Connect with us

North America

Delta လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း တိုရွန်တို၌ တိမ်းမှောက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရ

ကနေဒါနိုင်ငံ တိုရွန်တို ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းပေါ်တွင် တိမ်းမှောက်နေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် Delta လေကြောင်းလိုင်းကုမ္ပဏီမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် ကနေဒါနိုင်ငံ တိုရွန်တို ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်စဉ် မတော်တဆဖြစ်ပွားကာ တိမ်းမှောက်ခဲ့သောကြောင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ၎င်းအနက် ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
တိမ်းမှောက်မှုဖြစ်ပွားသော ခရီးသည်တင်လေယာဉ်သည် Delta လေကြောင်းလိုင်းကုမ္ပဏီ၏ ကုမ္ပဏီအခွဲ Endeavor Air လေကြောင်းကုမ္ပဏီမှဖြစ်ပြီး အမေရိကန်နိုင်ငံ မီနီရ်ပိုလစ်မှ တိုရွန်တိုခရီးစဉ်အား ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု လေဆိပ်နှင့်လေကြောင်းလိုင်းကုမ္ပဏီမှ ထုတ်ပြန်သည့် သတင်းများကို ကိုးကား၍ ရိုက်တာက သတင်းဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် လေယာဉ်ပေါ်၌ ခရီးသည် ၇၆ ဦးနှင့် လေယာဉ်အမှုထမ်း ၄ ဦးပါဝင်ကြောင်း သိရသည်။
ဒဏ်ရာရသူအားလုံး ကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ပြီးဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အချိန် ၂ နာရီခွဲခန့် ပိတ်ခဲ့သည်။ မတော်တဆဖြစ်ပွားရသည့်အကြောင်းကိုမူ မသိရှိရသေးပေ။ ကနေဒါ သယ်ယူပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့ (TSB) က အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့ (NTSB) ကလည်း ဝန်ထမ်းစေလွှတ်ကာ စစ်ဆေးမှုများ ကူညီလုပ်ဆောင်မည်ဟုဆိုသည်။
လူမှုမီဒီယာပေါ်ရှိ ဗီဒီယိုတစ်ခုအရ တိမ်းမှောက်သော ခရီးသည်တင်လေယာဉ်သည် နှင်းများဖုံးလွှမ်းနေသော လေယာဉ်ရပ်နားကွင်းပေါ်၌ ပက်လက်အနေအထားဖြစ်နေပြီး မီးသတ်ယာဉ်တစ်စင်းက လေယာဉ်ထံ ရေများ ပက်ဖျန်းနေသည်ကို တွေ့မြင်ရသည်။
“ကျွန်တော်တို့အခု တိုရွန်တိုမှာပါ။ လေယာဉ်မြေပြင်ပေါ်သို့ ဆင်းသက်နေစဉ်မှာပဲ ကျွန်တော်တို့လေယာဉ် ပျက်ကျသွားပါတယ်။ လေယာဉ်က ပက်လက်လန်နေပါတယ်။ မီးသတ်သမားတွေ အခုနေရာမှာရှိနေပါတယ်…လူအများစုက ကြည့်ရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့အားလုံး လေယာဉ်ပေါ်က ဆင်းလာပါပြီ။ မီးခိုးတွေထွက်နေဆဲပါ…” ဟု ဗီဒီယိုရိုက်ကူးသူ John Nelson ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာက သတင်းဖော်ပြထားသည်။
အေးခဲသောဆီးနှင်းနှင့် လေပြင်းရာသီဥတုသည် ယခုအကြိမ် မတော်တဆဖြစ်မှုကို ဖြစ်ပွားစေသည့် အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်ဟု ရိုက်တာ၏ သတင်းဖော်ပြချက်အရသိရသည်။ စနေ၊ တနင်္ဂနွေတွင် ဖြစ်ပွားသည့် နှင်းပွင့်မုန်တိုင်းရာသီဥတုကြောင့် လေဆိပ်တည်ရှိရာဒေသတွင် နှင်းကျမှုမှာ ၂၂ စင်တီမီတာကျော် ရှိကြောင်း ပီရာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဖေဖော်ဝါရီ ၁၇ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းသည် အချိန်တစ်လတာအတွင်း မြောက်အမေရိကဒေသ၌ဖြစ်ပွားခဲ့သည့် ၄ ကြိမ်မြောက် ကြီးမားသော လေကြောင်းမတော်တဆမှုဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက်တွင် American Airline ခရီးသည်တင်လေယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး ပိုတိုမက်မြစ် အထက်ဝေဟင်တွင် အမေရိကန် ကြည်းတပ် “Black Hawk” ရဟတ်ယာဉ်နှင့် တိုက်မိမှုဖြစ်ပွားရာ ခရီးသည်တင်လေယာဉ်ပေါ်ပါ လူ ၆၄ ဦးနှင့် ရဟတ်ယာဉ်ပေါ်ပါ လူ ၃ ဦး သေဆုံးခဲ့သည်။ ဇန်နဝါရီ ၃၁ ရက်တွင် ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တွင်ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူ ၆ ဦးနှင့် မြေပြင်ရှိ လူ ၁ ဦးသေဆုံးခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် Bering Air လေကြောင်းကုမ္ပဏီမှ အသေးစားခရီးသည်တင်လေယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Unalakleet မှ Nome သို့ပျံသန်းစဉ်ပျောက်ဆုံးသွားခဲ့ပြီးနောက် ပျက်ကျခဲ့သည်ဟုအတည်ပြုကာ လေယာဉ်ပေါ်ပါ လူ ၁၀ ဦး အားလုံး သေဆုံးခဲ့သည်။ (Xinhua)


