North America
အမေရိကန်အနေဖြင့် အိန္ဒိယသို့ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ရောင်းချမည်ဟု ထရမ့် ဆို
![](https://xinhuamyanmar.com/wp-content/uploads/2025/02/14k01.jpg)
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ယခုနှစ်မှစ၍ အမေရိကန်မှ အိန္ဒိယသို့ စစ်လက်နက်ရောင်းချမှုကို များစွာ တိုးမြှင့်သွားမည် ဖြစ်ပြီး အိန္ဒိယကို F-35 ကိုယ်ပျောက် တိုက်လေယာဉ် ရောင်းချမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် အမေရိကန်သို့ ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ယင်းနေ့က အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခုနှစ်မှစ၍ အမေရိကန်မှ အိန္ဒိယသို့ စစ်လက်နက်ရောင်းချမှုပမာဏကို ကန်ဒေါ်လာ ဘီလီယံနှင့်ချီ တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ “ကျွန်တော်တို့အနေနဲ့ နောက်ဆုံးမှာ အိန္ဒိယကို F-35 ကိုယ်ပျောက် တိုက်လေယာဉ် ရောင်းချဖို့ လမ်းခင်းသွားမှာ ဖြစ်တယ်” ဟု ထရမ့်က တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)
…………………………..
(Chinese Version)
特朗普:美国将向印度出售F-35隐形战斗机
新华社华盛顿2月13日电(记者邓仙来)美国总统特朗普13日表示,今年起美国将大幅增加对印度军售,并将向印度出售F-35隐形战斗机。
特朗普当天在白宫与到访的印度总理莫迪举行会谈。他在会谈后举行的联合记者会上说,今年起,美国对印度军售数额将增加数十亿美元,“我们还将为最终向印度出售F-35隐形战斗机铺平道路”。
1. 2月13日,美国总统特朗普(右)与到访的印度总理莫迪在华盛顿白宫出席联合记者会。