Connect with us

China

ဆင်ဟွာ News App တွင် အာရှ-ပစိဖိတ် ချန်နယ် ဖွင့်လှစ်

တရုတ်နိုင်ငံ ‌ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသော ဆင်ဟွာ News App ၌ အာရှ-ပစိဖိတ် ချန်နယ် ဖွင့်လှစ်ခြင်း အခမ်းအနား၌ အမှာစကားပြောကြားနေသော ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဆင်ဟွာ News App တွင် အာရှ-ပစိဖိတ် ချန်နယ်ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ အာရှ-ပစိဖိတ်ချန်နယ်ကို ဟောင်ကောင်တွင် အခြေစိုက်ပြီး ဒေသတွင်းကိုမျက်နှာမူကာ ကမ္ဘာအနှံ့ ဖြန့်ကြက်သွားမည်ဖြစ်သည်။ ယင်းမှာတရုတ်နိုင်ငံအကြောင်း ကောင်းမွန်စွာ ပြောပြပြီး တရုတ်စကားသံများကို ဖြန့်ဝေကာ တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြင်ပသို့ ပြသသည့် “ပြတင်းပေါက်” အသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဆင်ဟွာသတင်းဌာနအနေဖြင့် အာရှ-ပစိဖိတ် ချန်နယ် ဖွင့်လှစ်ခြင်းကို အခွင့်အလမ်းအနေဖြင့် ဖြန့်ဝေမှုပုံစံများကို ဆက်လက်တီထွင်ဆန်းသစ်သွားမည်ဖြစ်ကြောင်း၊ စိတ်ရင်းစေတနာအရင်းခံထား၍ ကမ္ဘာကြီးအား ရှီကျင့်ဖိန် ခေတ်သစ်တရုတ် ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒဆိုင်ရာ အတွေးအခေါ်များ၏ အမှန်တရားစွမ်းအားကို ကောင်းမွန်စွာ မိတ်ဆက်ပြောကြားဖြန့်ဝေသွားမည် ဖြစ်ကြောင်း၊ ဘက်စုံ နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ကောင်းမွန်စွာ ပြသပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ အလားအလာမြင်ကွင်းအမျိုးမျိုးကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးကဏ္ဍ အားသွန်ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှု၊ လူမှုဘဝ အကျိုးပြုမှု၊ ပျော်ရွှင်မှု တိုးမြင့်လာစေသည့် အောင်မြင်မှုရလဒ်များကို ကောင်းမွန်စွာ ထင်ဟပ်ပြသမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ဒေသတွင်းနိုင်ငံများ၏ အေးအတူပူအမျှ အာရှ-ပစိဖိတ် အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်မှုကို တွန်းအားပေးပြီး အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ် တည်ဆောက်ခြင်းတွင် ရရှိထားသော တိုးတက်အောင်မြင်မှုများကို ကောင်းမွန်စွာ တင်ဆက်ကာ ကမ္ဘာတစ်ဝန်းကို မိမိတို့၏ အသံများအား ကြားနိုင်၊ ရှင်းလင်းစွာ ကြားသိနိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ဦးစီးဌာနမှူး ချိန်ကော်ကြီးက ဆင်ဟွာသတင်းဌာနသည် ကမ္ဘာတစ်ဝန်း သတင်းကွန်ရက်များ ပိုင်ဆိုင်ထားပြီး အစဉ်အမြဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ တရားမျှတစွာ သတင်းတင်ဆက်မှုမှတစ်ဆင့် ကမ္ဘာကြီးအား တရုတ်နိုင်ငံနှင့် ဟောင်ကောင်ဒေသ၏ စစ်မှန်သော အသွင်အပြင်နှင့် နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုများကို နားလည်စေခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ လူ့အဖွဲ့အစည်းရှိ နယ်ပယ်အသီးသီးနှင့် ဆင်ဟွာသတင်းဌာန ဆက်လက် လက်တွဲလျှောက်လှမ်းရန်၊ ကမ္ဘာကြီးအား “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများနှင့် ထူးခြားသော ဆွဲဆောင်မှုများကို ပိုမို ဘက်စုံ ပြသနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရဆက်သွယ်ရေးရုံး အထွေထွေအတွင်းရေးမှူးချုပ် ဝမ်ဆုန်းမြောင်က ဆင်ဟွာသတင်းဌာနသည် နိုင်ငံပိုင် သတင်းဌာနနှင့် ကမ္ဘာတစ်ဝန်း ဩဇာလွှမ်းမိုးမှုရှိသော ကမ္ဘာ့အဆင့်မီဒီယာတစ်ခုဖြစ်ရာ ပြည်တွင်းပြည်ပ ပရိသတ်များ၏ ချီးမွမ်းမှုကို ကာလရှည်ကြာစွာ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြောင်း၊ ဆင်ဟွာ News App ၏ အာရှ-ပစိဖိတ် ချန်နယ်သည် နိုင်ငံအခင်းအကျင်းကို ဝန်ဆောင်မှုပေးရန်၊ စီမံအုပ်ချုပ်မှုမှ ကြွယ်ချမ်းသာမှုကိုအားဖြည့်ပေးရန်၊ ဟောင်ကောင် အကြောင်းကို ကောင်းမွန်စွာ ဖော်ပြရန်၊ တရုတ်နိုင်ငံ၏ အသံကို ဖြန့်ဝေရန်နှင့် တရုတ်နိုင်ငံ၏ ပုံရိပ်ကို တည်ဆောက်ပြသရန်အတွက် နောက်ထပ် အရေးပါသည့် ပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဆင်ဟွာ News App သည် ပြည်တွင်းပြည်ပ ပရိသတ်များ တရုတ်နိုင်ငံအကြောင်းကို နားလည်သိရှိနိုင်သည့် “Mobile Portal” တစ်ခုဖြစ်သည်။ ယခုအကြိမ် ဖွင့်လှစ်လိုက်သော ဆင်ဟွာ News App ၏ အာရှ-ပစိဖိတ် ချန်နယ်တွင် ဂရုပြုကြသည့်သတင်းများ၊ ဟောင်ကောင်နှင့် မကာအိုသတင်းများ၊ ရုပ်ပုံလွှာများမှ တစ်ဆင့် တရုတ်နိုင်ငံအား ကြည့်ရှုခြင်း၊ တွေ့ဆုံမေးမြန်းမှုများပါဝင်သည်။ များပြားလှသော ပရိသတ်များအား အရည်အသွေးမြင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးကာ တရုတ်နိုင်ငံ အတွေးအခေါ်၊ တရုတ်နိုင်ငံ ရပ်တည်ချက်၊ တရုတ်နိုင်ငံ နည်းလမ်းများကို နက်နက်ရှိုင်းရှိုင်းရှင်းလင်းဖော်ပြမည် ဖြစ်သလို စစ်မှန်သော၊ ရုပ်ကြွပုံ၊ ဘက်စုံဖြစ်သော တရုတ်နိုင်ငံကို ပရိသတ်များထံ ပြသသွားမည်ဖြစ်သည်။
ယင်းနေ့တွင်ပင် ဆင်ဟွာသတင်းဌာန ဓာတ်ပုံပြပွဲ “Lens of Xinhua, Images of the Century” ကို ဟောင်ကောင်ဒေသတွင် ကျင်းပခဲ့သည်။ ဤ ဆင်ဟွာသတင်းဌာန၏ အထူးကောင်းမွန်သောဓာတ်ပုံများက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ချိန်မှစ၍ သမိုင်းဝင်ပြောင်းလဲမှုများနှင့် မဟာအောင်မြင်မှုများကို သက်ဝင်စွာ ပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် ဧည့်သည်တော်များက ဓာတ်ပုံပြပွဲကို အတူ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါနေ့ ဖွင့်ပွဲအခမ်းအနားသို့ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရ အေဂျင်စီ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု အေဂျင်စီနှင့် ဟောင်ကောင်ဒေသ နယ်ပယ်ကဏ္ဍစုံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

