China
လောင်ချိုင်-ဟနွိုင်း-ဟိုင်ဖုန်း ရထားလမ်းစီမံကိန်းတည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ် လွှတ်တော် ခွင့်ပြုလိုက်ခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဖြေကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက လောင်ချိုင်-ဟနွိုင်း-ဟိုင်ဖုန်း ရထားလမ်းစီမံကိန်းတည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ် လွှတ်တော် ခွင့်ပြုလိုက်ခြင်းနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးခွန်းကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့သည်။
ဗီယက်နမ် လွှတ်တော်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန်ဒေါ်လာ ၈ ဘီလီယံရှိသော မီးရထားဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ခွင့်ပြုခဲ့ရာ အဆိုပါ မီးရထားလမ်းသည် ဗီယက်နမ် မြောက်ပိုင်း အကြီးဆုံး ဆိပ်ကမ်းမြို့မှ တရုတ်- ဗီယက်နမ် နယ်စပ်အထိ တိုးချဲ့သွားမည်ဖြစ်ရာ ယင်းက နှစ်နိုင်ငံ အပြန်အလှန်ချိတ်ဆက်မှုနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဤစီမံကိန်းအပေါ် မည်သို့ မှတ်ချက်ပေးပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကောကျားခွန်းက လွန်ခဲ့သည့်နှစ်မှစ၍ တရုတ်- ဗီယက်နမ် နှစ်နိုင်ငံသည် နှစ်နိုင်ငံ မီးရထားလမ်း အပြန်အလှန်ချိတ်ဆက်မှုအတွက် အမြင်သဘောထားချင်းဖလှယ်ခဲ့ကြရာ လောင်ချိုင်-ဟနွိုင်း-ဟိုင်ဖုန်း စံလမ်း ရထားလမ်း၏ အကောင်အထည်ဖော်နိုင်မှုကို လေ့လာရန်နှင့် တုန်တန်- ဟနွိုင်း ၊ မှုန်ချိုင်- ဟလုန်- ဟိုင်ဖုန်း စံရထားလမ်း (standard- gauge) များ၏ စီစဉ်ပြင်ဆင်မှုလုပ်ငန်းများကို အရှိန်မြှင့်ရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြပြီး တရုတ်နိုင်ငံ ဟဲခိုခရိုင်မှ ဗီယက်နမ် လောင်ချိုင် စံရထားလမ်း ချိတ်ဆက်မှုလုပ်ငန်းကို အရှိန်မြှင့်တွန်းအားပေးခဲ့ကြောင်း ဖြေကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部发言人就越南国会批准投资建设老街—河内—海防铁路项目答记者问
新华社北京2月19日电(记者马卓言、陆君钰)外交部发言人郭嘉昆19日在例行记者会上就越南国会批准投资建设老街—河内—海防铁路项目回答了记者提问。
有记者问:越南国会19日批准了一项80亿美元的铁路建设项目,将铁路从越南北部最大港口城市延伸至中越边境。这将促进两国互联互通和贸易往来。外交部对该项目有何评论?
郭嘉昆表示,去年以来,中越双方多次就推进两国铁路互联互通交换意见,一致同意将加快老街—河内—海防标轨铁路可研和同登—河内、芒街—下龙—海防标轨铁路规划编制工作,抓紧推进中国河口至越南老街标轨铁路连接线工作。(完)