…………………………
(Chinese Version)
一架达美航空客机在多伦多发生翻覆至少18人受伤
新华社北京2月18日电 美国达美航空公司一架客机17日下午在加拿大多伦多皮尔逊国际机场着陆时发生事故并翻覆,导致至少18人受伤,其中三人伤势严重。
路透社援引机场和航司发布的消息报道,事发客机隶属于达美航空公司子公司奋进航空公司,执飞美国明尼阿波利斯至多伦多航班。事发时,机上载有76名乘客和4名机组成员。
所有伤者均已被送往医院接受救治。事发后,皮尔逊国际机场关闭了大约两个半小时。事故原因尚不清楚。加拿大运输安全委员会将启动调查。美国国家运输安全委员会称将派员协助调查。
社交媒体上的一段视频显示,事发客机“仰卧”在积雪覆盖的停机坪上,一辆消防车正在向客机喷水。
路透社援引视频拍摄者约翰·纳尔逊的话报道:“我们在多伦多,刚刚着陆,我们的飞机坠毁了,它上下颠倒。消防人员在现场……多数人看起来还不错。我们都下飞机了。还在冒烟……”
按路透社报道说法,低温风雪天气或是导致此次事故的一个原因。皮尔逊国际机场17日早些时候表示,周末的暴风雪天气给机场所在地区带来超过22厘米降雪。
这是不到一个月的时间内,发生在北美地区的第四起重大航空事故。
1月29日,一架美国航空公司客机在美国首都华盛顿附近波托马克河上空与一架美国陆军“黑鹰”直升机相撞,客机上64人以及直升机上3人丧生。1月31日,一架医疗运输机在美国宾夕法尼亚州费城坠毁,机上6人及地面1人遇难。2月6日,白令航空公司一架小型客机从美国阿拉斯加州尤纳拉克利特飞往诺姆途中失踪,后确认坠毁,机上10人全部遇难。(蒋国鹏)
图说:2月17日,在加拿大多伦多皮尔逊国际机场,一架客机倒翻在跑道上。新华社发(邹峥摄)