Asia
အိန္ဒိယနိုင်ငံ နယူးဒေလီ မီးရထားဘူတာရုံတွင် လူအုပ်ပိမှုကြောင့် လူ ၁၈ ဦးသေဆုံး

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ မီးရထားဘူတာရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်က လူအုပ်ပိမှုဖြစ်ပွားခဲ့သောကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ရာ အမျိုးသမီး ၁၁ ဦးနှင့် ကလေးငယ် ၄ ဦးပါဝင်ကြောင်း၊ အခြားလူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် လတ်တလောတွင် ကုမ်မာလာ (Kumbh Mela) ပွဲတော် အခမ်းအနား ကျင်းပလျက်ရှိရာ မီးရထားစီးနင်း၍ အိန္ဒိယနိုင်ငံမြောက်ပိုင်း Prayagraj မြို့သို့ သွားရောက်သော အခမ်းအနား တက်ရောက်သည့် လူဦးရေ တစ်ဟုန်ထိုး များပြားလာသောကြောင့် ဘူတာရုံသည် လူများဖြင့် အလွန်ပြည့်နှက်နေကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် လူအုပ်စုကြီးသည် ပလက်ဖောင်းပေါ်၌ စုဝေးနေပြီး မီးရထားဘူတာထဲသို့ ဝင်လာပြီးနောက် လူအများ အချင်းချင်း တွန်းတိုက်ကာ နောက်ဆုံးတွင်မူ လူအုပ်ပိမှုဖြစ်ပွားခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယရဲတပ်ဖွဲ့က ၎င်းတို့အနေဖြင့် “လူအများအပြားစုဝေးနေလိမ့်မယ်လို့ ခန့်မှန်းထားတယ်၊ ဒါပေမဲ့ အခြေအနေက လျင်မြန်စွာ ဆိုးရွားခဲ့တယ်” ဟု ပြောကြားခဲ့သည်။ အိန္ဒိယရဲတပ်ဖွဲ့က CCTV မှတ်တမ်းမှ အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို သုံးသပ်နေကြောင်း၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ဘူတာရုံကို အဝင်အထွက် ယာယီကန့်သတ်သည့် အစီအမံများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မီုဒီနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနတို့က သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း စာထုတ်ပြန်ခဲ့သည်။ ဤဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် အထူးကော်မတီ ဖွဲ့စည်းထားပြီး သေဆုံးသူများ၏ မိသားစုဝင်များထံ လျော်ကြေးပေးဆောင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ မီးရထားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကုမ်မာလာ (Kumbh Mela) ပွဲတော်ကို မွန်မြတ်သန့်စင်သောရေဖြင့် ရေချိုးခြင်းဟုလည်း ခေါ်ဆိုကြပြီး ဟိန္ဒူဘာသာ၏ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ် ကုမ်မာလာ (Kumbh Mela) ပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ Prayagraj မြို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………….
(Chinese Version)
印度新德里火车站踩踏事件已致18人死亡
新华社新德里2月16日电 印度首都新德里火车站15日晚发生踩踏事件,造成18人死亡,包括11名妇女和4名儿童,另有超过25人受伤。
据印度媒体报道,由于印度近期正在举行大壶节庆祝活动,乘火车前往印度北方邦普拉亚格拉杰市参加活动的人数激增,车站异常拥挤。事发时大量人群聚集在站台上,列车进站后人们相互推搡,最终导致踩踏事件发生。
印度警方表示,他们“预料到会有大批人群聚集,但情况迅速恶化”。警方正通过监控录像分析事故原因。伤者已被送往附近医院救治,火车站已采取暂时限制进入措施。
事故发生后,印度总理莫迪及内政部、铁道部发文对死者表示哀悼。印度铁道部表示已组建专门委员会调查此事,并将向遇难者家属提供赔偿。
大壶节又称圣水沐浴节,是印度教的盛大节日。今年大壶节庆祝活动从1月13日至2月25日在普拉亚格拉杰市举行。(完)
图说:2月16日,踩踏事件遇难者亲属在印度首都新德里的医院外悲痛不已。新华社/印度联合新闻社