Asia
ထိုင်း-မြန်မာ နယ်စပ် သက်ဆိုင်ရာဒေသများအား ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား တရားဝင် ဖြတ်တောက်
ဘန်ကောက်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အစိုးရ၏ ဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဘက်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီမှစ၍ လျှပ်စစ်ဓာတ်အား တရားဝင် ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
ယခုအကြိမ် လျှပ်စစ်ဓာတ်အား ဖြတ်တောက်သည့် လှုပ်ရှားမှုမှာ ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသော နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့ပါဝင်ပြီး တာချီလိတ်၊ မြဝတီ စသည့် ကျားဖြန့်ဂိုဏ်းများ ခပ်စိတ်စိတ်လှုပ်ရှားရာ ဒေသများကို လွှမ်းခြုံမိရာ စုစုပေါင်း လျှပ်ဓာတ်အားပေးဝေမှု ၂၀.၃၇ မဂ္ဂါဝပ်အပေါ် သက်ရောက်မှု ရှိကြောင်း ထိုင်းနိုင်ငံ ဒေသန္တရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာန အကြီးအကဲ Supachai Koonsad က ယင်းနေ့ နံနက်ပိုင်းတွင် မီဒီယာများအား ပြောကြားခဲ့သည်။
ကျားဖြန့်ဂိုဏ်းများ လည်ပတ်သည့် ကွန်ရက်ကို အမြစ်ဖြုတ် တိုက်ဖျက်ရန်၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်ပြီး ယခုလှုပ်ရှားမှုကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အစိုးရသည် ၁၉၉၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် နှစ်ကြိမ် ခွင့်ပြုခဲ့ရာ ထိုင်းဒေသန္တရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။ နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်ပါအကြောင်းအရာများအရ အကယ်၍ လျှပ်စစ်ဓာတ်အားအသုံးပြုမှုသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ပါက ထိုင်းနိုင်ငံအနေဖြင့် လျော်ကြေးပေးဆောင်ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းကို တစ်ဖက်သတ် ရပ်တန့်ပိုင်ခွင့် ရှိကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
泰国正式对泰缅边境相关地区断电
新华社曼谷2月5日电(记者高博 任芊)自5日上午9时起,泰国正式切断泰国与缅甸边境的五个对缅供电点供电,以配合政府打击跨境电信诈骗的决策。
泰国地方电力局局长素帕猜·艾空当天上午对媒体说,此次断电行动切断泰国五个对缅供电点供电,涉及缅甸孟邦、掸邦、克伦邦,覆盖大其力、妙瓦底等与诈骗团伙活动密切的地区,影响总电力供应量达20.37兆瓦。
据悉,这一行动由泰国国家安全委员会批准通过,旨在从源头上摧毁诈骗团伙运营网络,维护泰国国家安全。
泰国政府曾于1992年和1994年两次批准向缅甸供电,由泰国地方电力局负责供应。根据双方签署的合同条款,如果用电方违反规定,泰方有权单方面终止供电,并无需承担赔偿责任。(完)
1. 这是2月4日晚从泰国达府湄索拍摄的泰国与缅甸边境地区。
2. 这是2月4日晚从泰国达府湄索拍摄的泰国与缅甸边境地区。