North America
မက္ကဆီကို-အမေရိကန် နယ်စပ်လုံခြုံရေးအားကောင်းစေရန် မက္ကဆီကိုက တပ်ဖွဲ့ဝင်များ စတင်စေလွှတ်
Ciudad Juárez ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
နယ်စပ်လုံခြုံရေး အားဖြည့်ရန် ပထမတစ်သုတ် မက္ကဆီကို အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက်က မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ချီဟွားဟွားပြည်နယ် Ciudad Juárez မြို့ စသည့် ဒေသများသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၂၀ ဦးခန့်သည် စစ်လေယာဉ်ဖြင့် အဆိုပါမြို့ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် တာဝန်ထမ်းဆောင်ရန် နယ်စပ်သို့ ထရပ်ကားအများအပြားဖြင့် ခွဲ၍ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းဒေသ အဓိကလမ်းမ အများအပြားတွင် လုံခြုံရေးစစ်ဆေးဂိတ်များ ထားရှိထားကြောင်း ဆင်ဟွာသတင်းထောက်က ထိုနေ့ Ciudad Juárez မြို့၌ တွေ့ရှိခဲ့သည်။
နယ်စပ်လုံခြုံရေးအင်အား တိုးမြင့်အားကောင်းစေရန် လာမည့်ရက်အနည်းငယ်အတွင်း အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၅၀၀ ဦးခန့်သည် ကုန်းကြောင်း၊ လေကြောင်း ပေါင်းစပ်မှုပုံစံဖြင့် Ciudad Juárez မြို့ကို ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်း ထိုနေရာရှိ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။
မက္ကဆီကိုအနေဖြင့် ထိုနေ့မှစ၍ မက္ကဆီကို-အမေရိကန် နယ်စပ်သို့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးခန့် ဖြန့်ကြက်မည်ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Sheinbaum Pardo က အဆိုပါနေ့ အစောပိုင်းတွင် မက္ကဆီကိုနိုင်ငံ မြို့တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ ယင်းတပ်ဖွဲ့ကို မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းနယ်စပ်ရှိ ဆောနိုရာပြည်နယ်၊ ချီဟွားဟွားပြည်နယ်၊ ကိုအဝေလာပြည်နယ်၊ ငွေဗိုလီယွန်ပြည်နယ်နှင့် တာမူးလစ်ပက်စ်ပြည်နယ် စသည့်ဒေသများသို့ ဖြန့်ကြက်မည်ဖြစ်ကာ အဓိက တာဝန်မှာ မူးယစ်ဆေးဝါးမှောင်ခိုနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ စသည့် လုံခြုံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ထရမ့်က မက္ကဆီကို၊ ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့်မည့် အမိန့်ကြေညာချက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထရမ့်က ၎င်းသည် Sheinbaum Pardo နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ရာ စစ်သည် ၁၀,၀၀၀ အား မက္ကဆီကို- အမေရိကန် နယ်စပ်သို့ ချက်ချင်းစေလွှတ်ရန် မက္ကဆီကိုက သဘောတူခဲ့ပြီး ယင်းစစ်သည်များသည် ဖန်တာနိုင်းလ် နှင့် တရားမဝင် ရွှေ့ပြောင်းမှုတို့ အမေရိကန်သို့ ဝင်ရောက်ခြင်းမှ တားဆီးရန် အထူးတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမေရိကန်- မက္ကဆီကို နှစ်ဖက်သည် စည်းကြပ်ခွန်းတိုးမြှင့်ခြင်း အစီအမံ ဖော်ဆောင်ရေးကို တစ်လကြာ ချက်ချင်း ယာယီ ဆိုင်းငံ့ထားရန် သဘောတူခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
墨西哥开始派兵加强墨美边境安全
新华社墨西哥华雷斯2月4日电(记者吴昊)首批墨西哥国民警卫队员4日抵达墨北部奇瓦瓦州华雷斯市等地,以加强边境安全。
新华社记者当天在华雷斯看到,约120名国民警卫队员搭乘军机抵达该市机场,随即分乘多辆卡车前往边境执行任务。当地多处主要道路设有安全检查岗。
据现场军方人员介绍,未来数日,约500名国民警卫队员将通过陆空结合的方式陆续抵达华雷斯,以增强边境地区安全力量。
当天早些时候,墨西哥总统辛鲍姆在首都墨西哥城举行的新闻发布会上宣布,墨方即日起开始向墨美边境部署1万名国民警卫队员。这些部队将被部署到墨北部边境的索诺拉州、奇瓦瓦州、科阿韦拉州、新莱昂州和塔毛利帕斯州等地,主要任务是对付毒品走私与非法移民等安全问题。
美国总统特朗普1日签署行政令,对进口自墨西哥、加拿大两国的商品加征25%的关税。3日,特朗普在社交媒体上发文说,他刚与辛鲍姆进行了电话交谈,墨方同意立即派遣1万名士兵到墨美边境,这些士兵将专门负责阻止芬太尼和非法移民进入美国境内。美墨双方同意将加征关税的措施立即暂缓一个月执行,并继续进行谈判。(完)
图说 1:2月4日,墨西哥国民警卫队员在墨西哥北部奇瓦瓦州华雷斯市巡逻。新华社记者 李梦馨 摄
图说2:2月4日,墨西哥国民警卫队员抵达墨西哥北部奇瓦瓦州华雷斯市。新华社记者 李梦馨 摄