North America
ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်က ငြိမ်းချမ်းရေး သားရေခြုံထားသည့် အရင်းအမြစ် လုယူမှုလော

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်က ယူကရိန်းထံမှ သတ္တုထုတ်ကုန်အရင်းအမြစ်များ တောင်းယူသည့် သဘောတူညီချက်နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ယူကရိန်း နှစ်ဖက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ၂၈ ရက်တွင် အမေရိကန်သို့ သွားရောက်၍ အမေရိကန်သမ္မတ ထရမ့်နှင့် အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် ယူကရိန်းနှင့် အမေရိကန် အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ အမေရိကန်မီဒီယာက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထို့ပြင် ယူကရိန်းနှင့် အမေရိကန်သည် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်၏ နောက်ဆုံးဗားရှင်းကို “ပြင်ဆင်ထားပြီး” ဖြစ်ကာ အဆိုပါ သဘောတူညီချက်သည် ဖေဖော်ဝါရီ ၂၆ ရက် နှောင်းပိုင်းက ယူကရိန်းအစိုးရ အတည်ပြုချက် ရရှိမည်ဟု ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့ကြောင်းလည်း အခြားသတင်းများတွင် ဖော်ပြထားသည်။
ယူကရိန်း အကျပ်အတည်း ဘက်စုံအရှိန်မြင့်တက်လာပြီး ၃ နှစ်အကြာတွင် သီတင်းပတ်များစွာ လွန်ဆွဲ၍ အိမ်ဖြူတော်က “ရေရှည်ငြိမ်းချမ်းရေး သယ်ဆောင်လာမည်” ဟုဆိုသော အဆိုပါသဘောတူညီချက်မှာ အမှန်စင်စစ်တွင်မူ ယူကရိန်းက အမေရိကန်၏ အဆက်မပြတ်ဖိအားပေးမှုကြောင့် မဖြစ်မနေချုပ်ဆိုရသည့် “အန္တရာယ်ကြားက မိတ်ဖက်စာချုပ်” ပင်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။ အမေရိကန်အစိုးသစ်က ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် တွန်းအားပေးခြင်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ ပိုမိုကြီးမားသော စီးပွားရေးအကျိုးအမြတ်ရယူရန်ပင်ဖြစ်သည်။ ထိုကဲ့သို့ “အမေရိကန်ဦးစားပေးမှု” လုပ်ရပ်သည် အသစ်အဆန်းကိစ္စ မဟုတ်တော့ပေ။
အပြန်အလှန်လွန်ဆွဲပြီးနောက် ရရှိသည့် သဘောတူညီချက်
လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်တွင် ယူကရိန်း-အမေရိကန် အစိုးရက သက်ဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့ပြီး “လက်တွေ့တွင် သဘောတူညီချက် နောက်ဆုံးဗားရှင်းကိုသတ်မှတ်ခဲ့” ကြောင်း၊ အဆိုပါသဘောတူညီချက်၏အမည်မှာ “ယူကရိန်း ပြန်လည်
တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းနှင့် သတ်မှတ်ချက် သဘောတူညီမှု” ဖြစ်ကြောင်း Denys Shmyhal ကဆိုသည်။
လုံခြုံရေးအာမခံချက်မရှိသည့် အခြေအနေတွင် ယူကရိန်းက မည်သည့်သဘောတူညီချက်ကိုမျှ လက်မှတ်ရေးထိုးရန် မစဉ်းစားထားကြောင်း၊ “ယူကရိန်းက ရေရှည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုကို တည်ဆောက်ရန် လုံခြုံရေးအာမခံချက် ရရှိရေး” အား အမေရိကန်က ထောက်ခံအားပေးကြောင်းလည်း Denys Shmyhal က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
