Connect with us

Latin America

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဟု နီကာရာဂွါ ကြေညာ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုမြို့၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

နီကာရာဂွါအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဟု ကြေညာပြီးဖြစ်ကြောင်း နီကာရာဂွါ ပူးတွဲသမ္မတ Rosario Murillo က ဖေဖော်ဝါရီ ၂၇ ရက် ရုပ်မြင်သံကြားမိန့်ခွန်း၌ ပြောကြားခဲ့သည်။

နီကာရာဂွါအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာပေးပို့၍ အထက်ပါဆုံးဖြတ်ချက်ကို ကြေညာပြီးဖြစ်ကြောင်း Rosario Murillo ကဆိုသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မိမိ၏စည်းကမ်းသတ်မှတ်ချက်နှင့် တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ်မှုမရှိသော၊ နိုင်ငံရေးအသွင် ပြောင်းလဲမှုမရှိသော အခြေခံမူကို ဖောက်ဖျက်ပြီး “စံနှုန်းနှစ်မျိုး” အသုံးပြု၍ လူ့အခွင့်အရေးကို သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည့် အကြောင်းပြချက်အဖြစ် အလွဲသုံးစား ပြုလုပ်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။

နီကာရာဂွါက ကိုလိုနီဝါဒမူဝါဒနှင့် ပတ်သက်သည့် ကျူးကျော်မှုလုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်း၊ အဆိုပါ ယန္တရားများသည် နိုင်ငံအချုပ်အခြာအာဏာကို လျစ်လျူရှု၍ နိုင်ငံရေးနည်းလမ်းနှင့် ပလက်ဖောင်းကို အသုံးပြုပြီး အစိုးရလုပ်ငန်းများကို အမည်ဖျက်ကာ နီကာရာဂွါ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားကြောင်း Rosario Murillo ကဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ တာဝန်ပေးအပ်စေလွှတ်သော နီကာရာဂွါ လူ့အခွင့်အရေး ပညာရှင်အဖွဲ့သည် ဒေသတွင်းလူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………
(Chinese Version)
尼加拉瓜宣布退出联合国人权理事会
新华社墨西哥城2月27日电(记者吴昊 翟淑睿)马那瓜消息:尼加拉瓜联合总统穆里略27日在电视讲话中说,尼加拉瓜已宣布退出联合国人权理事会。
穆里略说,尼方已向联合国人权理事会主席发函,宣布上述决定。她说,联合国人权理事会违反自身规定和公正、客观、非选择性、非政治化原则,采用“双重标准”,滥用人权作为干预他国内政的借口。
穆里略表示,尼加拉瓜谴责所有涉及殖民主义政策的侵略行为,这些机制无视国家主权,使用政治手段和平台来抹黑政府工作,阻碍尼加拉瓜的经济和社会发展。
26日,由联合国人权理事会委派的尼加拉瓜人权专家组发布了涉及当地的人权报告。(完)
图说:2023年2月27日,联合国人权理事会第52届会议在瑞士日内瓦开幕。新华社记者连漪摄