Connect with us

Asia

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် ကာဂျစ္စတန်နိုင်ငံမှသည် အလယ်အာရှအထိ အခွင့်အလမ်းကောင်းများဆောင်ကြဉ်းပေးရန် မျှော်လင့်ကြောင်း ကာဂျစ္စတန် သမ္မတ Sadyr Japarov ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် အက်စ်တာနာမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ၏ ဖိတ်ကြားချက်အရ ကာဂျစ္စတန်သမ္မတ Sadyr Japarov သည် ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။

နိုင်ငံတော်ခရီးစဉ်မသွားရောက်မီ ဆင်ဟွာသတင်းထောက်၏ သီးသန့်စာရေးမေးမြန်းမှုတွင် Japarov က ကာဂျစ္စတန်အနေဖြင့် ကာဂျစ္စတန်- တရုတ် ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော၊ ထိရောက်မှု ကြွယ်ဝသော ပူပေါင်းဆောင်ရွက်မှုကို အခြေခံပြီး အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အကျိုးပြုမှုကို ထိရောက်စွာ အားဖြည့်ကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် ကာဂျစ္စတန်နိုင်ငံမှသည် အာရှအလယ်ပိုင်းအထိအခွင့်အလမ်းကောင်းများဆောင်ကြဉ်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Japarov က ၂၀၂၃ ခုနှစ် မေလတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်စဉ် ကာလအတွင်း ၎င်းနှင့် သမ္မတ ရှီကျင့်ဖိန်တို့သည် နှစ်ဖက်ဆက်ဆံရေးကို ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးသို့ အတူတကွ မြှင့်တင်ခဲ့ကြကြောင်း၊ “ဒါက ကာဂျစ္စတန်- တရုတ် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုမှာ ကြီးမားတဲ့ အောင်မြင်မှုရခြင်းကို ဖော်ပြပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို မြှင့်တင်ဖို့၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ဖို့ အထောက်အကူပြုတယ်” ဟု ပြောကြားခဲ့သည်။
ကာဂျစ္စတန်- တရုတ် နှစ်နိုင်ငံဆက်ဆံရေး အရည်အသွေးအဆင့်မြှင့်တင်ပြီးနောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ထင်ရှားသော အချက်များကို မကြာခဏ တွေ့ရသည်။ “၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းစီမံကိန်း တရားဝင်စတင်ခြင်းက ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားတဲ့အဆင့်မှာ ဆက်လက်လည်ပတ်မှုကို တွန်းအားပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ဒီစီမံကိန်းက သမ္မတ ရှီကျင့်ဖိန် အဆိုပြုတဲ့ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ အတူတည်ဆောက်ခြင်း၏ အောင်မြင်မှုအသစ် ဖြစ်တယ်” ဟု Japarov က ပြောကြားခဲ့သည်။

ကဏ္ဍအသီးသီးတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းသည် ကာဂျစ္စတန် နိုင်ငံခြားရေး မူဝါဒ၏ ဦးစားပေး ဦးတည်ချက် ဖြစ်ကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်ဘက်က အဆိုပြုသော အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ခြင်း အယူအဆ၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ခြင်း အဆိုပြုချက်၊ အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်တို့ကို အထူးအလေးထားကာ ထောက်ခံကြောင်း၊ ယင်းအတွေးအခေါ် အဆိုပြုချက်များက ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိန်းသိမ်းကာကွယ်မှု ဖော်ဆောင်ရေးတွင် အရေးပါသော ပံ့ပိုးမှုများ လုပ်ဆောင်ပေးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ တွန်းအားပေးနေတာ တွေ့ရပြီး ၎င်း၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေးကြီးကိစ္စရပ်တွေအပေါ် ရရှိထားတဲ့ အောင်မြင်မှု အတွေ့အကြုံတွေကို အခြားနိုင်ငံတွေနဲ့အတူ မျှဝေကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က ကာဂျစ္စတန်နိုင်ငံမှသည် အလယ်အာရှအထိ အခွင့်အလမ်းအသစ်တွေဆောင်ကြဉ်းပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု Japarov က ပြောကြားခဲ့သည်။