“ဒါက ပမာဏအလွန်ကြီးမားတဲ့ အရောင်းအဝယ်ပါ” ဟု ထရမ့်က ဖေဖော်ဝါရီ ၂၅ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
သဘောတူညီချက်အရ အမေရိကန်နှင့် ယူကရိန်းသည် ရန်ပုံငွေတစ်ရပ်ကို အတူတကွ တည်ထောင်မည် ဖြစ်ပြီး ယူကရိန်းဘက်က ၎င်းနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု စသည့် အရင်းအမြစ်များ၏ အနာဂတ်အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို အဆိုပါရန်ပုံငွေ၌ ထည့်ဝင်မည် ဖြစ်ကြောင်း ထိုမတိုင်မီ မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်အနေဖြင့် အဆိုပါရန်ပုံငွေမှ ရရှိသော စီးပွားရေးအကျိုးအမြတ် အများဆုံးကို ပိုင်ဆိုင်မည် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ဝင်ငွေကို ယူကရိန်းအပေါ် ထပ်မံရင်းနှီးမြှုပ်နှံမှုတွင် အသုံးပြုမည် ဖြစ်သည်။ သဘောတူညီချက်တွင် ယူကရိန်းက အမေရိကန်၏ ရန်ပုံငွေထဲသို့ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ထည့်ဝင်ခြင်း မပါဝင်တော့သလိုအနာဂတ်တွင် အမေရိကန်က ယူကရိန်းသို့ ပေးအပ်သည့်မည်သည့်အကူအညီမှန်သမျှကို ယူကရိန်းက နှစ်ဆ ပြန်ဆပ်ရန် တောင်းဆိုချက်လည်း မပါဝင်တော့ပေ။
အတင်းအဓမ္မဖိအားပေးမှု
အမေရိကန်အစိုးရသစ်တက်လာပြီး မကြာမီတွင် ယူကရိန်း၏ သတ္တုအရင်းအမြစ်များကို မျက်ခြည်မပြတ် စောင့်ကြည့်လာခဲ့သည်။ ထရမ့်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ အမေရိကန်နိုင်ငံအစိုးရ၊ ယူကရိန်းနှင့်ရုရှားရေးရာ အထူးသံတမန် Keith Kellogg တို့ အလှည့်ကျပါဝင်လာကာ ဖုန်းဖြင့် သံတမန်ဆက်သွယ်ခြင်း၊ လူမှုမီဒီယာတွင် ပို့စ်တင်ခြင်း၊ ကိဗ်မြို့သို့ သွားရောက်ခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် သံတမန်ရေးထိုးစစ်ဆင်မှုနှင့် အတင်းအဓမ္မဖိအားပေးမှုများ လုပ်ဆောင်လာသည်။
မကြာမီရက်ပိုင်းများက အမေရိကန်နှင့် ယူကရိန်းကြား သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် ကွဲလွဲမှုများ ထင်ရှားခဲ့သည်။ အမေရိကန်က ယူကရိန်းအပေါ် ကူညီမှုများအတွက်လျော်ကြေးငွေပြန်ရရန် ထရမ့်က ယင်းသဘောတူညီချက်ကိုအသုံးချ၍ ယူကရိန်း ၎င်းနိုင်ငံ၏ သတ္တုတူးဖော်ခွင့်ပေးရန်ဖိအားပေးလိုသည်။ ဇယ်လန်းစကီးအနေဖြင့် အမေရိကန်ဘက်က “တောင်းသည့် ဈေး” မြင့်မားလွန်းသည်ဟုယူဆရာ ယူကရိန်းအပေါ် လုံခြုံရေးအာမခံချက်လည်း မပါဝင်ခြင်းကြောင့် ထိုမတိုင်မီ အမေရိကန်အဆိုပြုသည့် သဘောတူညီချက်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းက သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်အားအမြန်ဆုံးလက်မှတ်ရေးထိုးရေးကို ဖိအားပေးရန် အမေရိကန်က “ပြင်းပြင်းထန်ထန် အကျပ်ကိုင်” သည့် ပုံစံကို စတင်ခဲ့သည်။ ရုရှားနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးကာ ယူကရိန်းကို ဆွေးနွေးပွဲပြင်ပတွင် ဖယ်ထားခြင်း၊ ဇယ်လန်းစကီးအား အဆက်ပြတ် “စကားနာထိုးခြင်း”၊ ယူကရိန်းကို အမေရိကန် Space X ကုမ္ပဏီ၏ “Starlink” ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ဆက်လက်အသုံးပြုမှုအား တားမြစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ယူကရိန်းအရေးကိစ္စ အရေးပေါ်အစည်းအဝေးတွင် ယူကရိန်း စသည့်နိုင်ငံများစွာက တင်ပြသော ဆုံးဖြတ်ချက်မူကြမ်းအား ကန့်ကွက်မဲပေးခြင်း… ယူကရိန်းထံမှ “ကျွန်တော်တို့ (အမေရိကန်) ရယူနိုင်တဲ့ပစ္စည်းမှန်သမျှကို” ရယူသွားမည်ဟုလည်း ထရမ့်က ထိုမတိုင်မီ ပြောကြားခဲ့သည်။
အမေရိကန်သည် ကိဗ်အရင်းအမြစ်များကို အရောင်းအဝယ်ပုံစံဖြင့် လုယူသူ ဖြစ်နေပြီဟု အမေရိကန် CNN သတင်းဌာနက မှတ်ချက်ပြုဖော်ပြထားသည်။ အမေရိကန် အစိုးရသစ်သည် အမေရိကန်က ရာစုနှစ်တစ်ခုနီးပါးကြာကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများ ဖြေရှင်းသည့်ပုံစံအား လုံးဝပြောင်းလဲလိုက်ကာ အင်အားကြီးနိုင်ငံက အားနည်းသောနိုင်ငံထံမှ ပစ္စည်းဆက်သရန် တောင်းဆိုခြင်း၊ အကျပ်ကိုင်ခြင်းဖြင့် ပိုင်နက်နယ်မြေတိုးချဲ့သည့် ခေတ်သို့ ကမ္ဘာကြီးကို ပြန်ရောက်သွားစေသည်ဟုလည်း “ဝါရှင်တန်ပို့စ်” က ရေးသားဖော်ပြ၍ ထောက်ပြခဲ့သည်။
အမေရိကန်ပုံစံ အတင်းအကျပ်တောင်းခံခြင်း မှန်သမျှက အကျိုးအမြတ်အတွက်ပင်ဖြစ်
အမေရိကန်က ယူကရိန်း သတ္တုအရင်းအမြစ်များအပေါ် ထိန်းချုပ်မှုကို အရှိန်မြှင့်တင်ဖော်ဆောင်ခြင်းသည် တစ်ဖက်တွင် ယူကရိန်းအပေါ် ကူညီမှုများမှ “အရင်းပြန်ရ” လိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ အဓိကသတ္တုထုတ်ကုန်များအား လုယူရန်အတွက် မဟာဗျူဟာဖြန့်ကြက်ထားရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အမေရိကန် ကိုလံဘီယာတက္ကသိုလ် ဥရောပရေးရာသုတေသနဌာန ဥက္ကဋ္ဌ Adam Tooze က အဆိုပါ သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်ကို “သာမန်မဟုတ်သည့် အတင်းအကျပ်တောင်းခံမှုတစ်ကြိမ်” ဟု ခိုင်းနှိုင်းပြောဆိုထားသည်။ ထရမ့်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို အရင်းအနှီးနှင့် အကျိုးအမြတ် တွက်ချက်မှုအဖြစ် အလွယ်တကူပြောင်းလဲထားသောကြောင့် “အမေရိကန် ဦးစားပေးမှု” ၏ မူဝါဒရပ်တည်ချက်ကို ပေါ်လွင်စေသည်ဟု “ဝါရှင်တန်ပို့စ်” က ယူဆထားသည်။
အမေရိကန်က မျက်စိကျနေသည့် ယူကရိန်း သတ္တုအရင်းအမြစ်များသည် အရေးပါ မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိနေသည်။ ယူကရိန်းတွင် အရေးပါသည့်သတ္တုထုတ်ကုန်အရင်းအမြစ် အမျိုးအစားပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်ထားပြီး ၎င်းအနက် အဆောက်အဦ၊ အာကာသစက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် တိုက်တေနီယံနှင့် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် လစ်သီယံတို့လည်း ပါဝင်ကြောင်း ကိဗ်စီးပွားရေးတက္ကသိုလ် သုတေသနပြုလုပ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။
