China
တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် ပင်လယ်ကျွန်းသို့ ပထမဆုံးသော ဝေဟင်နိမ့် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း စတင်

ချင်းသောင် (ဆန်းတုန်း)၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် ပင်လယ်ရှိကျွန်းသို့ ပထမဆုံးသော ဝေဟင်နိမ့် ပို့ဆောင်ရေးလမ်းကြောင်းကို ဖေဖော်ဝါရီ ၂၇ ရက်၌ စတင်ခဲ့ရာ ကြာချိန် ၁၀ မိနစ်အတွင်း ကျီမီယာဆိပ်ကမ်းနှင့် လျင်ဆန်းကျွန်းအကြား ပျံသန်းမှုအကွာအဝေး ၁၈ ကီလိုမီတာရှိသော ကုန်းမြေ-ကျွန်း ထောက်ပံ့ပစ္စည်းများ၏အသွားအပြန် သယ်ယူပို့ဆောင်ရေးအား ဖော်ဆောင်နိုင်ခဲ့သည်။
ယင်းမတိုင်ခင် လျင်ဆန်းကျွန်းပေါ်တွင် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် ရေကြောင်းပို့ဆောင်ရေးသင်္ဘောများကို အဓိက အားထားရပြီး မြူထူထပ်ချိန်၊ လှိုင်းကြီးချိန်တွင် အမြဲလိုလိုပင် ရပ်ဆိုင်းခဲ့ရကြောင်း၊ ဝေဟင်နိမ့် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း စတင်ဖွင့်လှစ်ခြင်းသည် ဒေသခံ ဝေဟင်နိမ့်စီးပွားရေး၏ အသုံးပြုမှု အခြေအနေများကို တိုးချဲ့ ကြွယ်ဝစေသလို ပင်လယ်ကျွန်းရှိ ဒေသခံများ၏ လူနေမှုဘဝအတွက်လည်း အဆင်ပြေချောမွေ့မှုများ ဆောင်ကြဉ်းပေးကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းသောင်မြို့ အရှေ့ပင်လယ်ကမ်းရိုးတန်းဧရိယာအသစ်ရှိ ကျီမီယာဆိပ်ကမ်းတွင် လျင်ဆန်းကျွန်းဆွယ်မှ သယ်ဆောင်လာသော ငါးအရှင်ကို ပြသနေသော ဝန်ထမ်းအား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………..
(Chinese Version)
青岛首条海岛低空物流航线开通
新华社照片,青岛(山东),2025年2月27日
当日,青岛首条海岛低空物流航线开通,10分钟内便实现了积米崖码头与灵山岛之间18公里航程的陆岛物资双向运输。据介绍,灵山岛以往的物流运输主要依靠船艇水运,雾大、浪高时经常性停航。低空物流航线的开通,拓展和丰富了当地低空经济的应用场景,也给海岛居民的生活带来便利。
图说1:2月27日,青岛西海岸新区积米崖码头,一架无人机准备执飞从积米崖码头到灵山岛的运输任务。 新华社记者李紫恒 摄
图说2:月27日,青岛西海岸新区积米崖码头,工作人员展示无人机从灵山岛上带回的活鱼。新华社记者 李紫恒 摄