China
တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်စီးပွားရေးက တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးကို “အတူပေါင်းစပ်” ပေး
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်ပြက္ခဒိန်အရ မြွေနှစ်ရောက်ရှိလာချိန်တွင် ကမ္ဘာတစ်ဝန်း တရုတ်နှစ်သစ်ကူး အငွေ့အသက်များ ပြည့်နှက်လျက်ရှိသည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်သည် ၎င်း၏ တစ်မူထူးခြားလှသော ဆွဲဆောင်မှုဖြင့် နိုင်ငံများကိုကျော်ဖြတ်ကာ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးကို “အတူပေါင်းစပ်” စေသည်။ တိုးတက်လျက်ရှိသည့် ခရီးသွားဈေးကွက်ရေစီးကြောင်း၌ ကမ္ဘာ့ဒေသအသီးသီးတွင် ထွန်းလင်းသော “China Red” မီးအလင်းရောင်များကြား၊ နှစ်သစ်ကူးအငွေ့အသက်များ ပြည့်နှက်နေသည့် စားသုံးမှုမြင်ကွင်းများကြားတွင် တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးသည် ပွဲတော်အချိန်အခါ၏ ပျော်ရွှင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူမျှဝေခံစားလျက်ရှိသည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ဟူသော ပြတင်းပေါက်မှတစ်ဆင့် ကမ္ဘာကြီးက ပိုမိုတံခါးဖွင့်လှစ်၍ အားလုံးပါဝင်လက်ခံနိုင်သော တရုတ်နိုင်ငံကို တွေ့မြင်လာပြီး တရုတ်နိုင်ငံ စီးပွားရေး၏ သက်ဝင်လှုပ်ရှားမှုနှင့် တက်ကြွလှုပ်ရှားမှုစွမ်းအားများကို မျက်မြင်သက်သေထူခဲ့သည်။
ယခုနှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်တွင် တရုတ်ပြည်သူများက ပြည်ပသို့ ခရီးသွားလည်ပတ်ရန် ခွန်အားအပြည့် ဖြစ်နေကြသည်။ နွေဦးပွဲတော် ပိတ်ရက်ကာလတိုးခြင်း၊ ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများပြားလာခြင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲလာခြင်းတို့သည် တရုတ်ခရီးသွားများ၏ နယ်စပ်ဖြတ်ကျော် ခရီးသွားရာတွင် “ကောက်ကာငင်ကာ ခရီးထွက်” မည့် စိတ်အားတက်ကြွမှုကို လှုံ့ဆော်ပေးခဲ့ကာ နိုင်ငံအများအပြား၏ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် တက်ကြွလှုပ်ရှားမှု စွမ်းအားအသစ်များ ဆောင်ကြဉ်းသွားသည်။
အွန်လိုင်း ခရီးသွားပလက်ဖောင်း Trip.com မှထုတ်ပြန်သည့် အချက်အလက်များအရ နွေဦးပွဲတော် ပထမနေ့တွင် တရုတ်နိုင်ငံ၏ ပြည်ပထွက်ခရီးသွားလာရန် အမှာစာသည် ယမန်နှစ် နွေဦးပွဲတော် ကာလတူထက် ဆယ်ဂဏန်းတိုးလာပြီး ပြည်ပတွင် ကားငှားမှုနှင့် လက်မှတ်ဝယ်ယူမှု အမှာစာ တိုးတက်မှုနှုန်းသည်လည်း ၇၀ ရာခိုင်နှုန်းထက်ကျော် ကြောင်း သိရသည်။ Qunar ပလက်ဖောင်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ယခုနှစ် နွေဦးပွဲတော် တရုတ်ခရီးသွားများ သွားရောက်သည့်ဒေသတွင် ပြည်ပမြို့ပေါင်း ၂,၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တရုတ်ပြက္ခဒိန်အရ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ပိတ်ရက်ကာလအတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် လည်ပတ်မှုအကြိမ်ရေသည် လတ်တလောနှစ်ပိုင်းအတွင်း