အဓိကသတ္တုထုတ်ကုန်သည် “၂၁ ရာစု စီးပွားရေး၏ အခြေခံဖြစ်ပြီး ပထဝီနိုင်ငံရေးတွင် အရေးပါသောမဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသည်” ၊ ယူကရိန်းနှင့် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်သည် အမေရိကန်က အနာဂတ်လုပ်ငန်းများတွင် ဦးဆောင်ခွင့်အား လုယူသည့် မဟာဗျူဟာမြောက် ဖြန့်ကြက်နေရာချထားမှုပင်ဖြစ်သည်ဟု BBC ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။
စပိန် “El Confidencial” ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါး၌ ယူကရိန်း အကျပ်အတည်းသည် ပထဝီနိုင်ငံရေးပဋိပက္ခမှ စီးပွားရေးအငြင်းပွားမှုအဖြစ် ပြောင်းလဲလာပြီဖြစ်ကြောင်း၊ “အမေရိကန်သည် ပဋိပက္ခ၏ ဖြေရှင်းရေးနည်းလမ်းကို အရောင်းအဝယ်အယူအဆ တစ်မျိုးအဖြစ် ပြောင်းလဲလိုက်ပြီ” ဟု ထောက်ပြထားသည်။
အမေရိကန်နှင့် ယူကရိန်းသည် သတ္တုထုတ်ကုန်ဆိုင်ရာသဘောတူညီချက်ကို သဘောတူညီမှု ရရှိထားသော်လည်း ထိုသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်မှုအပိုင်းတွင် လက်တွေ့အကြောင်းအချက် ကန့်သတ်မှုများစွာရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိတွင် ယူကရိန်း၏ လုံခြုံရေးအခြေအနေသည် ရှင်းလင်းမှုမရှိသေးဘဲ အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးနေပြီး သတ္တုတူးဖော်ရန် အရင်းအနှီးမြင့်မားခြင်းကြောင့် အခက်အခဲများစွာရှိသည်ဟု အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် ဆောင်းပါး၌ ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂကလည်း ယူကရိန်းသတ္တုအရင်းအမြစ်များကို မျက်စိကျလာခဲ့သည်။ ဥရောပသမဂ္ဂဘက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းအစိုးရထံသို့ သတ္တုထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ခု ပေးပို့ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ထိုနေ့တွင်ပင် ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ယူကရိန်းအစိုးရနှင့် ဥရောပကော်မရှင်တို့ ကျင်းပသည့် ပူးတွဲအစည်းအဝေးတွင် ယူကရိန်းပြန်လည်ထူထောင်မှုသည် ဥရောပလုပ်ငန်း ကုမ္ပဏီများအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု အလားအလာပေးခြင်းဖြစ်ကြောင်း၊ ယူကရိန်းသည် ဥရောပထံသို့ လက်တွေ့ကျသော “မဟာဗျူဟာ အားသာချက်” အရင်းအမြစ်များကို ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။
အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး အက်ကြောင်း အဆက်မပြတ် နက်ရှိုင်းလာသည့် နောက်ခံအခြေအနေတွင် ယူကရိန်း၏ သဘောထားဖော်ပြချက်သည် အမေရိကန်နှင့် ဥရောပ၏ သဘောထားကွဲလွဲမှုကို တစ်ဆင့်တိုး သိသာလာစေကြောင်း၊ အနာဂတ်တွင် နှစ်ဖက်က ယူကရိန်း သတ္တုထုတ်ကုန်များနှင့် စပ်လျဉ်း၍ ယှဉ်ပြိုင်မှုသည် အဆက်မပြတ်ဆိုးရွားလာနိုင်ခြေရှိကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် သမ္မတ ထရမ့်က ၎င်းလက်မှတ်ရေးထိုးထားသောအမိန့်ကြေညာချက်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်ရှေ့မှ ဖြတ်သန်းသွားလာနေသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
国际观察|乌克兰矿产协议:披着和平外衣的资源争夺
新华社北京2月26日电 美国媒体25日引述匿名乌克兰和美国官员消息报道说,美乌双方已就一项美向乌索要矿产资源的协议达成一致,乌总统泽连斯基将于28日赴美同美国总统特朗普签署该协议。另据报道,乌克兰总理什梅加尔26日表示,乌克兰和美国“已准备好”矿产协议的最终版本,该协议将于26日晚些时候获得乌克兰政府批准。
分析人士指出,乌克兰危机全面升级三年后,这份拉锯数周、被白宫宣传为“将带来持久和平”的协议,实则是乌克兰在美国不断施压下的“城下之盟”。美国新一届政府推动解决乌克兰危机,其动机并非为了和平,而是图谋获得更大的经济利益,这种“美国优先”的做法早已不是新鲜事。
拉锯后的协议
什梅加尔说,过去两周,乌美政府就签署相关协议开展了大量工作,并“实际上制定了最终协议版本”,该协议名为“关于设立乌克兰重建投资基金规则与条件的协议”。
什梅加尔同时表示,乌方不考虑在没有安全保障的情况下签署任何协议,美国支持“乌克兰获得安全保障以建立持久和平的努力”。
“这是一笔数额非常巨大的交易。”特朗普25日在白宫对记者说。
据媒体此前报道,按照协议,美乌将共同设立一项基金,乌方会将本国石油、天然气、矿产等资源未来收益的50%注入该基金。美国将最大程度地拥有该基金产生的经济利益,将部分收入用于对乌克兰的再投资。协议不再包括乌克兰向美国所有的基金注资5000亿美元的内容,同时也不再要求乌方以两倍数额偿还未来任何美对乌援助。
强力施压
美国新一届政府上台不久就紧盯乌克兰的矿产资源。特朗普、美国财政部长贝森特、美国政府乌克兰和俄罗斯问题特使凯洛格等轮番登场,通过电话外交、社交媒体发帖、到访基辅等各种形式展开外交攻势和强力施压。
一段时间以来,美乌围绕矿产协议分歧突出。美国想利用矿产协议逼迫乌克兰交出本国矿产开采权,以补偿美国对乌援助,泽连斯基则认为美方“要价”过高,还不包括对乌克兰的安全保障,因此拒绝美方此前提出的协议版本。
为了逼迫乌克兰速签矿产协议,美国开启了“强压”模式:推动同俄罗斯直接谈判,将乌克兰排除在谈判桌外;在言论上连连向泽连斯基“开火”;威胁禁止乌方继续使用美国太空探索技术公司的“星链”卫星网络服务;在联合国大会乌克兰问题紧急特别会议上对乌克兰等多国提交的决议草案投反对票……特朗普此前表示,将向乌克兰索要“任何我们(美国)能得到的东西”。
美国有线电视新闻网发表评论说,美国已变成基辅资源的交易型掠夺者。美国《华盛顿邮报》也刊文指出,美国新一届政府颠覆了美国近一个世纪以来处理全球事务的方式,使世界回到了强国向弱国索取贡品、通过胁迫扩张领土的时代。
美式勒索皆为利来
分析人士指出,美国加速推进对乌矿产资源控制,一方面是想实现对乌援助的所谓“回本”,另一方面旨在争夺关键矿产进行战略布局。美国哥伦比亚大学欧洲研究所所长亚当·图泽将该矿产协议形容为“一次非同寻常的勒索行为”。《华盛顿邮报》认为,特朗普政府将全球事务简化为成本收益核算,凸显了“美国优先”的政策立场。
美国盯上的乌克兰矿产资源具有重要战略意义。基辅经济学院的一项研究显示,乌克兰拥有超过100种关键矿产资源,其中包括被广泛用于建筑、航天工业的钛和用于制造电动汽车电池的锂。
英国广播公司网站刊文说,关键矿产是“21世纪经济的基础,在地缘政治中有着重要战略意义”,同乌克兰的矿产协议是美国争夺未来产业主导权的战略布局。西班牙《机密报》网站发表文章指出,乌克兰危机已从地缘政治冲突转变为经济争端,“美国已将冲突的解决方案转向一种交易逻辑”。
尽管美乌就矿产协议达成一致,但协议落实仍面临多重现实因素制约。美国战略与国际问题研究中心网站发表文章说,目前乌克兰安全局势不明,基础设施受损严重,矿产开采成本高昂,困难重重。
与此同时,欧盟也瞄上了乌克兰矿产资源。据报道,欧盟方面24日向乌政府递交了一份矿产合作协议。同日,乌总理什梅加尔在乌克兰政府与欧盟委员会举行的联席会议上说,乌克兰重建为欧洲企业提供了巨大投资空间,乌克兰将向欧洲提供切实的“战略优势”资源。
分析人士指出,在跨大西洋关系裂痕不断加深的背景下,乌方的表态进一步凸显了美欧分歧,未来双方在乌克兰矿产上的竞争或将不断加剧。
图说1:这是2024年4月23日在美国首都华盛顿拍摄的美国国会大厦。新华社记者刘杰摄
图说2:2025年1月20日,在美国首都华盛顿第一资本体育馆,美国总统特朗普签署行政令。新华社记者李睿摄
图说3:2025年2月24日,在比利时布鲁塞尔,人们走过欧盟总部。新华社记者孟鼎博摄