China
ပြည်တွင်းပြည်ပ ခရီးသွားများ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့ အလှရှုခင်းများကို နှစ်ခြိုက်ကြ

ချန်ရှား၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့သည် တစ်မူထူးခြားသော သလင်းကျောက် သဲကျောက်တောင် သစ်တောရှုခင်းများ၊ အံ့ဖွယ် သဘာဝရှုခင်းမြင်ကွင်းများဖြင့် ကမ္ဘာတွင် ကျော်ကြားပြီး တရုတ်နိုင်ငံ ပထမအသုတ် ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်း၊ ကမ္ဘာလုံးဆိုင်ရာ ပထမဆုံး ကမ္ဘာ့ဘူမိဗေဒဥယျာဉ်၊ ကမ္ဘာ့ “ကျန်းကျားကျဲ့မြေမျက်နှာသွင်ပြင်” ဟု အမည်ပေးထားသည့်နေရာများ စသည့် နာမည်ကတ်များစွာ ပိုင်ဆိုင်ထားရာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ နှစ်သက်ကြသည့် ခရီးသွားနေရာဖြစ်သည်။
မကြာသေးမီနှစ်များတွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဈေးကွက် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ကျန်းကျားကျဲ့သည် “China Travel” ၏ ရေပန်းစားနေရာ ပို၍ ဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ကျန်းကျားကျဲ့တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၈၃ ခုမှ ပြည်တွင်းသို့ဝင်လာသည့် ဧည့်သည်များကို လက်ခံခဲ့ပြီး တစ်နှစ်တာအတွင်း ပြည်တွင်းသို့ဝင်ရောက်လာသော ခရီးသည် ခရီးစဉ်အကြိမ်ရေ ၁.၈၃ သန်းကျော်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့ အမျိုးသား သစ်တောဥယျာဉ်ရှိ ယွမ်ကျားကျဲ့ ရှုခင်းသာတွင် လှည့်လည်ကြည့်ရှုနေသော ခရီးသွားဧည့်သည်များအား ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
湖南张家界:中外游客乐享风光
新华社照片,长沙,2025年2月27日
湖南张家界以独特的石英砂岩峰林地貌、鬼斧神工的自然景观闻名于世,拥有中国首批世界自然遗产、全球首批世界地质公园、世界“张家界地貌”命名地等多张名片,是国内外游客喜爱的旅游目的地。 近年来,随着全球旅游市场的回暖,张家界更是成为“China Travel”热门地。2024年,张家界的入境客源地达183个国家和地区,全年接待入境游客超183万人次。
图说1:2025年2月5日,游客在张家界国家森林公园袁家界景区游玩(无人机照片)。 新华社发(吴勇兵摄)
图说2:2024年5月2日,游客在湖南张家界国家森林公园袁家界景区游览。新华社发(吴勇兵摄)