North America
သမ္မတအထူးလေယာဉ်အား အဘယ်ကြောင့် တည်ဆောက်၍မပြီးသေးသနည်းဟု ဘိုးရင်းကုမ္ပဏီအား ထရမ့်ပြစ်တင်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/17x01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးမီက ဘိုးရင်း (Boeing) ကုမ္ပဏီအား ထပ်မံပြစ်တင်ခဲ့သည်။ အကြောင်းရင်းမှာ ၎င်း၏ပထမသမ္မတသက်တမ်းကာလအတွင်းကတည်းက ခွင့်ပြုထားသည့် သမ္မတအထူးလေယာဉ်အသစ် စီမံကိန်းသည် ယနေ့တိုင် မပြီးစီးသေးခြင်းကြောင့် ဖြစ်သည်။
ထရမ့်သည် ဖလော်ရီဒါပြည်နယ် Palm Beach အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ “ဘိုးရင်းလေယာဉ် အသစ်တစ်စင်းပေါ်တွင် စက်ပစ္စည်းနဲ့ နည်းပညာအသစ်များကို သွားရောက် လေ့လာစစ်ဆေးခဲ့” ကြောင်း၊ ယခုအကြိမ် လေ့လာစစ်ဆေးမှုသည် “ ‘Air Force One’ အသစ်ကို ကတိပြုထားတဲ့အတိုင်း အချိန်မီ မလွှဲပြောင်းပေးနိုင်မှုကို ပေါ်လွင်စေတယ်” ဟု အိမ်ဖြူတော် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေပီသတင်းဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထို့ပြင် ထရမ့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်၌ “ဒီလေယာဉ်တွေအတွက် ပြောရမယ်ဆိုရင် ကျွန်တော်တို့ ရရှိတဲ့ဝန်ဆောင်မှုအပေါ် ကျေနပ်မှု မရှိပါဘူး…သူတို့ကုန်ပစ္စည်းထုတ်လုပ်ပေးမှရမယ်။ ဒ့ါအပြင် သူတို့က တန်ဖိုးတစ်ခုနဲ့ ဒီလေယာဉ်တွေကို တည်ဆောက်ပေးဖို့ သဘောတူထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း အမေရိကန် “Politico” ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။
၁၉၉၀ ပြည့်နှစ်တွင် စတင် အသုံးပြုကာ ဘိုးရင်း 747-200 မော်ဒယ်လေယာဉ်ဖြင့် ပြင်ဆင်တည်ဆောက်ထားသော သမ္မတအထူးလေယာဉ် “Air Force One” နှစ်စင်းနေရာတွင် အစားထိုးအသုံးပြုရန် အမေရိကန်လေတပ်က ၂၀၁၅ ခုနှစ်တွင် ဘိုးရင်း 747-8 မော်ဒယ် ခရီးသည်တင်လေယာဉ်ကို သမ္မတအထူးလေယာဉ်၏ လေယာဉ်မော်ဒယ်အသစ်အဖြစ် အသုံးပြုရန် ရွေးချယ်ခဲ့သည်။ ထရမ့်က ၂၀၁၆ ခုနှစ်တွင် သမ္မတအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရပြီးနောက် ဘိုးရင်းက အဆိုပါ ပြင်ဆင်တည်ဆောက်သည့်စီမံကိန်းတွင် တောင်းခံသည့်ကုန်ကျစရိတ်သည် “တရားလွန်ကြောင်း”၊ အမေရိကန်ကန်ဒေါ်လာ ၄ ဘီလီယံထက်ကျော်နေပြီး အမှာစာကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထရမ့်ကိုယ်တိုင် “ဈေးဆစ်” ပြီးနောက် ဘိုးရင်းသည် ၂၀၁၈ ခုနှစ်တွင် သဘောတူစာချုပ်ရရှိခဲ့သည်။ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံဖြစ်ပြီး