China
စားပွဲတင်တင်းနစ် အာရှဖလားချန်ပီယံ ဝမ်မန့်ယွိ၊ ဝမ်ချူချင်းတို့ ပထမဆုံးအကြိမ်ရရှိ

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပသော ၃၄ ကြိမ်မြောက် ITTF-ATTU အာရှဖလားပွဲ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြီးဆုံးခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးတစ်ရက်တွင် ချန်ပီယံ အသစ်နှစ်ဦး ပေါ်ပေါက်လာခြင်းကို သက်သေထူခဲ့သည်။ တရုတ်အသင်းမှ ဝမ်မန့်ယွိသည် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ၄-၀ အမှတ်ဖြင့် စွန်းရင်ဆားကိုအပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဝမ်ချူချင်းကလည်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် တူညီသော အမှတ်ဖြင့် လျန်ကျင့်ခွန်ကို အနိုင်ရရှိခဲ့သည်။
အဆိုပါနေ့ နေ့လယ်ပိုင်း ဆီမီးဖိုင်နယ်ပွဲတွင် စွန်းရင်ဆားက ၄-၀ အမှတ်ဖြင့် ချိန်ရှင်းထုန် အရှုံးနှင့်ထွက်ခဲ့ရပြီး ဝမ်မန့်ယွိက ၄-၁ အမှတ်ဖြင့် ခွိုင်မန့်ကို အနိုင်ရရှိခဲ့သည်။ အဆင့် ၃၊ အဆင့် ၄ ဗိုလ်လုပွဲတွင် ခွိုင်မန့်က ၄-၀ အမှတ်ဖြင့် ချိန်ရှင်းထုန်ကို အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲကို ညပိုင်းတွင် အရင်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်အစတွင် စွန်းရင်ဆား ရိုက်ချက်မချောမွေ့ခဲ့ပေ။ ပထမပွဲငယ်တွင်ပင် ၅-၁၁ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲငယ်တွင်လည်း ၆-၁၀ အမှတ်ဖြင့် နောက်ကျနေခဲ့ရာ ၉-၁၀ မှတ်အထိ အမီလိုက်နိုင်ခဲ့သည်။ ဝမ်မန့်ယွိက ခေတ္တရပ်နားရန် ပြတ်ပြတ်သားသားတောင်းဆိုခဲ့ရာ ရပ်နားအပြီးတွင် ၁၁-၉ အမှတ်ဖြင့် အဆိုပါပွဲငယ်ကို အနိုင်ရရှိခဲ့သည်။ ယင်းနောက် ပွဲငယ်နှစ်ခုတွင် ဝမ်မန့်ယွိကပင် ဦးဆောင်နေပြီး စွန်းရင်ဆားကမူ အပြန်အလှန် ရိုက်ချက်များစွာဖြင့် မတိုးသာမဆုတ်သာ အခြေအနေဖြင့် အမှတ်များအမီလိုက်ရန် ရုန်းကန်းခဲ့ရာ နောက်ဆုံးနှစ်ခုသည် ၁၁-၆ ပြီးနောက် ဝမ်မန့်ယွိက ၎င်း၏ ပထမဆုံးသော အာရှဖလား အမျိုးသမီး တစ်ဦးချင်း ချန်ပီယံဆုကို ရရှိခဲ့သည်။
“ဆုဖလားက အလွန်လေးတယ်၊ တော်တော်လေး လေးပါတယ်” ၊ “အရင်က ပွဲတွေမှာ စွန်းရင်ဆားက တန်ပြန် အနိုင်ယူနိုင်ခဲ့တာတွေရှိခဲ့ပေမဲ့ ဒီနေ့ကျွန်မအနေနဲ့ အလွန် ပြတ်ပြတ်သားသားရှိတယ်၊ ရမှတ်က ဘယ်လောက်ပဲဖြစ်ပါစေ ကိုယ့်မျက်စိရှေ့က နည်းဗျူဟာတိုင်းရဲ့ လုပ်ဆောင်မှုကို စဉ်းစားနိုင်တယ်။ ဗိုလ်လုပွဲရဲ့ ရလဒ်အရကြည့်မယ်ဆိုရင် ချောမွေ့တယ်လို့ ထင်ရပေမယ့် ဒီပွဲရဲ့ ရိုက်ချက်က ကျွန်မ စိတ်ကူးကြည့်ထားတာထက် ကျော်လွန်နေတာ အမှန်ပါပဲ၊ ပုံမှန်အဆင့်ထက် စူပါကျော်လွန်နေအောင် ရိုက်ခဲ့တယ်၊ အဲ့ဒါကြောင့် ဘယ်အကွက်တွေက နောက်လာမယ့်ပြိုင်ပွဲတွေအတွက် ဆက်သယ်သွားလို့ရမလဲဆိုတာလည်း အချိန်မီသုံးသပ်ရမယ်လို့ ကျွန်မထင်ပါတယ်” ဟု ဝမ်မန့်ယွိက အပြီးတွင် ပြောကြားခဲ့သည်။