…………………………………………….
(Chinese Version)
新华社客户端开通亚太频道
新华社香港2月20日电(记者褚萌萌)新华社客户端亚太频道20日正式上线开通。亚太频道将立足香港、面向地区、辐射全球,讲好中国故事、传播中国声音,为对外展现中国形象打开一扇新“窗口”。
在香港举行的开通仪式上,新华通讯社社长傅华指出,新华社愿以客户端亚太频道上线为契机,持续创新传播方式,用心用情向世界宣介好习近平新时代中国特色社会主义思想的真理力量,展现好进一步全面深化改革、推进中国式现代化的万千气象,反映好香港全力拼经济、谋发展、惠民生、添幸福的丰硕成果,报道好中国与地区国家推动构建亚太命运共同体、努力开创亚太发展新时代的进展成效,让全世界都能听到并听清我们的声音。
香港特别行政区政府政务司司长陈国基表示,新华社拥有遍布全球的新闻网络,一直通过客观、公正的报道,让世界了解国家和香港的真实面貌和最新发展。期待香港社会各界与新华社继续携手同行,更全面地向世界展示“一国两制”的辉煌成就和独有魅力。
中央人民政府驻香港特别行政区联络办公室秘书长王松苗表示,新华社是国家通讯社和具有全球影响力的世界级媒体,长期以来赢得了国内外受众的广泛赞誉。相信新华社客户端亚太频道必将成为服务国家大局、赋能由治及兴、讲好香港故事、传播中国声音、树立中国形象的又一重要平台。
新华社客户端是海内外受众了解中国故事的“掌上门户”。此次上线开通的新华社客户端亚太频道,设有焦点、港澳、镜观、访谈等栏目,向广大受众提供高质量新闻信息服务,深入阐释中国理念、中国主张、中国方案,向受众展示真实、立体、全面的中国。
同日,“国社之镜·世纪光影”新华社新闻摄影展在香港举行。这些新华社摄影精品生动展现了新中国成立以来的历史变迁和伟大成就。开通仪式后,嘉宾们共同参观了摄影展。
中央驻港机构、香港特区政府、驻港中资机构及香港各界代表参加了当天的开通仪式。(完)
2月20日,新华社客户端亚太频道正式上线开通。这是新华通讯社社长傅华在香港举行的新华社客户端亚太频道上线开通仪式上致辞。