နှစ်ပေါင်းများစွာတွင် တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်များအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ “လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ဖို့၊ ကုန်သွယ်ရေး ဗဟုအသွင် ဖော်ဆောင်ဖို့၊ ဘုံအကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပူးတွဲရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို တွန်းအားပေးဖို့ လိုအပ်တယ်” ဟု Japarov က ပြောကြားခဲ့သည်။ ကာဂျစ္စတန်- တရုတ် နှစ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်း၊ ဂေဟစနစ်၊ စွမ်းအင်လုပ်ငန်းစသည့် အရေးကြီးသည့် ကဏ္ဍများတွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု စတင်ရန်၊ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေပြီး နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးနှင့် e-commerce စသည့် အားသာချက်များကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်မှာ ‘လူတွေ စိတ်ချင်းညီရင် တောင်ကြီးကို ရွှေ့နိုင်တယ်’ ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ နှစ်နိုင်ငံအကြား ထိရောက်မှုရှိတဲ့ အရည်အသွေးမြင့် ပူပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးကြောင့် ၂၀၂၄ ခုနှစ် ကာဂျစ္စတန်- တရုတ် နှစ်နိုင်ငံသည် အဓိက စီမံကိန်းတွေမှာ အောင်မြင်မှုရှိတဲ့ တိုးတက်မှုတွေ ရရှိခဲ့တယ်”၊ “စီးပွားရေး လျင်မြန်စွာ တိုးတက်မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအင်အားနှင့် ကင်းကွာ၍မရနိုင်ပါဘူး။ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံ ကြွယ်ဝမှုနဲ့ ကာဂျစ္စတန်- တရုတ် အပြန်အလှန် အကျိုးပြုတဲ့ စီမံကိန်းတွေက ကာဂျစ္စတန်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ခွန်အားရှိရှိ မြှင့်တင်ပေးမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်” ဟု Japarov က ပြောကြားခဲ့သည်။

၂၀၂၄-၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများကောင်စီ အစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်သည်။ ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်းအပေါ် ထောက်ခံကြောင်း Japarov က ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဟာ ပူးပေါင်းဆောင်ရွက်ခြင်းက စတယ်။သာယာဝပြောမှုဟာ စည်းလုံးခြင်းမှာ အဆုံးသတ်တယ်။ အတူတကွကြိုးပမ်းမှုမှတစ်ဆင့် ပိုမိုထင်ရှားတဲ့ အောင်မြင်မှုတွေ ကျွန်တော်တို့ ရရှိနိုင်ပြီး ကာဂျစ္စတန်- တရုတ် နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကို အကျိုးပြုစေမှာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးသည် အဆိုပါအဖွဲ့က ကမ္ဘာ့စင်မြင့်ပေါ်ရှိ အနေအထားအတွက် အားကောင်းသော မောင်းနှင်အားကြီး အသစ်ဖြည့်တင်းမှုကို တစ်ဆင့်တိုး ခိုင်မာစေမည်ဖြစ်ကြောင်း Japarov က ပြောကြားခဲ့သည်။

