Connect with us

China

မြောက်အမေရိက စနေ၊ တနင်္ဂနွေ ရုပ်ရှင်လက်မှတ်ရောင်းအား၏ ထိပ်တန်း ၅ နေရာသို့ “နီကျား-၂” (Ne Zha 2) ရောက်ရှိ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသော “နီကျား-၂” မြောက်အမေရိက ပထမဆုံး ရုံတင်ပွဲတွင် ရုပ်ရှင်ပိုစတာများ ကိုင်ဆောင်ထားသူများကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကား “နီကျား-၂” (Ne Zha 2) သည် ယခု သီတင်းပတ် စနေ၊ တနင်္ဂနွေတွင် မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအား၏ ထိပ်တန်း ၅ နေရာသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန် လေ့လာသုံးသပ်ရေးကုမ္ပဏီ Comscore ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ “နီကျား-၂” ၏ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်အတွက် ရုပ်ရှင်လက်မှတ်ရောင်းအားကို ကန်ဒေါ်လာ ၇.၂၁ သန်းအထိ ခန့်မှန်းထားပြီး မကြာသေမီ နှစ်များအတွင်း တရုတ်ရုပ်ရှင်ဇာတ်ကားများ၏ မြောက်အမေရိက စနေ၊ တနင်္ဂနွေ ရုပ်ရှင်လက်မှတ်ရောင်းအား အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။
“နီကျား-၂” ကို CMC Pictures ကုမ္ပဏီက နိုင်ငံခြားတွင် တာဝန်ယူ ဖြန့်ချိခဲ့သည်။ မြောက်အမေရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ “နီကျား-၂” ကို မြောက်အမေရိကရှိ ရုပ်ရှင်ရုံ ၇၇၀ ကျော်တွင် တစ်ချိန်တည်း ရုံတင်ခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံခဲ့ရကြောင်း သိရသည်။ ကြိုတင်လက်မှတ်အရောင်းနှင့် ရုပ်ရှင်စီစဉ်မှုအရေအတွက် အားလုံးသည် ၎င်းဒေသ၏ လွန်ခဲ့သော နှစ် ၂၀ အတွင်း တရုတ်ရုပ်ရှင်ဇာတ်လမ်း စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
“နီကျား-၂” ၏ ပထမဆုံး စနေ၊ တနင်္ဂနွေ ရုပ်ရှင်လက်မှတ်ရောင်းအားတစ်ခုတည်းဖြင့် ၎င်း၏ ရှေ့တစ်ကားဖြစ်သော “နီကျား” (ကန်ဒေါ်လာ ၃.၇ သန်းခန့်) နှင့် “The Wandering Earth” (ကန်ဒေါ်လာ ၅.၉၇ သန်းခန့်) စသည်တို့အပါအဝင် မကြာသေးမီနှစ်များက ရေပန်းစားခဲ့သော တရုတ်ရုပ်ရှင်ဇာတ်ကားများ၏ မြောက်အမေရိက စနေ၊ တနင်္ဂနွေ ရုပ်ရှင်လက်မှတ်ရောင်းအားကို ကျော်လွန်ခဲ့ကြောင်း အင်တာနက်ပလက်ဖောင်း၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။
လေ့လာသုံးသပ်ရေးကုမ္ပဏီ Comscore သည် မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအား၏ တရားဝင်ဒေတာ လေ့လာသုံးသပ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ ယခုသီတင်းပတ် ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်ပြီးနောက် အဆိုပါကုမ္ပဏီ၏ နာမည်ကျော် ရုပ်ရှင်လက်မှတ်ရောင်းအားပညာရှင် Paul Dergarabedian က “နီကျား-၂” ကို “ကမ္ဘာအနှံ့ ရုပ်ရှင်လက်မှတ်ရောင်းအားကောင်း ဇာတ်ကားကြီး” ဖြစ်သည်ဟု ဆင်ဟွာသတင်းထောက်များကို ချီးကျူးခဲ့သည်။ “ဒီရင်သပ်ရှုမောဖွယ်ကောင်းပြီး အနုစိတ်ဖန်တီးထားတဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာအနှံ့ ရုပ်ရှင်လက်မှတ်ရောင်းအားမှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့ပြီး သတင်းမီဒီယာတွေကနေ ကျယ်ပြန့်တဲ့ ဖော်ပြချက်တွေနဲ့ လူကို အံ့အားသင့်စေတဲ့ မှတ်ချက်တွေရရှိခဲ့တယ်။ ဒါက မြောက်အမေရိကမှာရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် မကြည့်မဖြစ် ရုပ်ရှင်စာရင်း ထိပ်ဆုံးမှာ နေရာယူထားပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။
