North America
ဇယ်လန်းစကီး “ဒီရက်သတ္တပတ် ဒါမှမဟုတ် နောက်ရက်သတ္တပတ်” အမေရိကန်သို့ လာရောက်ပြီး သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် အမေရိကန်သို့ ရောက်ရှိနေသော ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့်အတူ အိမ်ဖြူတော်၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများနှင့် အတူတွေ့ဆုံစဉ်တွင် ထရမ့်က အမေရိကန်နှင့် ယူကရိန်းအကြား သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ် မကြာမီ ချုပ်ဆိုတော့မည်ဟု ပြောကြားခဲ့သည်။
အမေရိကန်- ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်သည် “ပြီးစီးဖို့ အလွန်နီးကပ်နေပါပြီ”၊ အကြောင်းအရာများက ယူကရိန်း “မြေရှားသတ္တုနှင့် အခြားပစ္စည်းအများအပြား” နှင့်သက်ဆိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် “ဒီရက်သတ္တပတ် ဒါမှမဟုတ် နောက်ရက်သတ္တပတ်” တွင် အမေရိကန်သို့ လာရောက်ပြီး သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ကြောင်း၊ ထိုအချိန်တွင် အိမ်ဖြူတော်၌ နှစ်ဦး တွေ့ဆုံမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ယူကရိန်း၏ မြေရှားသတ္တုစသည့် အရင်းအမြစ်များအပေါ် အစွဲအလမ်းကြီးပြီး ယူကရိန်းအနေဖြင့် မြေရှားသတ္တုဖြင့် အမေရိကန်အထောက်အပံ့များကို လဲလှယ်ရန် မျှော်လင့်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ အမေရိကန်သည် ယင်းမတိုင်မီ ယူကရိန်းထံ သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်အစီအစဉ်ကို ပေးအပ်ခဲ့သော်လည်း ဇယ်လန်းစကီးက စာချုပ်ချုပ်ဆိုရန် ငြင်းဆိုခဲ့သည်။ အကြောင်းရင်းမှာ ဤအစီအစဉ်၏ “တစ်ခုတည်းသော ရှင်းရှင်းလင်းလင်းဖြစ်သည့် အစိတ်အပိုင်းမှာ ယူကရိန်းက သတ္တုထုတ်ကုန်အရင်းအမြစ်၏ ၅၀ ရာခိုင်နှုန်းကို လွှဲပြောင်းပေးရမည်” ဖြစ်ပြီး ယူကရိန်းအတွက် “လုံခြုံရေး အာမခံချက်” ကင်းမဲ့သောကြောင့်ဖြစ်သည်။ (Xinhua)
……………………………………….
(Chinese Version)
特朗普:泽连斯基“本周或下周”来美签矿产协议
美国总统特朗普24日在白宫与到访的法国总统马克龙举行会谈。在会谈后共见记者环节,特朗普说,美国和乌克兰之间的矿产协议即将达成。
特朗普说,美乌矿产协议已“非常接近完成”,内容将涉及乌“稀土和许多其他东西”。乌总统泽连斯基可能“本周或下周”赴美签署协议,届时两人将在白宫会面。
特朗普对乌克兰的稀土等资源念念不忘,多次表示希望乌克兰拿稀土换取美国援助。美方此前向乌方提供一份矿产协议方案,但泽连斯基拒绝签署,原因是该方案“唯一明确的部分是乌克兰必须交出50%的矿产资源”,却缺少对乌克兰的“安全保障”。
图说:2月24日,美国总统特朗普(右)在华盛顿白宫与到访的法国总统马克龙举行会谈后的联合记者会。 新华社记者 胡友松 摄