Europe
နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအား ထရမ့်အစိုးရ ချိုးဖောက်သည်ဟု ဂျာမနီသမ္မတ ပြစ်တင်စွပ်စွဲ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15j01.jpg)
မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအား အမေရိကန် သမ္မတ ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရ ချိုးဖောက်သည်ဟု ဂျာမနီ သမ္မတ Frank-Walter Steinmeier က မြူးနစ်လုံခြုံရေးညီလာခံ (MSC) တွင် ပြစ်တင် စွပ်စွဲလိုက်သည်။
အမေရိကန် အစိုးရသစ်၏ ကမ္ဘာ့အမြင်တွင် တည်ဆဲ စည်းမျဉ်းစည်းကမ်းများ၊ မိတ်ဖက်ဆက်ဆံရေးနှင့် ယုံကြည်မှုကို လုံးဝ ထည့်သွင်း စဉ်းစားခြင်း မရှိဟု Frank-Walter Steinmeier က မြူးနစ်လုံခြုံရေးညီလာခံ ဖွင့်ပွဲအခမ်းအနား အမှာစကားတွင် ပြောကြားခဲ့သည်။ “တရားမရှိ၊ ဓားမရှိ ရမ်းကားခြင်းက ကမ္ဘာ့စည်းစနစ်သစ်၏ လမ်းညွှန်အခြေခံမူ လုံးဝ မဖြစ်နိုင်ဘူး” ဟု ၎င်းက သတိပေး ပြောကြားခဲ့သည်။
ထို့နေ့တွင် မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်သော အမေရိကန် ဒုတိယ သမ္မတ JD Vance က မြူးနစ်၌ ဖြစ်ပွားခဲ့သော လူအုပ်ကြီးအား မော်တော်ယာဉ်တိုက်မှုကို ပြောကြားရာတွင် ဥရောပအရာရှိများအနေဖြင့် ဥရောပတိုက်ကြီး၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို တားဆီးသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဆိုအပေါ် ဂျာမနီဖက်ဒရယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Hebestreit က အပြင်လူက “ချစ်ကြည်ရင်းနှီးသည့်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို စွက်ဖက်ရန်” မသင့်တော်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၃ ရက်ကြာ ကျင်းပသည့် ၆၁ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမှုအား အဓိကထား၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၊ ရာသီဥတုလုံခြုံရေး၊ နိုင်ငံတကာစည်းစနစ်လက်ရှိအခြေအနေနှင့် ဒေသတွင်း ပဋိပက္ခနှင့်အကျပ်အတည်း စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
德国总统指责特朗普政府违反国际规则
新华社德国慕尼黑2月14日电(记者邰思聪 李超)德国总统施泰因迈尔14日在慕尼黑安全会议(慕安会)上指责美国总统特朗普领导的美国新政府违反国际规则。
施泰因迈尔在慕安会开幕致辞中表示,美国新政府的世界观根本不考虑既定的规则、伙伴关系和信任。他警告说,“无法无天绝不能成为世界新秩序的指导原则”。
同一天,出席慕安会的美国副总统万斯在谈及慕尼黑发生的车辆冲撞人群事件时说,欧洲官员应制止欧洲大陆的非法移民。针对这一言论,德国联邦政府发言人黑贝施特赖特在新闻发布会上表示,外人不应该“干涉一个友好国家的内政”。
为期3天的第61届慕安会14日在德国慕尼黑开幕。会议将以应对全球安全挑战为重点,讨论包括全球治理、气候安全、国际秩序现状及地区冲突和危机等议题。(完)
1. 2月14日,警察在德国慕尼黑安全会议主会场外警戒。