North America
အမေရိကန်က ဂါဇာကမ်းမြောင်ဒေသကို “လက်လွှဲယူရန်” မျှော်လင့်ဟု ထရမ့်ပြောကြား
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အမေရိကန်က ဂါဇာကမ်းမြောင်ဒေသကို “လက်လွှဲယူ” ၍ ဂါဇာဒေသအား “ရှေရည်ပိုင်ဆိုင်ရန်” မျှော်လင့်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီလ ၄ ရက်တွင် အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပရာ၌ ပြောကြားခဲ့သည်။
“အမေရိကန်က ဂါဇာကမ်းမြောင်ဒေသကို လက်လွှဲယူသွားမှာဖြစ်ပါတယ်…ကျွန်တော်တို့က အဲဒီဒေသကို ပိုင်ဆိုင်သွားမှာပါ” ဟု ထရမ့်က ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသပြန်လည်ထူထောင်ရေးကို ပံ့ပိုးပေးနိုင်ရန်အတွက် ဂါဇာကမ်းမြောင်ဒေသတွင် အမေရိကန်စစ်တပ်များ ဖြန့်ကြက်ထားနိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်း၊ “လိုအပ်ရင် ကျွန်တော်တို့ ဒီလိုလုပ်ပါမယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ထိုနေ့တွင် နေတန်ယာဟုနှင့် တွေ့ဆုံရာ၌ ထရမ့်က ဂါဇာကမ်းမြောင်ဒေသတွင် နေရပ်စွန့်ခွာသည့် ပါလက်စတိုင်းသားများကို ဂါဇာကမ်းမြောင်ဒေသ ပြင်ပနေရာတွင် ရာသက်ပန် နေရာချထားသင့်သည်ဟု ပြောကြားခဲ့သည်။
ထရမ့်က ဂါဇာကမ်းမြောင်ဒေသ “ရှင်းလင်းရေး” စိတ်ကူးကို ဇန်နဝါရီ ၂၅ ရက်တွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှ လာရောက်သော ပါလက်စတိုင်းသားများကို အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့က လက်ခံ၍ နေရာချထားပေးရန် မျှော်လင့်ကြောင်း၊ ထို့အပြင် ဤသို့နေရာချထားမှုသည်ယာယီဖြစ်နိုင်သလို ရေရှည်လည်း ဖြစ်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့နောက် ၎င်းပြောကြားချက်အပေါ် အာရပ်နိုင်ငံများ အဖွဲ့ချုပ် (LAS) နှင့် အီဂျစ်၊ ဂျော်ဒန် စသည့်နိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြကြောင်း သိရသည်။ (Xinhua)
——————————————
(Chinese Version)
特朗普:希望美国“接管”加沙地带
新华社华盛顿2月4日电 美国总统特朗普4日与到访的以色列总理内塔尼亚胡举行联合记者会时说,他希望美国“接管”加沙地带,并“长期拥有”加沙。
特朗普说:“美国将接管加沙地带……我们将拥有它。”他说,不排除向加沙地带部署美国军队,以支持加沙地带重建,“如果有必要,我们会这么做”。
特朗普当天与内塔尼亚胡会晤时说,加沙地带流离失所的巴勒斯坦人应该被永久安置在加沙地带以外的地区。
特朗普1月25日提出“清空”加沙地带设想,称希望埃及和约旦接受并安置来自加沙地带的巴勒斯坦人,并表示这种安置可能是暂时的,也可能是长期的。阿拉伯国家联盟和埃及、约旦等国随即表示强烈反对。(完)
图说:1月26日,人们在加沙地带北部等待亲人归来。新华社发(马哈茂德·扎基摄)