Africa & Middle East
အစ္စရေးက ဆီးရီးယားနိုင်ငံ တောင်ပိုင်းအား လေကြောင်းတိုက်ခိုက်

ဒါရာ (ဆီးရီးယား)၊ ဖေဖာ်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်းတွင် ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ကွပ်ကဲရေးဌာနနှင့် လက်နက်ဂိုဒေါင် အများအပြား အပါအဝင် စစ်ရေးပစ်မှတ်အများအပြားအား တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်ကလည်း ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။ အစ္စရေးစစ်တပ်က စဉ်ဆက်မပြတ် လှုပ်ရှားနေခြင်းသည် အစ္စရေးအပေါ် ခြိမ်းခြောက်မှုမှန်သမျှအား ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အစ္စရေးတိုက်လေယာဉ်သည် ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်း မြို့တော် ဒမတ်စကပ်စ်နှင့် နီးစပ်သော Kisweh ဒေသနှင့် ဒါရာပြည်နယ် ဟိုက်ဒရာဒေသအား လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားရုပ်သံလွှင့်ဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ ဒါရာပြည်နယ်နှင့် Quneitra ပြည်နယ်တို့ အထက်ဝေဟင်တွင် အစ္စရေးတိုက်လေယာဉ်များ ခပ်စိတ်စိတ် ပျံသန်းမှုရှိကြောင်း သိရသည်။ (Xinhua)

ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဒါရာပြည်နယ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(Chinese Version)
以色列对叙利亚南部发动空袭
新华社照片,德拉(叙利亚),2025年2月26日
以色列国防部长卡茨25日晚发表声明说,以军当晚对叙利亚南部进行了空袭。以国防军发表声明证实,以军当晚对叙利亚南部多处军事目标发动袭击,包括指挥中心和多个武器库。声明说,以军将持续行动,旨在消除对以色列的任何威胁。另据叙利亚电视台报道,以色列战机25日晚在叙南部对靠近叙首都大马士革的基斯沃地区和德拉省的伊兹拉地区发动空袭。德拉省和库奈特拉省上空均有以色列战机密集盘旋。
图说1:这是2月26日在叙利亚南部德拉省拍摄的在以色列空袭中损坏的装甲车。新华社发
图说2:这是2月26日在叙利亚南部德拉省拍摄的一处以色列空袭后的建筑废墟。新华社发