စံချိန်သစ်တင်မည်ဖြစ်ကြောင်း၊ နွေဦးပွဲတော်ကာလအတွင်း အားကောင်းသော ခရီးသွားလာ သုံးစွဲမှုသည် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှုခင်းကို ရှုစားခြင်းဖြစ်စေ ပြည်ပသို့ခရီးသွားခြင်းဖြစ်စေ တရုတ်နိုင်ငံဈေးကွက်သည် ၂၀၂၅ ခုနှစ် တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်း စည်ပင်ဝပြော တိုးတက်မှု၏ စမှတ်ကောင်းဖြစ်လာမည်ဟု အမေရိကန် “Travel And Tour World” ဝက်ဘ်ဆိုက် သတင်းဖော်ပြချက်အရ သိရသည်။
ယခုနှစ် နွေဦးပွဲတော်တွင် ကမ္ဘာကြီးကလည်း ကြိုင်လှိုင်လှသည့် ယဉ်ကျေးမှုအငွေ့အသက်များကြားတွင် တရုတ်နိုင်ငံသို့ လာရောက်လျက်ရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် နွေဦးပွဲတော်တွင် ပြည်ပခရီးသွားများက တရုတ်နိုင်ငံလာရောက်ရန် အဆင်ပြေချောမွေ့သည့် မူဝါဒများ၏အခွင့်ကောင်းများဖြင့် နွေဦးပွဲတော် ခရီးသွားဒီရေလှိုင်းနှင့်အတူ တရုတ်နှစ်သစ်ကူး အငွေ့အသက်အပြည့်ရှိသည့် “တရုတ်နိုင်ငံခရီးစဉ်” ကို စတင်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ လမ်းမကြီးနှင့် လမ်းသွယ်များကြားတွင် ပြည်ပခရီးသွားများက “လည်ပတ်ခြင်း၊ စားသောက်ခြင်း၊ ဝယ်ယူခြင်း” တို့ဖြင့် မိမိလက်ကိုင်ဖုန်းပေါ်ရှိ အယ်လ်ဘမ်နှင့် အွန်လိုင်း “ဈေးဝယ်ခြင်းတောင်း” များတွင် အပြည့်ဖြည့်လျက်ရှိသည်။ တရုတ်နိုင်ငံ ဒေသအသီးသီးကလည်း “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်” များ အပြိုင်အဆိုင် မိတ်ဆက်လာကြသည်။ ဒေသ လူမှုယဉ်ကျေးမှုဓလေ့၊ ယဉ်ကျေးမှုများ လက်တွေ့ခံစားခြင်းတို့ကို အဓိကထား ဒီဇိုင်းရေးဆွဲထားသော ခရီးစဉ်များဖြင့် နွေဦးပွဲတော်ယဉ်ကျေးမှု၏ လက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုကို တစ်ဆင့်တိုးဖော်ဆောင်ကာ နှစ်လိုဖွယ်ယဉ်ကျေးမှုဖြင့် ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများအပေါ် ဆွဲဆောင်မှုကို မြှင့်တင်ကြသည်။ Trip.com အချက်အလက်များအရ လတ်တလောတစ်လအတွင်း ပြည်ပခရီးသွားများက “မီးပုံးပွဲတော်” ၊ “ပေကျင်းအော်ပရာ” ၊ “စီချွမ်း အော်ပရာ မျက်နှာပြောင်းသရုပ်ပြဖျော်ဖြေခြင်း” စသည့် ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်လက်မှတ် အမှာစာသည် ယမန်နှစ်ကာလတူထက် ၆ ဆ ကျော် များပြားလာကြောင်း သိရသည်။ ယခုနှစ် နွေဦးပွဲတော် ပိတ်ရက်ကာလအတွင်း တစ်နိုင်ငံလုံး ပြည်ဝင်ပြည်ထွက်ဂိတ်များတွင် ပြည်ဝင်ပြည်ထွက်သွားလာမှု အသစ်တစ်ဖန် အထွတ်အထိပ်ရောက်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှပြည်ဝင်ပြည်ထွက် သွားလာမှု အကြိမ်ရေ ၁.၈၅ သန်း ရှိလာမည်ဖြစ်ကာ ယမန်နှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ပိတ်ရက်ကာလထက် ၉ ဒသမ ၅ ရာခိုင်နှုန်း များလာမည်ဟု တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မျှော်မှန်းထားသည်။
