North America
အမေရိကန် ပြစ်မှုကျူးလွန်သူများကို အယ်လ်ဆာဗေးဒိုးထံ “ကန်ထရိုက်ပေး” အကျဉ်းချရန် လေ့လာနေဟု ထရမ့်ဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အမေရိကန်၏ အကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများကို အယ်လ်ဆာဗေးဒိုးနိုင်ငံထံ “ကန်ထရိုက်ပေး” အကျဉ်းချရန် အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ နာယစ်ဘ် ဘူကီလီ၏ အကြံပြုချက်ကို လေ့လာလျက်ရှိကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့မှာ ဒီလိုမျိုးလုပ်ဖို့ တရားဝင်လုပ်ပိုင်ခွင့်ရှိရင် ကျွန်တော်လုံးဝတုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး…ကျွန်တော်တို့ အဲဒီလိုလုပ်ဖို့၊ မလုပ်ဖို့က ကျွန်တော်မသိသေးပါဘူး၊ အခုလေ့လာနေဆဲပါ” ဟု ထရမ့်က မီဒီယာသတင်းထောက်များကို ဖေဖော်ဝါရီလ ၄ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဖေဖော်ဝါရီလ ၃ ရက်တွင် အယ်လ်ဆာဗေးဒိုးနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ကာ နာယစ်ဘ် ဘူကီလီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အကြမ်းဖက်မှု ပြစ်မှုကျူးလွန်ခြင်းကြောင့် အကျဉ်းချခံထားရသည့် အမေရိကန်နိုင်ငံသားနှင့် တရားဝင်နေထိုင်သူများအပါအဝင် အမေရိကန်နိုင်ငံမှ ပြစ်မှုကျူးလွန်သူများကို အယ်လ်ဆာဗေးဒိုးနိုင်ငံမှ လက်ခံ၍ အကျဉ်းချထားနိုင်သည်ဟု နာယစ်ဘ် ဘူကီလီက အဆိုပြုထားကြောင်း အထက်ပါတွေ့ဆုံဆွေးနွေးပွဲပြီးနောက် မာကိုရူဘီယိုက ပြောကြားခဲ့သည်။
ထို့နောက် နာယစ်ဘ် ဘူကီလီက လူမှုမီဒီယာပလက်ဖောင်းတွင် ယင်းအဆိုပြုချက်ကို အတည်ပြုခဲ့ပြီး အယ်လ်ဆာဗေးဒိုးသည် “၎င်းရဲ့အကျဉ်းထောင်စနစ်အချို့ ကန်ထရိုက်ပေးရန် အခွင့်အရေးကို အမေရိကန်ကို ပေးလိုက်” ကြောင်း၊ သို့သော် အယ်လ်ဆာဗေးဒိုးသည် “ပြစ်ဒဏ်ချမှတ်ခံရပြီးသည့် ပြစ်မှုကျူးလွန်သူများ” ကိုသာ လက်ခံမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်က ယင်းအတွက် “ပမာဏ အတန်အသင့်နည်း” သော်လည်း အယ်လ်ဆာဗေးဒိုးအတွက် အလွန်အရေးပါသည့် ကုန်ကျစရိတ်ကို ပေးချေသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————————–
(Chinese Version)
特朗普说正研究将美国罪犯“外包”给萨尔瓦多
新华社华盛顿2月4日电
美国总统特朗普4日表示,他正研究萨尔瓦多总统纳伊布·布克尔的提议,即把美国暴力案件罪犯“外包”给萨尔瓦多监禁。
特朗普当天在白宫告诉媒体记者:“如果我们有合法权利这么做,我会毫不犹豫……我不知道我们是否会这样做,眼下正在研究。”
美国国务卿鲁比奥3日访问萨尔瓦多并会见布克尔。鲁比奥在会见后表示,布克尔提出萨尔瓦多可以接收并监禁美国罪犯,包括因暴力犯罪被监禁的美国公民和合法居民。
布克尔随后在社交媒体平台上证实这一提议,说萨尔瓦多“向美国提供了将其部分监狱系统外包的机会”,但萨尔瓦多只接收“已被定罪的犯罪分子”,美方将为此支付“相对较低”但对萨尔瓦多很重要的费用。(完)
图说:U.S. President Donald Trump speaks during a joint press conference with Israeli Prime Minister Benjamin Netanyahu at the White House in Washington D.C., the United States, Feb. 4, 2025. (Xinhua/Hu Yousong)