International Organizations
အမေရိကန်က စည်းကြပ်ခွန် အပြန်အလှန် လျှော့ချရန် ဆန္ဒရှိဟု ဥရောပသမဂ္ဂ ကုန်သွယ်ရေးအရာရှိဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရှေ့တစ်ရက်က အမေရိကန် ကုန်သွယ်ရေးအရာရှိများနှင့် တွေ့ဆုံပြီးနောက် အမေရိကန်ဘက်က ဥရောပသမဂ္ဂနှင့် စည်းကြပ်ခွန် အပြန်အလှန် လျှော့ချရန် ဆန္ဒရှိသည်ကို တွေ့မြင်ရကြောင်း ဥရောပကော်မရှင် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ လုံခြုံရေး စသည့် အရေးကိစ္စများဆိုင်ရာ တာဝန်ခံ Maroš Šefčovič က ဖေဖော်ဝါရီ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ပြောကြားခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်သတ်မှတ်မှု အစီအမံနှင့် ဥရောပသမဂ္ဂ၏ တန်ပြန်အရေးယူမှုကြောင့် “မလိုအပ်သော နစ်နာမှု” များဖြစ်ပွားခြင်းမှ ရှောင်ကြဉ်ရန် ဥရောပသမဂ္ဂ အရာရှိများက “အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု” ကို ရှာဖွေလျက်ရှိကြောင်း တာဝန်ခံ Maroš Šefčovič က ယင်းနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေးအရာရှိနှင့် အသစ်ခန့်အပ်ထားသော အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick ၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ Jamieson Greer နှင့် အိမ်ဖြူတော် အမျိုးသားစီးပွားရေးကောင်စီ ဌာနမှူး Kevin Hassett တို့ ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ဆုံခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စာချွန်လွှာ လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်တိုင်းနှင့် “အလားတူစည်းကြပ်ခွန်” သတ်မှတ်မှုကို အတည်ပြုရန် တောင်းဆိုထားခဲ့သည်။ ဥရောပသမဂ္ဂသည် သွင်းကုန်မော်တော်ယာဉ်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသော်လည်း အမေရိကန်ကမူ စည်းကြပ်ခွန် ၂.၅ ရာခိုင်နှုန်းသာ ကောက်ခံထားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်က ဥရောပသမဂ္ဂ၏ မော်တော်ယာဉ် တန်ဖိုးမြှင့်အခွန်အပေါ် ကျေနပ်မှုမရှိကြောင်းလည်း ဖော်ပြထားသည်။
ဥရောပသမဂ္ဂသည် မော်တော်ယာဉ် စည်းကြပ်ခွန်ကို အမေရိကန်နှင့် တန်းတူအဆင့်အထိ လျှော့ချရန် သဘောတူညီထားပြီးဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် Maroš Šefčovič က ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ဥရောပသမဂ္ဂအနေဖြင့် ထိုကဲ့သို့လှုပ်ရှားမှု လုပ်ဆောင်ခြင်းမရှိကြောင်း၊ အမေရိကန်သည် ရောင်းအားအကောင်းဆုံး ပစ်ကပ်ကားများအပေါ် သွင်းကုန်စည်းကြပ်ခွန် ကောက်ခံမှုသည် ၂၅ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ လတ်တလောကာလ စည်းကြပ်ခွန်မူဝါဒလုပ်ရပ်များသည် ဘက်ပေါင်းစုံ၏ ကန့်ကွက်ခြင်း ခံခဲ့ရသည်။ နိုင်ငံများစွာမှ နိုင်ငံရေးနှင့် စီပွားရေးပညာလောက လူပုဂ္ဂိုလ်များက ယင်းသည် စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံ ကုန်သွယ်ရေးယန္တရားကို ပြင်းထန်စွာ ပျက်စီးစေပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အပေါ် ထိုးနှက်မှုဖြစ်စေကာ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုကို အတားအဆီးဖြစ်၍ ဘက်ပေါင်းစုံ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆကြကြောင်း သိရသည်။ (Xinhua)
————————————————————————————–
(Chinese Version)
欧盟贸易官员称美方有意愿互降关税
新华社华盛顿2月20日电(记者熊茂伶)欧盟委员会负责贸易和经济安全等事务的委员马罗什·谢夫乔维奇20日在美国首都华盛顿表示,前一日与美国贸易官员会晤后,他看到美方有意愿与欧盟相互降低关税。
谢夫乔维奇当天在一场媒体发布会上说,欧盟官员寻求“建设性对话”,以避免美方关税措施和欧盟反制措施带来“不必要的痛苦”。
19日,欧盟贸易官员与新任命的美国商务部长霍华德·卢特尼克、美国贸易代表提名人选贾米森·格里尔以及白宫国家经济委员会主任凯文·哈西特进行了会晤。
美国总统特朗普13日签署备忘录,要求相关部门确定与每个外国贸易伙伴的“对等关税”。白宫发布的文件提到,欧盟对进口汽车征收10%的关税,而美国仅征收2.5%的关税。此外,美方还对欧盟的汽车增值税表示不满。
特朗普18日在佛罗里达州海湖庄园举行的媒体发布会上表示,欧盟已同意将汽车关税降至与美方一样的水平。但谢夫乔维奇19日在会谈前表示,欧盟并未采取这样的行动,他还表示,美国对最畅销的皮卡汽车征收的进口关税高达25%。
美国近期的关税政策招致各方反对,多国政商学界人士认为这将严重破坏以规则为基础的多边贸易体制,对全球供应链造成冲击,阻碍全球经济复苏,损害各方利益。(完)
图说:这是2024年10月4日在比利时布鲁塞尔拍摄的欧盟委员会大楼一角。新华社记者赵丁喆摄