Connect with us

China

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် လူပုံစံတူ စက်ရုပ် “တာ့ကျွမ့်” အား စစ်ဆေးစမ်းသပ်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ Wuhan Glory Road Intelligent Technology Co., Ltd., တွင် လူပုံစံတူ စက်ရုပ်ကို စစ်ဆေးစမ်းသပ်နေသော သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင် ကျူးဝိန်ရွှမ်အား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ Wuhan Glory Road Intelligent Technology Co., Ltd., ၏ စက်ရုပ်ဓာတ်ခွဲခန်းအတွင်း သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့က “တာ့ကျွမ့်” ဟု ချစ်စနိုးခေါ်သော “ကာယလုပ်သား” စီးရီး၏ လူပုံစံတူ စက်ရုပ်ကို ခွန်အားနှင့် ရွေ့လျားမှု ဟန်ချက်ညီရေးအတွက် အနုစိတ် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ဤအမျိုးအစား စက်ရုပ်၏ အရပ်အမြင့်သည် ၁.၈ မီတာရှိပြီး အလေးချိန်မှာ ၉၅ ကီလိုဂရမ်ရှိသည်။ ၎င်းကို ကိုယ်ပိုင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြုလုပ်ထားသော လှုပ်ရှားမှု ထိန်းချုပ်ရေး အယ်လဂိုရစ်သမ်အသုံးပြုထားကာ အလေးချိန် ကီလိုဂရမ် ၄၀ မှ ၆၀ အထိ သယ်ဆောင်နိုင်ပြီး ဒူးအဖြောင့်အတိုင်း လမ်းလျှောက်နိုင်သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ်သည် ၎င်းပြည်နယ်အတွင်း အားကောင်းခိုင်မာသော သိပ္ပံ သုတေသန အင်အားနှင့် စက်မှုအခြေခံများကို အားပြု၍ “အသုံးပြုခြင်း” မူကို လမ်းညွှန်အဖြစ်သတ်မှတ်ကာ အသုံးချမှုနယ်ပယ်များကို အပြည့်အဝ တိုးချဲ့ပြီး လူပုံစံတူ စက်ရုပ်လုပ်ငန်းတွင် တီတွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြင့် နေရာတစ်ခု ဖန်တီးမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ Wuhan Glory Road Intelligent Technology Co., Ltd., တွင် လူပုံစံတူ စက်ရုပ်ကို စစ်ဆေးစမ်းသပ်နေသော သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင် ဟယ်ချီ (ဝဲဘက်၊ ဒုတိယ) အား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
武汉:人形机器人“大壮”加紧调试
新华社照片,武汉,2025年2月25日
近日,在武汉格蓝若智能技术股份有限公司的机器人实验室内,研发团队正对昵称“大壮”的“劳动者”系列人形机器人进行力量和动态平衡的精细化调试。这款机器人身高1.8米、体重95公斤,采用自主研发的运动控制算法,可负重40至60公斤并实现直膝行走。湖北省将依托省内强大的科研力量和产业基础,以“用”为导向,全力拓展应用场景,打造人形机器人产业创新发展高地。
图说1:2月24日,在武汉格蓝若智能技术股份有限公司,研发团队成员朱文轩在调试人形机器人。 新华社记者 杜子璇 摄
图说2:2月24日,在武汉格蓝若智能技术股份有限公司,研发团队成员何琦(左二)在调试人形机器人。新华社记者 杜子璇 摄