တရုတ်နှစ်သစ်ကူးကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် စီးဆင်းမှုဖြင့် နှစ်သစ်ကူးအငွေ့အသက်များကို တစ်ကမ္ဘာလုံးနှင့် အတူမျှဝေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ စည်းကြပ်ခွန်အဆင့် အဆက်မပြတ် လျှော့ချခဲ့ရာ နယူးဇီလန် ကီဝီသီး၊ ချီလီချယ်ရီသီး၊ ဩစတြေးလျ ကျောက်ပုစွန်၊ ရုရှားနှင်းကဏန်း စသည်တို့သည်လည်း တရုတ်ပြည်သူများ၏ တရုတ်နှစ်သစ်ကူးကုန်ပစ္စည်းများ “လက်ဆောင်ခြင်း” ထဲတွင် ပါဝင်လာသည်။ “ပြည်ပမှ နှစ်သစ်ကူးကုန်ပစ္စည်းများ” အဆက်မပြတ် ရောင်းကောင်းလာခြင်းသည် တရုတ်နိုင်ငံ၏ တစ်နေ့တခြား အမျိုးအစားစုံလင်လာသော စားသုံးမှုလိုအပ်ချက်နှင့် အရှိန်မြင့်တိုးတက်နေသော စားသုံးမှု တက်ကြွမှုစွမ်းအားကို ဖော်ပြသလို တရုတ်ဈေးကွက်၏ အားကောင်းသောဆွဲဆောင်မှုအားကို ပေါ်လွင်စေသည်။
၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည် သမိုင်းဝင်စံချိန်သစ်တင်ခဲ့ပြီး ၁၆ နှစ် ဆက်တိုက် တစ်ကမ္ဘာလုံး၏ ဒုတိယအကြီးဆုံး သွင်းကုန်ဈေးကွက် ဖြစ်လာမည်ဟု ခန့်မှန်းရသည်။ တစ်ချိန်တည်းတွင် နွေဦးပွဲတော်၏ အဆက်မပြတ်တိုးတက်လာသော လွှမ်းမိုးမှုအားကြောင့် ပြည်ပဈေးကွက်တွင် တရုတ်နှစ်သစ်ကူးကုန်ပစ္စည်းများ လိုအပ်ချက်ပမာဏ အဆက်မပြတ် တိုးပွားလာသည်။ ပြည်ပ e-commerce ပလက်ဖောင်းတွင် တရုတ်ရာသီခွင်အကောင် စသည့် နွေဦးပွဲတော် အကြောင်းအရာများ ပါဝင်သော စတစ်ကာအရုပ်၊ မြွေနှစ် လာဘ်ကောင် အမွေးပွအရုပ်၊ နှစ်သစ်ကူး နှစ်ချိုးစပ်စာတန်း စသည်တို့သည်လည်း လူကြိုက်များနေသည်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် လျိုယန် စသည့်ဒေသများမှ ထုတ်လုပ်သော မီးရှူးမီးပန်းထုတ်ကုန်များကလည်း ပြည်တွင်းပြည်ပအမှာစာများ တိုးတက်နေပြီး ဒရုန်းမီးရှူးမီးပန်း စသည့် သမားရိုးကျ လက်မှုပညာနှင့် ယနေ့ခေတ် သိပ္ပံနည်းပညာကို ပေါင်းစပ်ထားသော ကုန်ပစ္စည်းများလည်း လူကြိုက်များလျက်ရှိသည်။ လူမှုမီဒီယာ ပလက်ဖောင်းတွင် “တရုတ်ဖက်ထုပ်” ၊ “တရုတ်နှစ်သစ်ကူးပွဲတော်ပန်း” စသည့် အကြောင်းအရာများကလည်း အင်တာနက်အသုံးပြုသူများကြားတွင် ရေပန်းစားခဲ့သည်။
ယနေ့ခေတ် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံအတွက် တရုတ်နိုင်ငံဖြစ်သည်သာမက ကမ္ဘာကြီးအတွက် တရုတ်နိုင်ငံလည်းဖြစ်သည်။ နွေဦးပွဲတော်စီးပွားရေး “ရေပန်းစား” လာပြီး ကမ္ဘာ့ဒေသအသီးသီးအထိ “ရေပန်းစား” လာခဲ့သည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလ စားသုံးမှု “တိုးတက်လာခြင်း” သည် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အားကောင်းသည့် ပြည်တွင်းမောင်းနှင်အားကို ထင်ဟပ်စေပြီး တစ်ကမ္ဘာလုံးမှ ကုန်သွယ်ရေးမိတ်ဖက်များကလည်း တရုတ်ဈေးကွက်အလားအလာကို ပိုမိုအကောင်းမြင်လာသည်။ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံစီးပွားရေးသည် ခက်ခဲစွာရရှိလာပြီး ထူးခြားသော ရလဒ်ကို ပေါ်လွင်စေသည်။ နွေဦးရာသီ ကျရောက်လာသည်နှင့်အမျှ ကမ္ဘာမြေကြီးလည်း နွေးထွေးလာကာ တရုတ်နိုင်ငံသည်လည်း ကမ္ဘာနှင့်အတူ စောင့်မျှော်ထိုက်သည့် စာမျက်နှာသစ်ကို အတူရေးသားသွားမည်မှာ မုချပင်ဖြစ်ပေသည်။ (Xinhua)
……………………….