မူလက Aeroflot – Russian Airline ကုမ္ပဏီမှ ထုတ်လုပ်သော ခရီးသည်တင်လေယာဉ် နှစ်စင်းအား အမေရိကန်သမ္မတ၏ အထူးလေယာဉ်အသစ်အဖြစ် ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ အထူးလေယာဉ်နှစ်စင်းကို ၂၀၂၁ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ရန် ထရမ့်က မျှော်လင့်ထားခဲ့ပြီး လေယာဉ်ကိုယ်ထည်တွင် ဆေးအရောင် အနီရောင်ထပ်တိုးခြင်း အပါအဝင် “Air Force One” ၏ သမားရိုးကျဆေးအရောင် အပြာရောင်နှင့် အဖြူရောင်စပ်မှုတ်ထားမှုကို ပြောင်းလဲရန် တောင်းဆိုခဲ့သည်။
ထရမ့်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ချိန်တွင် ဂျိုးဘိုင်ဒန်အား ရှုံးသွားခဲ့ပြီး ဂျိုးဘိုင်ဒန်သည် ၂၀၂၃ ခုနှစ်တွင် အထူးလေယာဉ်အသစ်၏ ဆေးရောင်အစီအစဉ်အား သမားရိုးကျအရောင်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။
အထူးလေယာဉ်အသစ်ကို မူလက ၂၀၂၄ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ၊ လူအင်အားလိုအပ်မှု၊ ဒီဇိုင်းထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် စသည့် ပြဿနာများနှင့် ထရမ့်က ဆေးရောင်အသစ်ပြောင်းရန်တောင်းဆိုခြင်း သက်ရောက်မှုများကြောင့် စီမံကိန်း နှောင့်နှေးမှုဖြစ်ခဲ့ရသည်။ နောက်ဆုံး အချိန်ဇယားအရ နောက်ကျဆုံး ၂၀၂၇ ခုနှစ်တွင် ပထမဆုံးတစ်စင်းကို လွှဲပြောင်းပေးအပ်၍ ဒုတိယတစ်စင်းကို နောက်ကျဆုံး ၂၀၂၈ ခုနှစ်တွင် လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထရမ့်က သမ္မတအဖြစ် ထပ်မံရွေးချယ်ခံရပြီးနောက် အထူးလေယာဉ်အသစ်အား အလွန်အမင်း သတိရနေဆဲပင်ဖြစ်သည်။ ၎င်းက ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းကျိန်သစ္စာဆို၍ စတင်တာဝန်ထမ်းဆောင်သည့် ထိုနေ့တွင်ပင် အပြာရောင်နှင့် အနီရောင်ပါ ဘိုးရင်းခရီးသည်တင်လေယာဉ်ပုံစံ ကိတ်မုန့်တစ်ခုကို လှီးဖြတ်ခဲ့သည်။ အထူးလေယာဉ်အသစ်ကို ဆောလျင်စွာ လွှဲပြောင်းပေးအပ်နိုင်ရန် ထရမ့်၏ ယုံကြည်အားကိုးခြင်းခံရသူ၊ အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) တာဝန်ရှိပုဂ္ဂိုလ် အီလွန်မက်စ်က အထူးလေယာဉ်အသစ်စီမံကိန်းအကြောင်း မေးမြန်းလျက်ရှိသည်ဟု ဘိုးရင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Kelly Ortberg က ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အီလွန်မက်စ်သည် SpaceX နည်းပညာကုမ္ပဏီအား ထူထောင်သူဖြစ်ပြီး ၎င်းကုမ္ပဏီသည် စီးပွားရေး လေကြောင်းလုပ်ငန်းအပိုင်းတွင် ဘိုးရင်းကုမ္ပဏီနှင့် ပြိုင်ဘက်များဖြစ်သည်။ အီလွန်မက်စ်ကိုယ်တိုင် ဦးဆောင်သည့်အဖွဲ့သည် ထရမ့်ကို ကူညီ၍ ဖက်ဒရယ်အစိုးရအတွင်း “လိမ်ညာမှု” ၊ “ဖြုန်းတီးမှုများ” ကို စစ်ဆေးပေးနေပြီး ဝန်ထမ်းနှင့် အဖွဲ့အစည်းများ လျှော့ချမှု လုပ်ဆောင်လျက်ရှိသည်။