“နီကျား-၂” က မြောက်အမေရိကရှိ ရာနှင့်ချီသော ရုပ်ရှင်ရုံတွင်သာ ပြသခဲ့ပြီး ထိပ်တန်း ၅ နေရာသို့ရောက်ရှိရန် မလွယ်ကူလှကြောင်း၊ ယခုသီတင်းပတ် မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအား ချန်ပီယံမှာ မာဗယ်လ်ဇာတ်ကားအသစ် “Captain America: Brave New World” ဖြစ်ပြီး အဆိုပါဇာတ်ကားကို မြောက်အမေရိကရှိ ရုပ်ရှင်ရုံ ၄,၁၀၅ ရုံတွင် ရုံတင်ခဲ့ရာ ရုပ်ရှင်လက်မှတ်ရောင်းအားခန့်မှန်းခြေမှာ ကန်ဒေါ်လာ ၈၈.၅၀ သန်း ခန့်ရှိကြောင်း၊ ဒုတိယနေရာရှိ “Paddington in Peru” ၏ ရုံဝင်ငွေ ခန့်မှန်းခြေမှာ အမေရိကန်ဒေါ်လာ ၁၃ သန်းဖြစ်ပြီး ရုံတင်ခဲ့သော ရုပ်ရှင်ရုံအရေအတွက်မှာ ၃,၈၉၀ ရုံအထိရှိကြောင်း Dergarabedian က ထောက်ပြခဲ့သည်။
“နီကျား-၂” သည် သီတင်းပတ် ၃ ပတ် ဆက်တိုက် ကမ္ဘာအနှံ့ စနေ၊ တနင်္ဂနွေ ရုပ်ရှင်လက်မှတ်ရောင်းအားစာရင်း ချန်ပီယံနေရာတွင် ရှိနေကြောင်း လေ့လာသုံးသပ်ရေးကုမ္ပဏီ Comscore ၏ အဆိုပါနေ့ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။
“နီကျား-၂” သည် ကမ္ဘာ့ရုပ်ရှင်သမိုင်း ဝင်ငွေ၏ ထိပ်တန်း ၂၀ စာရင်းဝင် ဟောလိဝုဒ်ဇာတ်ကားမဟုတ်သော ပထမဆုံး ဇာတ်ကားဖြစ်လာကြောင်း မြောက်အမေရိက ရုပ်ရှင်ဇာတ်ကားလုပ်ငန်း မီဒီယာများကလည်း အာရုံစိုက်မိကြပြီး ရုပ်ရှင်လက်မှတ်ရောင်းအား ဆက်လက်မြင့်တက်လာသည်နှင့်အမျှ “နီကျား-၂” သည် “Inside Out 2” ၏ ကမ္ဘာ့အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကား လက်မှတ်ရောင်းအား ထိပ်ဆုံးစာရင်း၏ ထိပ်ဆုံးနေရာကို ကျော်လွန်ပြီး ကမ္ဘာ့ရုပ်ရှင်သမိုင်း ဝင်ငွေ ထိပ်တန်း ၁၀ စာရင်းသို့ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ (Xinhua)
……………………..
(Chinese Version)
《哪吒2》杀入北美周末票房前五
新华社洛杉矶2月16日电(记者高山 谭晶晶)根据美国康姆斯科分析公司的数据,中国动画电影《哪吒之魔童闹海》(简称《哪吒2》)本周末杀入北美周末票房榜前五。《哪吒2》周末三天预估票房收入达721万美元,创下近年来中国国产电影北美首周末票房最高纪录。
《哪吒2》由华人影业有限公司负责海外发行。据了解,自北美当地时间2月14日起,《哪吒2》在北美770多间影院同步上映,受到广泛关注。预售票房和排片量均创下该地区近20年华语影片新纪录。
网络平台数据显示,《哪吒2》仅首周末票房就超越了近年来包括其前作《哪吒之魔童降世》(约370万美元)以及《流浪地球》(约597万美元)等在内的国产热门影片的北美票房。
康姆斯科分析公司是北美电影票房的权威数据分析公司之一。该公司著名电影票房专家保罗·德加拉贝迪安在本周数据公布后,对新华社记者称赞《哪吒2》为“全球票房大片”。他说:“这部精彩绝伦、制作精良的动画电影在全球票房上大获成功,获得了广泛报道,并赢得了令人惊艳的评论,这让它名列当前北美影迷必看电影榜单的最前列。”
德加拉贝迪安指出,《哪吒2》仅仅在数百家北美影院上映就能冲到第五位,殊为不易。本周北美票房冠军为漫威新片《美国队长4》,该片在北美4105间影院上映,票房收入预估为8850万美元。周排名第二的《帕丁顿熊3》预计收入1300万美元,上映影院数达3890间。
康姆斯科分析公司当日公布的数据显示,《哪吒2》已经连续三周登顶全球周末票房榜冠军。
北美影视行业媒体也关注到《哪吒2》成为第一部闯入全球影史收入前20的非好莱坞影片,并预测随着票房继续攀升,《哪吒2》很可能超过《头脑特工队2》登顶全球动画电影票房榜榜首及闯进全球影史收入十强行列。(完)
图说:2月8日,人们在美国洛杉矶举行的《哪吒之魔童闹海》北美首映礼上举起电影海报。新华社发(曾慧摄)