Politics, Law & Military
ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးရောက်ရှိနေသည့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံမှာ တောတောင်ရေမြေချင်းဆက်စပ်မှု၊ ပြည်သူ့စိတ်နှလုံးသားချင်း ရင်းနှီးချစ်ခင်မှု ရှိကြပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ်များတွင် တရုတ်-ကာဂျစ္စတန် ဆက်ဆံရေးသည် ခုန်ပျံကျော်လွှား တိုးတက်မှုများကို ဖော်ဆောင်ခဲ့ရာ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟူသော မြင့်မားသော အဆင့်သစ်သို့ ရောက်ရှိခဲ့ကြောင်း၊ နှစ်ဖက် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်တိုက် ခိုင်မာခြင်း၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး သတင်းကောင်းများ မကြာခဏရှိခြင်းသည် တရုတ်-ကာဂျစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ လူမှုအသိုက်အဝန်းနှင့် ပြည်သူ့ဆန္ဒအခြေခံကို နေ့စဉ်နှင့်အမျှ ခိုင်မာလာစေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုကို အားပေးထောက်ခံသလို ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု နက်ရှိုင်းရန်၊ နိုင်ငံစီမံအုပ်ချုပ်ရေးအတွေ့အကြုံ ဖလှယ်မှုကို တိုးချဲ့ရန်၊ ဘက်စုံ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို လက်တွဲအတူကာကွယ်ရန်၊ တရုတ်-ကာဂျစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေး ပိုမို ကောင်းမွန်စွာ ဖော်ဆောင်မှုကို တွန်းအားပေးရန် ကာဂျစ္စတန်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားလိုကြောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အတွေးအမြင်များကို ဆက်လက်ချဲ့ထွင်ရမည် ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို ပင်မလမ်းကြောင်းအဖြစ် ထားရှိကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းရေး တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးချဲ့လိုရာ ကာဂျစ္စတန် အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပိုမို တင်သွင်းပြီး ပိုမိုများပြားသော တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကာဂျစ္စတန်သို့ သွားရောက် ရင်းနှီးမြှုပ်နှံကြရန် ထောက်ခံအားပေးကြောင်း၊ ကာဂျစ္စတန်ဘက်က တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ၏ တရားဝင် အကျိုးစီးပွားနှင့် လုပ်ပိုင်ခွင့်ကို လက်တွေ့ကျကျ အာမခံပေးရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံ လူပုဂ္ဂိုလ်သွားလာရေးနှင့် ကုန်စည်ကူးလူးဖလှယ်ရေးအတွက် ပို၍အဆင်ပြေချောမွေ့စေရန်အလို့ငှာ အပြန်အလှန်ချိတ်ဆက်မှုအဆင့် ဘက်စုံတိုးမြှင့်သွားမည် ဖြစ်ရာ တရုတ်-ကာဂျစ္စတန် ရထားလမ်းအား အဆင့်မြင့်၊ အရည်အသွေးမြင့် ကောင်းမွန်စွာ တည်ဆောက်သွားသည့် တစ်ချိန်တည်းတွင်ပင် လက်ရှိ တည်ရှိဆဲ ပြည်ဝင်ပြည်ထွက်ဂိတ်များ ခေတ်မီအသွင်ပြောင်း ပြုပြင်တည်ဆောက်ရေးကို တွန်းအားပေးမည် ဖြစ်သလို ပိုမိုများပြားသည့် ခရီးသည်တင်၊ ကုန်တင် လေယာဉ်လမ်းကြောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် E-commerce ၊ Big Data ၊ AI စသည့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ တိုးတက်မှုအသစ်များ ဖန်တီးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် တရုတ်ယဉ်ကျေးမှုစင်တာ၊ လူပန်းအလုပ်ရုံ၊ ကွန်ဖြူးရှပ်စာသင်ကျောင်း စသည့် ဌာနများကို ကောင်းမွန်စွာ လည်ပတ်ပြီး ဒေသဖလှယ်ရေးကို အားဖြည့်ကာ ပိုမို များပြားသည့် တရုတ်-ကာဂျစ္စတန် ချစ်ကြည်ရေး အင်အားကို ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့်အတူ အနီးကပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်လိုကာ တရုတ်-အလယ်အာရှ ယန္တရား ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို မြှင့်တင်သွားမည်ဖြစ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ပို၍လက်တွေ့ကျ အင်အားတောင့်တင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) ကို ဖော်ဆောင်ကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းအား လက်တွဲအတူ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sadyr Japarov က နှစ်သစ်အစတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်ပြည်သူများအား အကောင်းမွန်ဆုံးသော နှစ်သစ် နွေဦးပွဲတော် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ တရုတ်နိုင်ငံက ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် နှစ်တစ်ရာ ရည်မှန်းချက် ၂ ခုကို ဖော်ဆောင်ရာ၌ တောက်ပသည့် အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို နိုင်ငံအသီးသီးနှင့်မျှဝေပြီး ခေတ်မီအသွင်ပြောင်းရေးကို တက်လှမ်းနေသည့် တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံ၏ ထူးချွန်သော ရိုးရာယဉ်ကျေးမှုများကို မြှင့်တင်ခဲ့ရာ ကမ္ဘာအတွက် စံနမူနာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများကို ကာဂျစ္စတန်နိုင်ငံအနေဖြင့် လေ့လာသင်ယူလိုကြောင်း၊ ကာဂျစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကာလကြာရှည်တည်ရှိခဲ့ပါကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင့်သစ်သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကာဂျစ္စတန်၏ ယုံကြည်အားထားရသည့် မိတ်ဆွေနှင့် မိတ်ဖက် ဖြစ်ရာ ဌာနအသီးသီး၊ ဒေသအသီးသီးတွင် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်များရှိပြီး အောင်မြင်မှု အများအပြား ရရှိခဲ့ကြောင်း၊ ထိုင်ဝမ်၊ ရှင်းကျန်း၊ ဟောင်ကောင် စသည့် အရေးကိစ္စများတွင် ကာဂျစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံကို ဆက်လက် အခိုင်အမာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကာဂျစ္စတန်-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များရရှိအောင် တွန်အားပေး ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ပြီး တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် မီးရထားလမ်း ဟူသော ဤ “သံလမ်း ပိုးလမ်းမကြီး” ကို ကောင်းမွန်စွာ တည်ဆောက်သွားကာ ကုန်ထုတ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ E-commerce ၊ ပညာရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတကာ ဒေသတွင်း အခြေအနေ ရှုပ်ထွေးပြောင်းလဲမှုများကို ရင်ဆိုင်ရာတွင် ကာဂျစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် တရုတ်-အလယ်အာရှ ယန္တရား ပို၍ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး ၃ ရပ်အား တက်ကြွစွာ ဖော်ဆောင်ရန်၊ ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များက 《တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကာဂျစ္စတန်သမ္မတနိုင်ငံတို့၏ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်》အား အတူအကွ လက်မှတ်ရေးထိုးခဲ့ကြသလို “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် သံတမန်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုကို သက်သေပြုခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က Sadyr Japarov နှင့် ဇနီး Aigul Japarova တို့အား ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။
ထျန်းအန်းမင် ရင်ပြင်တွင် ဂုဏ်ပြု အမြောက် ၁၂ ချက်ဖောက်ပြီး ကြိုဆိုရေးတပ်ဖွဲ့ဝင်များက တန်းစီ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များက စင်မြင့်သို့ တက်ရောက်သည့်အခါတွင် စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံ၏ နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။ Sadyr Japarov သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးပြီး ချီတက်ပွဲအား ကြည့်ရှုခဲ့ကြသည်။
ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမတွင် Sadyr Japarov နှင့် ဇနီးအတွက် ဧည့်ခံပွဲကျင်းပ ကြိုဆိုခဲ့ကြသည်။အဆိုပါအစီအစဉ်များကို ဝမ်ရိ တက်ရောက်ခဲ့သည်။ (Xinhua)
———————————
习近平同吉尔吉斯斯坦总统扎帕罗夫会谈
新华社北京2月5日电(记者董雪、邵艺博)2月5日上午,国家主席习近平在北京人民大会堂同来华进行国事访问的吉尔吉斯斯坦总统扎帕罗夫举行会谈。
习近平指出,中国和吉尔吉斯斯坦山水相依、民心相亲,是好邻居、好朋友、好伙伴。近年来,中吉关系实现跨越式发展,达到新时代全面战略伙伴的新高度。双方政治互信持续巩固,各领域合作喜讯频传,构建中吉命运共同体的社会和民意基础日益牢固。中方支持吉方走符合本国国情的发展道路,愿同吉方深化发展战略对接,扩大治国理政经验交流,推进全方位互利合作,携手维护两国共同利益,推动中吉命运共同体建设更好落地走实。
习近平强调,双方要继续开拓思路,以高质量共建“一带一路”为主线,推动互利合作不断深入。中方愿持续扩大经贸投资合作,进口更多吉尔吉斯斯坦优质商品,支持更多中资企业赴吉投资兴业,希望吉方切实保障中国投资者合法权益。全面提升互联互通水平,高标准、高质量建设好中吉乌铁路,同步推进既有口岸现代化改造,开通更多客货运航班,为两国人员往来和货物流通提供更多便利。拓展跨境电商、大数据、人工智能等新质生产力合作,打造新增长点。双方要运营好中国文化中心、鲁班工坊、孔子学院等机构,加强地方交流,培育更多投身中吉友好的力量。中方愿同吉方密切协作,提升中国-中亚机制合作水平,做实做强上海合作组织,维护以联合国为核心的国际体系,践行全球发展倡议、全球安全倡议、全球文明倡议,携手构建人类命运共同体。
扎帕罗夫表示,很高兴新年伊始访问中国,谨向习近平主席和中国人民致以最美好的新春祝福,祝愿中国成功举办第九届亚冬会。在习近平主席领导下,中国在实现两个百年奋斗目标征程上取得辉煌成就,与各国分享发展成果,迈向现代化的同时弘扬中华优秀传统文化,为世界树立了榜样,吉方愿学习中国成功经验。吉中友好交往源远流长。两国关系近年提升到新水平,中国是吉方可靠的朋友和伙伴,各部门各地方开展密切合作并取得丰硕成果。吉方将继续在台湾、涉疆、涉港等问题上坚定支持中方。吉方愿与中方推动吉中命运共同体建设取得更多成果,高质量共建“一带一路”,建设好中吉乌铁路这条“钢铁丝路”,推进产业、投资、贸易、交通、电子商务、教育等领域合作。面对国际地区形势的复杂变化,吉方愿同中方紧密合作,推动上海合作组织和中国-中亚机制取得更大发展,积极落实三大全球倡议,共同维护地区和世界和平稳定。
会谈后,两国元首共同签署《中华人民共和国和吉尔吉斯共和国关于深化新时代全面战略伙伴关系的联合声明》,见证签署共建“一带一路”合作规划以及外交、经贸、农业等领域多项合作文件。
会谈前,习近平和夫人彭丽媛在人民大会堂北大厅为扎帕罗夫和夫人扎帕罗娃举行欢迎仪式。
天安门广场鸣放21响礼炮,礼兵列队致敬。两国元首登上检阅台,军乐团奏中吉两国国歌。扎帕罗夫在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平和彭丽媛在人民大会堂金色大厅为扎帕罗夫夫妇举行欢迎宴会。
王毅参加上述活动。(完)
1,2,3,4. 2月5日上午,国家主席习近平在北京人民大会堂同来华进行国事访问的吉尔吉斯斯坦总统扎帕罗夫举行会谈。这是会谈前,习近平在人民大会堂北大厅为扎帕罗夫举行欢迎仪式。 新华社记者 李响 摄
5. 2月5日上午,国家主席习近平在北京人民大会堂同来华进行国事访问的吉尔吉斯斯坦总统扎帕罗夫举行会谈。 新华社记者 申宏 摄