လာမည့် နိုင်ငံတော်ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားရာတွင် Japarov က “သမ္မတ ရှီကျင့်ဖိန်နဲ့ ရလဒ်အများအပြား ရှိမယ့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကာ နောင်လာမယ့် တာဝန်တွေကိုအတူစီစဉ်ပြီး နှစ်နိုင်ငံ ကဏ္ဍအများအပြားရဲ့ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးမှာ သဘောတူညီချက်ရရှိရေး ကျွန်တော်အနေနဲ့ မျှော်လင့်ပါတယ်” ဟု Japarov က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို မိမိအနေဖြင့် အကြိမ်ပေါင်းများစွာ ရောက်ဖူးကြောင်း၊ တရုတ်နိုင်ငံ၏ အလှအပ၊ တစ်မူထူးခြားသည့် အခွင့်အလမ်းများနှင့် မှတ်သားလောက်ဖွယ် အောင်မြင်မှုများကို မိမိ အမြဲ လေးစားမိကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့် တံခါးပွင့်မူဝါဒက ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြားကို ဆွဲဆောင်နေပြီး တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု ကဏ္ဍ၏ နည်းပညာတီထွင်ဖန်းတီးမှုက တရုတ်နိုင်ငံအား သက်ဆိုင်ရာကဏ္ဍများတွင် ကမ္ဘာ့ရှေ့တန်းရောက်စေကြောင်း ၎င်းက ဆိုသည်။ “တရုတ်မိတ်ဆွေရဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်” ဟု Japarovက ပြောကြားခဲ့သည်။ (Reposted from Xinhua)
#Japarov #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ #တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေး #ကာဂျစ္စတန်_တရုတ် …………………………………..
(Chinese Version)
高端访谈|期待中国式现代化为吉尔吉斯斯坦乃至整个中亚带来新机遇——访吉尔吉斯斯坦总统扎帕罗夫
新华社比什凯克2月4日电 应国家主席习近平邀请,吉尔吉斯斯坦总统扎帕罗夫将于2月4日至7日对中国进行国事访问。访问前夕,扎帕罗夫接受新华社记者独家书面采访时表示,吉方高度重视吉中新时代全面战略伙伴关系,两国在睦邻友好、富有成效的合作基础上有效增强互信互利,期待中国式现代化为吉尔吉斯斯坦乃至整个中亚带来新机遇。
扎帕罗夫表示,在2023年5月访华期间,他与习近平主席共同将双边关系提升为新时代全面战略伙伴关系。“这表明吉中政治互信取得巨大成果,有助于扩大经贸合作,促进人文交流,推动地区合作进一步加强。”
吉中两国关系提质升级以来,双边合作亮点频现。“2024年12月27日,中国-吉尔吉斯斯坦-乌兹别克斯坦铁路项目正式启动,为推动我们两国关系持续高位运行发挥了重大作用。这一项目是习近平主席提出的共建‘一带一路’倡议的新成果。”扎帕罗夫说。
扎帕罗夫强调,深化与中国在各领域的合作是吉尔吉斯斯坦外交政策的优先方向。吉方高度重视和支持中方提出的构建人类命运共同体理念、共建“一带一路”倡议、周边外交理念以及全球发展倡议、全球安全倡议和全球文明倡议。这些理念倡议为实现联合国可持续发展目标、维护全球安全与发展作出重要贡献。
扎帕罗夫说:“我们看到中国正稳步推进高质量发展,并同其他国家分享自己在脱贫、发展等紧迫问题上的成功经验,我非常期待中国式现代化的发展势头将为吉尔吉斯斯坦乃至整个中亚带来新机遇。”
多年来,中国一直是吉尔吉斯斯坦最大的贸易伙伴和主要投资伙伴之一。“当前,我们需要加强经贸协作,实现贸易多元化,推动符合共同利益的联合投资项目。”扎帕罗夫说,吉中两国应在农业、加工业、生态、能源等重要领域开展全面合作,同时强化两国地方合作,有效发挥跨境商务、电子商务等优势。
“中国有句话,‘人心齐,泰山移’。得益于两国之间卓有成效的高质量合作,2024年,吉中两国在许多重点合作项目上取得突破性进展。”扎帕罗夫说,“经济快速发展离不开外资助力。我坚信,中国的丰富经验和吉中互利投资项目将有力促进吉尔吉斯斯坦经济发展。”
中国作为上海合作组织2024-2025年轮值主席国,将于今年主办上海合作组织成员国元首理事会第二十五次会议。扎帕罗夫说,吉方支持中国履行上合组织轮值主席国职责。
“和平始于合作,繁荣归于团结。通过共同努力,我们一定能够取得更加显著的成果,造福吉中两国和两国人民。”扎帕罗夫表示,相信2025年上合组织峰会将为进一步巩固上合组织在世界舞台上的地位注入新的强大动力。
谈及即将进行的国事访问,扎帕罗夫说:“我期待与习近平主席举行富有成果的会谈,共同规划今后的任务,并就加强两国多领域合作达成协议。”
“我曾多次访华,每次都折服于中国的美丽、独特的机遇和令人印象深刻的成就。”扎帕罗夫说,中国高质量发展和高水平对外开放吸引了众多境外投资,中国在数字经济和人工智能领域的技术创新使中国在相关领域走在全球前列,“我们为中国朋友的成就感到高兴”。(完)
图说:当地时间7月3日下午,国家主席习近平在阿斯塔纳出席上海合作组织峰会前会见吉尔吉斯斯坦总统扎帕罗夫。新华社记者 殷博古 摄