လေယာဉ်ဘေးကင်းလုံခြုံမှုဆိုင်ရာ မတော်တဆဖြစ်မှုနှင့် ထုတ်လုပ်လည်ပတ်မှု ပြဿနာများကြောင့် အလွန်အခက်တွေ့နေသည့် ဘိုးရင်းကုမ္ပဏီကလည်း “Air Force One” လေယာဉ်အသစ် စီမံကိန်းနှင့်စပ်လျဉ်း၍ အလွန်အမင်း ညည်းညူလျက်ရှိသည်။ သဘောတူစာချုပ်သည် ဈေးနှုန်းသတ်မှတ်ထားသော စာချုပ်ဖြစ်နေပြီး အဆိုပါစီမံကိန်းကြန့်ကြာမှုကြောင့် ဘိုးရင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂ ဘီလီယံထက်မနည်း ဆုံးရှုံးရသည်ဟုဆိုသည်။ “ ‘Air Force One’ စီမံကိန်း…အလွန်တစ်မူထူးခြားတဲ့ ဆွေးနွေးမှုကို ကျော်ဖြတ်ခဲ့ရတယ်၊ အလွန်တစ်မူထူးခြားတဲ့ ဆုံးရှုံးနိုင်ခြေတစ်မျိုးရှိတယ်၊ ဘိုးရင်းက ဒါတွေကို မခံစားရသင့်ဘူး” ဟု ယခင် ဘိုးရင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် David Calhoun က ပြောခဲ့ဖူးသည်။ (Xinhua)
………………………….
(Chinese Version)
特朗普批波音:总统专机怎么还没造好
新华社北京2月17日电 美国总统唐纳德·特朗普近日再次批评波音公司,原因是他首个任期内就批准的新总统专机项目至今没有完成。
美联社15日援引白宫官员的话报道,特朗普在佛罗里达州棕榈滩国际机场“一架新的波音飞机上查看新的硬件设备和技术”,这次视察“凸显新的‘空军一号’未能按承诺准时交付”。
另据美国《政治报》网站报道,特朗普12日在白宫说:“就这些飞机而言,我们对得到的服务不满意……他们必须造出产品。而且,他们答应以某个价格造出这些飞机。”
2015年,美国空军选中波音747-8型客机作为总统专机的新机型,将替代1990年启用、由波音747-200型改装的两架“空军一号”。特朗普2016年首次当选后批评波音在这一改装项目中的要价“离谱”,超过40亿美元,威胁要取消订单。经过特朗普本人亲自“砍价”,波音于2018年获得合同,金额为39亿美元,改造两架原本为一家俄罗斯航空公司制造的客机,作为美国总统的新专机。
特朗普曾希望新专机能在2021年交付,并且要求改变“空军一号”的传统蓝白涂装,包括在机身上增加红色。
特朗普在2020年大选角逐连任时败给约瑟夫·拜登,后者2023年把新专机涂装方案恢复为传统色彩。
新专机原定2024年交付。但由于新冠疫情、人手短缺、设计制造和供应链问题,乃至特朗普要求新涂装的影响,项目拖延,最新时间表为最晚2027年交付首架,第二架最迟2028年交货。
特朗普再次当选后似乎对新专机仍非常惦记,他在1月20日宣誓就职当天切了一块饰有蓝红色波音客机的蛋糕。波音公司首席执行官凯利·奥特伯格1月底披露,特朗普的“红人”、政府效率部负责人埃隆·马斯克正在过问新专机项目,以实现尽早交付。马斯克是太空探索技术公司创始人,该公司在商业航天方面与波音公司互为竞争对手,马斯克本人正带领团队帮助特朗普清查联邦政府中的“欺诈”“浪费”,裁撤人员和机构。
备受飞机安全事故和制造经营问题困扰的波音公司也对新“空军一号”项目大倒“苦水”,声称由于是固定价格合同,该项目拖延已导致波音亏损至少20亿美元。波音前首席执行官戴夫·卡尔霍恩曾说:“‘空军一号’项目……历经非常独特的谈判,有一套非常独特的风险,波音可能本不应该承受。”(惠晓霜)
图说:这是2019年3月13日在美国芝加哥拍摄的波音公司总部外景。新华社发(乔尔·莱纳摄)