North America
ယူကရိန်းက အရင်းအမြစ်ဖြင့် အကူအညီများအား လဲလှယ်ရယူရန် မျှော်လင့်ဟု ထရမ့်ဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
ယူကရိန်းက အမေရိကန်ထံ မြေရှားသတ္တု စသည့် အရင်းအမြစ်များ ပံ့ပိုးပေးခြင်းဖြင့် ယူကရိန်းအပေါ် အမေရိကန်၏ကူညီပေးမှုများကိုရယူရန် ၎င်းအနေဖြင့် မျှော်လင့်သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ယူကရိန်းနဲ့ သဘောတူညီချက်တစ်ခု ရယူဖို့ မျှော်လင့်ပါတယ်။ သူတို့က မြေရှားသတ္တု စတာတွေနဲ့ ကျွန်တော်တို့ဘက်က သူတို့ကိုပေးမယ့် ပစ္စည်းတွေကို လဲလှယ်ရယူဖို့ပါ။ ကျွန်တော်တို့က အမေရိကန်ဒေါ်လာ ဘီလီယံရာချီ ရင်းနှီးထားရတာပါ။ သူတို့က မြေရှားသတ္တု အများအပြား ပိုင်ဆိုင်ထားပါတယ်။ မြေရှားသတ္တုတွေ ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့ ကျွန်တော်မျှော်လင့်တယ်။ သူတို့ကလည်း ဒီလိုလုပ်ဖို့ သဘောတူတယ်” ဟု ထရမ့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထရမ့်၏ အထက်ပါပြောကြားချက်နှင့်စပ်လျဉ်း၍ ယူကရိန်းဘက်က တုံ့ပြန်မှုမရှိသေးပေ။
ထို့ပြင် ထရမ့်က “ကျွန်တော်တို့က ရုရှား၊ ယူကရိန်း (ပြဿနာ) ပေါ်မှာ တိုးတက်မှု အများကြီး ရရှိခဲ့ပါတယ်” ၊ “ဒီအဓိပ္ပာယ်မဲ့တဲ့စစ်ပွဲကို ကျွန်တော်တို့ ရပ်တန့်လိမ့်မယ်” ဟုလည်း ဆိုခဲ့သည်။
ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးက မကြာသေးမီက မီဒီယာများ မေးမြန်းမှုကိုဖြေကြားရာတွင် အမေရိကန်သည် ယူကရိန်းထံသို့ အမေရိကန်ဒေါ်လာ ဘီလီယံရာချီ ကူညီမှုပေးအပ်ထားသည်ဟု ဆိုကြောင်း၊ “ဒါပေမဲ့ စစ်ပွဲအခြေအနေထဲ ကျရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအနေနဲ့ ကျွန်တော် ခင်ဗျားတို့ကိုပြောချင်တာက ကျွန်တော်တို့ အမေရိကန်ဒေါ်လာ ၇၅ ဘီလီလံကျော် လက်ခံရရှိထားတယ်… ယူကရိန်းက စစ်ပွဲကာလအတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရှိတဲ့ စစ်ဘက်ဆိုင်ရာအကူအညီတွေ ရရှိထားတယ်လို့ တချို့ကပြောပါတယ်။ ဒါကအမှန်မဟုတ်ပါဘူး။ ဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတာ ကျွန်တော်မသိပါဘူး” ဟု ဖြေကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
特朗普称希望乌克兰用资源换援助
新华社华盛顿2月3日电 美国总统特朗普3日在白宫表示,他希望乌克兰通过向美国供应稀土等资源换取美国对乌援助。
特朗普在白宫椭圆形办公室对在场记者说:“我们希望同乌克兰达成一项协议,他们将用稀土等来换取我们给他们的东西……我们投入了数千亿美元。他们拥有大量稀土。我希望确保稀土安全,他们愿意这样做。”
乌方尚未就特朗普上述表态作回应。
此外,特朗普称,“我们在俄罗斯、乌克兰(问题)上取得了很大进展”,“我们将停止这场荒谬的战争”。
乌克兰总统泽连斯基日前接受媒体采访时表示,美国声称向乌克兰提供了数千亿美元援助,“但作为一个处于战争状态国家的总统,我告诉你们,我们收到750多亿美元……有人说乌克兰在战争期间获得了2000亿美元军事援助,这是不实的,我不知道这些钱都去了哪里。”(完)
图说:1月30日,美国总统特朗普在首都华盛顿白宫出席新闻发布会。新华社记者 胡友松 摄