လျန်ကျင့်ခွန်သည် အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲတွင် အစပိုင်း၌ ၀-၂ မှတ်ဖြင့် နောက်ကျခဲ့သော်လည်း နောက်ဆုံးတွင် ၄-၃ မှတ်ဖြင့် လျင်ရှီးတုန့်ကို တန်ပြန်အနိုင်ရခဲ့သည်။ ဝမ်ချူချင်းသည် ၄-၂ အမှတ်ဖြင့် တရုတ်ထိုင်ဝမ်အသင်းမှ လျင်ကျွင်းရူကို အနိုင်ရခဲ့သည်။ ထို့နောက် လျင်ရှီးတုန့်သည် ၄-၀ အမှတ်ဖြင့် လျင်ကျွင်းရူကို အနိုင်ရရှိကာ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲကို နောက်ဆုံးတွင် ယှဉ်ပြိုင်ခဲ့ရာ ဝမ်ချူချင်းသည် ပထမပွဲငယ်တွင် ၁၁-၇ အမှတ်ဖြင့် အနိုင်ခဲ့ရပြီး နောက်ပွဲငယ်တွင် ၁၁-၂ အမှတ်ဖြင့် လျင်မြန်စွာ အနိုင်ရရှိခဲ့သည်။ တတိယပွဲငယ်တွင် ယှဉ်ပြိုင်မှုအပြင်းထန်ဆုံံး ဖြစ်သော်လည်း ဝမ်ချူချင်းသည် ၁၆-၁၄ အမှတ်ဖြင့် ခဲယဉ်းစွာ အနိုင်ရရှိပြီးနောက် ၁၁-၅ အမှတ်ဖြင့် ပြိုင်ပွဲကို အဆုံးသတ်ခဲ့သည်။
“ဆုဖလားက တကယ်ကို လှလွန်းပါတယ်၊ ကျွန်တော် ကိုယ်တိုင် လက်နဲ့ ကိုင်ထားချင်ပါတယ်” ချန်ပီယံဆုရသောအခိုက်တွင် ဝမ်ချူချင်းက ဆုဖလားကို လက်ညှိုးထိုးပြပြီး ဖိအားများကို ဖြေလျှော့ခဲ့သည်။ “ချန်ပီယံရတော့ အလွန်ပျော်တာပေါ့၊ ဒီပြိုင်ပွဲမှာ ကျွန်တော် ချန်ပီယံရလိမ့်မယ်လို့ မထင်မှတ်ထားပေမယ့်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ စိန်ခေါ်သူအနေနဲ့ ပြိုင်ပွဲတစ်ခုစီတိုင်းကို ရင်ဆိုင်ပါတယ်၊ နောက်ဆုံးထိ အနိုင်ရခဲ့အတွက် မိမိအနေနဲ့ အလွန်ဝမ်းသာပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
မကာအို ကမ္ဘာ့ဖလား ရွေးချယ်မှု စည်းမျဉ်းအရ ယခုအကြိမ်ပြိုင်ပွဲ၏ ထိပ်တန်း ၄ ဦးသည် အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရည်အချင်းပြည့်မီခွင့် တိုက်ရိုက်ရရှိမည်ဖြစ်သည်။ (Xinhua)

ချန်ပီယံ ဝမ်ချူချင်း (အလယ်)၊ ဒုတိယဆုရှင် လျန်ကျင့်ခွန် (ဝဲ) နှင့် တတိယဆုရှင် လျင်ရှီးတုန့် တို့အား ဆုပေးပွဲအခမ်းအနားတွင် စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
王曼昱、王楚钦首夺乒乓球亚洲杯冠军
新华社深圳2月23日电(记者郑直、胡佳丽)在深圳举行的第34届国际乒联-亚乒联盟亚洲杯23日落幕,最后一个比赛日见证了赛事两位新科冠军的诞生,王曼昱在女单决赛中4:0横扫孙颖莎,王楚钦则在男单决赛中以同样比分击败梁靖崑。
在当日上午的半决赛中,孙颖莎4:0淘汰陈幸同,王曼昱4:1战胜蒯曼。三四名决赛中,蒯曼4:0横扫陈幸同摘得铜牌。
女单决赛晚场率先上演,开场后孙颖莎手风不顺,首局5:11告负。次局她又以6:10落后,一路追至9:10,王曼昱果断请求暂停,并在暂停后以11:9赢得该局。此后两局王曼昱依然率先取得领先,孙颖莎则在多拍相持后艰难追分,最终两个11:6过后,王曼昱夺得个人首个亚洲杯女单冠军。
“奖杯很沉,特别沉。”王曼昱在赛后表示,“之前有过几场领先莎莎的时候被逆转,但我觉得自己今天整个人还是非常坚定,不管比分是多少,都能想到眼前每一个战术的执行。决赛虽然看似比分相对比较顺利,但这场球发挥确实还是超乎我自己的想象,打出了很多超水平的发挥,所以我觉得也要及时总结,看哪些可以延续到后来的比赛。”
梁靖崑在男单半决赛中最初以0:2落后,但他最终以4:3逆转战胜林诗栋。王楚钦以4:2力克中国台北队选手林昀儒。此后,林诗栋以4:0赢得与林昀儒的铜牌战。
男单决赛最后上演,王楚钦首局11:7胜出,此后一局以11:2速胜。第三局战况最为激烈,但王楚钦鏖战至16:14后拿下该局,随后以11:5为比赛画上句号。
“确实奖杯非常漂亮,想去亲手捧下来。”夺冠瞬间,王楚钦手指奖杯,释放压力。“当然拿到冠军是非常开心的,虽然自己在这个比赛都没有想到会拿到冠军。一路走来都是抱着挑战者的身份去面对每一轮的比赛,非常开心自己‘活’到了最后。”
根据澳门世界杯选拔规则,本届赛事的四强选手均获得了直通该届世界杯的资格。
图说1:2月23日,冠军王曼昱(中)、亚军孙颖莎(左)和季军蒯曼在颁奖仪式上合影。新华社记者 卢汉欣 摄
图说2:2月23日,冠军王楚钦(中)、亚军梁靖崑(左)和季军林诗栋在颁奖仪式上合影。新华社记者 梁旭 摄