Connect with us

North America

အမေရိကန်အပေါ် တန်ပြန် စည်းကြပ်ခွန် ကောက်ခံမည်ဟု ကနေဒါဝန်ကြီးချုပ် ကြေညာ

ကနေဒါနိုင်ငံ အော့တဝါမြို့တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
အမေရိကန်၏ ကနေဒါကုန်ပစ္စည်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို တုံ့ပြန်ရန် ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ ( ၁ ကန်ဒေါ်လာ = ၁.၄၅ ကနေဒါဒေါ်လာ) တန်ဖိုးရှိသော အမေရိကန်မှ ကနေဒါသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။
ထရူးဒိုးက ပထမအသုတ် တန်ပြန် စည်းကြပ်ခွန်ကို ဖေဖော်ဝါရီ ၄ ရက်မှ စတင် ကောက်ခံမည်ဖြစ်ပြီး ကနေဒါဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ၂၁ ရက်အကြာတွင် ကနေဒါဘက်က ကနေဒါဒေါ်လာ ၁၂၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန် စည်းကြပ်ခွန်ကောက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ပစ္စည်းများသည် ကနေဒါသို့ တင်သွင်းသော အမေရိကန်ကုန်ပစ္စည်း စုစုပေါင်းတန်ဖိုး၏ သုံးပုံ တစ်ပုံရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကနေဒါအနေဖြင့် အခွန်စည်းကြပ်ခြင်းမဟုတ်သည့် တန်ပြန်ဆောင်ရွက်မှုများကိုလည်း စဉ်းစားလျက်ရှိကြောင်း ထရူးဒိုးက ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ ဒေသ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ အသီးသီးက အမေရိကန်၏ စည်းကြပ်ခွန်းတိုးမြှင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိကြောင်း၊ ဖက်ဒရယ်အစိုးရ၏ လက်တုံ့ပြန် စည်းကြပ်ခွန် ကောက်ခံမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှူး David Eby က အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်အစီအမံသည် “နှစ်နိုင်ငံအကြား သမိုင်းကြောင်း ချိတ်ဆက်မှုကို လုံးဝ ဖောက်ဖျက်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁ ရက်တွင် မက္ကဆီကို၊ ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်အနေဖြင့် မူးယစ်ဆေးဝါးနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ပြဿနာများ ထိထိရောက်ရောက် မဖြေရှင်းနိုင်မချင်း အထက်ပါနိုင်ငံနှစ်နိုင်ငံ၏ ကုန်ပစ္စည်းအားလုံးကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ယင်းမတိုင်မီ ထရမ့်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
加拿大总理宣布对美征收报复性关税
新华社渥太华2月1日电(记者林威)加拿大总理特鲁多1日宣布将对价值1550亿加元(1美元约合1.45加元)的美国输加产品加征25%的关税,以应对美国对加拿大产品加征关税。
特鲁多表示,首批报复性关税将于2月4日起征收,涵盖价值300亿加元的美国产品。在此21天后,加方将对价值1250亿加元的美国产品征收报复性关税。这些产品约占加拿大进口美国产品总值的三分之一。
特鲁多说,加方还在考虑采取非关税手段进行反制。
加拿大地方领导人及各政党对美国加征关税表示不满,并支持联邦政府征收报复性关税。加拿大不列颠哥伦比亚省省长戴维·伊比当天表示,美国政府的关税措施“完全背叛了两国之间的历史纽带”。
美国总统特朗普1日签署行政令,对进口自墨西哥、加拿大两国的产品加征25%的关税。特朗普此前在社交媒体上称,美国将对来自上述两国的所有产品征收25%的关税,直至毒品与非法移民问题得到有效解决。(完)
图说:2月1日,加拿大总理特鲁多(中)在渥太华接受媒体采访(视频截图)。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.