Connect with us

WORLD

အယ်လ်ဆာဗေးဒိုး နိုင်ငံက Sinovac ကာကွယ်ဆေးများ ပိုမိုလက်ခံရရှိ

၂၀၂၁ ခုနှစ် မတ် ၂၈ ရက်တွင် အယ်လ်ဆာဗေးဒိုး နိုင်ငံ၊ စန်အယ်လ်ဆာဗေးဒိုးလေဆိပ်၌ Sinovac ကာကွယ်ဆေးများအား ဝန်ထမ်းများက သယ်ယူနေစဉ် (ဆင်ဟွာ)

စန်းဆာဗေးဒေါ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အယ်လ်ဆာဗေးဒိုး နိုင်ငံသည် တရုတ်နိုင်ငံ Sinvoac ဆေးဝါးကုမ္ပဏီမှ တတိယအကြိမ်တင်ပို့သည့် COVID-19 ကာကွယ်ဆေးများကို ဧပြီ ၂၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကို အယ်လ်ဆာဗေးဒိုး ကျန်းမာရေးဝန်ဝန်ကြီး Francisco Alabi နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး Ou Jianhongတို့က တာဝန်ရှိသူများနှင့်အတူ လက်ခံရယူခဲ့ကြသည်။
“အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်း နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး ဦးစားပေးဆောင်ရွက်ခြင်းဟာ COVID တိုက်ဖျက်ရေးလှုပ်ရှားမှုရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။’’ ဟု Alabi က အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ကာကွယ်ဆေးများတင်ပို့ခြင်းက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော် ပြသခြင်းဖြစ်ကြောင်း Ou ကဆိုသည်။“ကာကွယ်ဆေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက တရုတ်နိုင်ငံရဲ့ အချိန်တိုအတွင်းလျင်လျင်မြန်မြန်တာဝန်ယူလုပ်ဆောင်နိုင်မှု ကို ထင်ဟပ်စေပါတယ်။ ဒါ့အပြင် ဆာဗေးဒိုး ပြည်သူတွေရဲ့ အကျိုးဖြစ်စေထွန်းစေရေးနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အယ်လ်ဆာဗေးဒေါ နိုင်ငံ ကို ကူညီဖို့ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ဆန္ဒကို ထင်ရှားစေပါတယ်။’’ ဟု Ou ကဆိုသည်။

ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာသို့ တင်ပို့ခဲ့ပြီး ၎င်းမှတဆင့် ကာကွယ်ဆေးထိုးနှံရေးဌာနအသီးသီးသို့ ပို့ဆောင်သွားမည်ဖြစ်သည်။အယ်လ်ဆာဗေးဒိုး နိုင်ငံသည် ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လူဦးရေ ၄.၅ သန်းအား ကာကွယ်ဆေးထိုးရန် ရည်မှန်းထားကြောင်းသိရသည်။ဧပြီ ၂၅ ရက်အထိ ဒေသတွင်းကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ အယ်လ်ဆာဗေးဒိုးနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၆၈,၄၆၈ ဦး နှင့် သေဆုံးသူပေါင်း ၂,၁၀၆ဦး ရှိကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)
El Salvador receives more Sinovac vaccines
SAN SALVADOR, April 26 (Xinhua) — El Salvador on Monday received a third shipment of COVID-19 vaccines from Chinese pharmaceutical firm Sinovac, local authorities said.
Salvadoran Health Minister Francisco Alabi and China’s Ambassador to El Salvador Ou Jianhong were among the officials to receive the Chinese-made vaccine.
“Teamwork and making the health of the population a priority have been a fundamental part” of the country’s anti-COVID campaign, Alabi said in a brief speech.
Ou said the shipment clearly shows the friendly cooperation between the two nations.
“The two countries’ cooperation in vaccines has reflected Chinese responsibility, capacity, efficiency and speed, and has also demonstrated our good will in supporting El Salvador in fighting the pandemic and benefiting the Salvadoran people,” Ou said.
The shipment was transported to the Health Ministry’s distribution center for delivery to the different vaccination centers.
El Salvador launched its vaccination drive on Feb. 17, with the goal of immunizing 4.5 million people.
As of Sunday, the Central American country registered 68,468 confirmed cases of COVID-19 and 2,106 deaths from the disease, according to local health authorities. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.