(Chinese Version)
新华时评|春节经济让中国与世界“年”在一起
新华社北京2月1日电 新华社记者樊宇
乙巳蛇年至,全球年味浓。春节,以其独特的魅力跨越国界,让中国与世界“年”在一起。在旅游市场涌动的热潮中,在全球多地点亮的“中国红”里,在年味十足的消费场景中,中国与世界同享节日喜庆,共享发展机遇。通过春节这一窗口,世界看到了更加开放包容的中国,见证了中国经济的生机与活力。
今年春节,国人赴海外旅游动力“满格”。春节假期延长、免签国家增加、国际航班恢复,都激发了中国游客跨境旅游“说走就走”的热情,为多国旅游业复苏、经济发展带去新活力。线上旅游平台携程发布的数据显示,春节首日,中国出境游订单较去年春节同期呈现两位数增长,海外租车和门票订单涨幅超过七成。去哪儿平台数据显示,今年春节中国游客目的地覆盖2100余个境外城市。美国“旅行和旅游世界”网站报道说,2025年农历春节假期,中国旅游出行人次将创近年来新高,春节期间强劲的旅游消费将为2025年中国经济增长奠定坚实基础,无论是欣赏国内风景还是出国旅行,中国市场都将成为2025年全球旅游业繁荣的标志性开端。
这个春节,世界也在浓郁的文化氛围中奔赴中国。申遗成功后的首个春节,海外游客趁着来华便利政策的利好加入春运人潮,来一场充满年味的“中国游”。在中国的大街小巷,海外游客纷纷开启“逛吃买”模式,将自己的手机相册和线上“购物车”塞得满满当当。中国各地竞相推出“非遗游”,以当地人文风俗、文化体验为核心设计旅行路线,进一步推动春节文化的传承与创新,以文化感召力增强对全球消费者的吸引力。携程数据显示,近1个月,海外游客“灯会”“京剧”“川剧变脸”等文化类项目门票订单同比增长超6倍。据国家移民管理局预测,今年春节假期全国口岸将迎来新一轮出入境客流高峰,日均出入境人员将达185万人次,较去年春节假期增长9.5%。
年货跨境流动,年味世界共享。随着中国开放的大门越开越大,关税总水平不断降低,新西兰猕猴桃、智利车厘子、澳洲龙虾、俄罗斯雪蟹等进入中国人的年货“大礼包”,“洋年货”持续走俏,体现出中国日益多元化的消费需求和蓬勃的消费活力,彰显出中国市场的强大吸引力。2024年,中国进口规模创历史新高,预计连续16年稳居全球第二大进口市场。与此同时,春节不断增长的影响力,也助推海外市场中国年货需求量持续走高。在海外电商平台,印有生肖等春节元素的贴纸玩具、蛇年吉祥物毛绒玩偶、春联等广受欢迎。湖南浏阳等地生产的烟花产品海内外订单火爆,无人机烟花等融合了传统工艺与现代科技的产品备受青睐。在社交平台上,“中国饺子”“年宵花”等话题引发网友热烈讨论。
今日之中国,不仅是中国之中国,更是世界之中国。春节经济“火”起来,“火”到了世界各地;春节消费“旺”起来,折射中国经济发展强劲内生动力,让全球贸易伙伴更看好中国市场前景。2024年中国经济交出了一份来之不易、可圈可点的成绩单。春暖大地,中国必将与世界一道书写值得期待的新篇章。(完)
图说:1月31日晚,在山东省临沂市郯城县郯国古城景区,两名穿着传统服饰的小女孩在观赏花灯 新华社发(张春雷摄)