Connect with us

Africa & Middle East

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပါဝင်တော့မည် မဟုတ်ဟု အစ္စရေး ကြေညာ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပါဝင်တော့မည် မဟုတ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ဖေဖော်ဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ အမေရိကန် နုတ်ထွက်သည့် အမေရိကန် သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်ကို အစ္စရေးအနေဖြင့် ကြိုဆိုကြောင်း၊ အစ္စရေးနိုင်ငံကလည်း အမေရိကန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပါဝင်တော့မည် မဟုတ်ကြောင်း Gideon Sa’ar က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အစ္စရေးအပေါ် “အပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်” ၁၀၀ ကျော်ကို ဖော်ဆောင်ခဲ့ရာ ထိုသို့သော “ခွဲခြားဆက်ဆံမှု” ကို အစ္စရေးအနေဖြင့် ထပ်မံ လက်ခံမည် မဟုတ်ကြောင်း Gideon Sa’ar က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ အမေရိကန် နုတ်ထွက်ကြောင်းအမိန့်ကို ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင် လက်မှတ်ရေးထိုးပြီး အမေရိကန်က ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) အား ကူညီပံ့ပိုးမှုများကို ရပ်တန့်ခဲ့သည်။ (Xinhua)
………………………………..
(Chinese Version)
以色列宣布将不参加联合国人权理事会
新华社耶路撒冷2月5日电(记者陈君清 冯国芮)以色列外交部长萨尔5日说,以色列将不参加联合国人权理事会。
萨尔当天在社交媒体上说,以色列欢迎美国总统特朗普关于美国退出联合国人权理事会的决定,以方将与美国一道,不参加联合国人权理事会。
萨尔称,联合国人权理事会对以色列施加了100多项“谴责性决议”,以色列不再接受这种“歧视”。
特朗普4日签署行政令,宣布美国退出联合国人权理事会,并禁止美国向联合国近东巴勒斯坦难民救济和工程处提供资助。(完)
1.  2023年2月27日,联合国人权理事会第52届会议在瑞士日内瓦开幕。新华社记者连漪摄