြားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်မှု ရရှိမည်ဟု “ပြင်းပြင်းထန်ထန် ခံစား” ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
乌美两国总统通话讨论在乌克兰实现和平的可能性
新华社基辅2月12日电(记者李东旭)乌克兰总统泽连斯基12日晚在社交媒体上发文说,他当天与美国总统特朗普进行了通话,双方重点讨论了在乌克兰实现和平的可能性。
泽连斯基说,双方就实现和平的可能性进行了长时间讨论,此外还讨论了双边合作、乌技术能力等议题。特朗普在通话中分享了他与俄罗斯总统普京通话的细节。乌美双方同意保持进一步联系并为接下来的会晤制订计划。
泽连斯基还说,他向特朗普介绍了与到访的美国财政部长斯科特·贝特森会晤的情况,以及乌方准备签署新的有关乌美安全和经济合作伙伴关系协议的情况。
特朗普在社交媒体上发文说,他与泽连斯基的交谈“进行得非常顺利”。泽连斯基与普京一样“希望实现和平”。
当天稍早前,特朗普在社交媒体上发文说,他刚刚与普京通了电话,双方同意就结束俄乌冲突进行“紧密合作”,并派遣各自团队“立即开始谈判”。他将立即向泽连斯基通报与普京通话内容,并“强烈感到”相关谈判将取得成功。(完)
1. 2023年10月11日,乌克兰总统泽连斯基在比利时布鲁塞尔出席北约防长会时接受记者采访。新华社记者赵丁喆摄