Asia
ရုရှား-အမေရိကန် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု တူကီယဲ၌ ကျင်းပ

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရုရှား-အမေရိကန် နှစ်ဖက်ဆက်ဆံရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ် အိမ်တော်သို့ ရောက်ရှိခဲ့သည်ကို ဆင်ဟွာသတင်းထောက်က တွေ့မြင်ခဲ့ရသည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် တစ်ဖက်နိုင်ငံ၌ အခြေစိုက်သော သံရုံးများ၏လည်ပတ်မှုကို ဆွေးနွေးရန်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ နှစ်ဖက်က တွေ့ဆုံဆွေးနွေးမှုတွင် သံရုံးလည်ပတ်မှု အကြောင်းအရာ၊ ဝန်ထမ်းထားရှိမှု၊ ဗီဇာ စသည့် အကြောင်းအရာများအား ဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက သတင်းဖော်ပြထားသည်။ (Xinhua)
…………………
(Chinese Version)
俄美双边会谈在土耳其举行
新华社伊斯坦布尔2月27日电(记者王腾飞)
新华社记者27日在现场看到,俄罗斯代表团抵达美国驻伊斯坦布尔领事官邸,就俄美双边关系等进行谈判。
俄罗斯外交部长拉夫罗夫26日说,此次会谈将讨论各自驻对方使馆的运作问题。美国媒体也援引美国国务院人士的话报道称,双方将在会谈中讨论使馆运作问题,涉及人员配置、签证等。(完)