Connect with us

North America

တရုတ်နိုင်ငံ လက်တွေ့ကုသရေးသိပ္ပံပညာရှင် “William M. Feinberg Award for Excellence in Clinical Stroke” ဆွတ်ခူး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသော ၂၀၂၅ ခုနှစ် နိုင်ငံတကာ လေဖြတ်ရောဂါ ဆိုင်ရာ ညီလာခံ (ISC) တွင် အမှာစကားပြောကြားနေသော ဝမ်ယုန်းကျွင်းကို ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် နိုင်ငံတကာ လေဖြတ်ရောဂါဆိုင်ရာ ညီလာခံ (ISC) ကို ဖေဖော်ဝါရီ ၅ ရက်က လော့စ်အိန်ဂျလိစ်တွင် ဖွင့်လှစ်ခဲ့ရာ မြို့တော်ဆေးတက္ကသိုလ် လက်အောက်ရှိ ပေကျင်းထျန်းထန်ဆေးရုံ ဆေးရုံအုပ်ကြီး ဝမ်ယုန်းကျွင်းက ညီလာခံတွင် “William M. Feinberg Award for Excellence in Clinical Stroke” (လေဖြတ်ရောဂါ လက်တွေ့ကုသရေးဆိုင်ရာ ဝီလီယံ အမ် ဖိုင်ဘာ့ ထူးချွန်ဆု) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယင်းမှာ ဤဆုတံဆိပ် စတင်တည်ထောင်ခဲ့သော ၃၄ နှစ်ကာလအတွင်း ၎င်းဆုတံဆိပ်ကို အာရှသိပ္ပံပညာရှင်က ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်သည်။

လေဖြတ်ခြင်းသည် ပြင်းထန်သော ဦးနှောက်သွေးကြောရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည့်လေဖြတ်ခြင်း (Ischemic Stroke) နှင့် သွေးယိုခြင်းကြောင့်ဖြစ်သည့်လေဖြတ်ခြင်း (Hemorrhagic Stroke) အမျိုးအစား ၂ မျိုး ပါဝင်သည်။ “William M. Feinberg Award for Excellence in Clinical Stroke” ကို အမေရိကန်နိုင်ငံ နှလုံးရောဂါဗေဒ အဖွဲ့အစည်းက စတင်ထူထောင်ခဲ့ရာ အမေရိကန်နိုင်ငံ၏ နာမည်ကျော် အာရုံကြောရောဂါဗေဒ ပညာရှင် ဝီလီယံ အမ် ဖိုင်ဘာ့ နာမည်ဖြင့် အမည်ပေးပြီး လေဖြတ်ရောဂါ လက်တွေ့ ကုသရေး သုတေသနကဏ္ဍတွင် ထင်ရှားသော အောင်မြင်မှုရရှိသည့် ဆရာဝန်များနှင့် လက်တွေ့ ကုသရေး သိပ္ပံပညာရှင်များအား ဂုဏ်ပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤဆုတံဆိပ်ကို နိုင်ငံတကာ လေဖြတ်ရောဂါဆိုင်ရာ လက်တွေ့ကုသရေးနယ်ပယ်၏ ဩဇာအကြီးဆုံးဆုအဖြစ် သတ်မှတ်ကြသည်။
တရုတ်နိုင်ငံ၏ ဦးနှောက်နှင့်သွေးကြောရောဂါ သုတေသနသည် နိုင်ငံတကာ စင်မြင့်ပေါ်တွင် နောက်လိုက်အနေအထား၊ ပုခုံးချင်းယှဉ်ပြိုင်သည့် အနေအထားမှ ယခုအခါ ဦးဆောင် လျှောက်လှမ်းသည့် အနေအထားသို့ ပြောင်းလဲမှုကို လွန်ခဲ့သော နှစ် ၂၀ ကျော်အတွင်း မျက်မြင်တွေ့ရှိခဲ့ရပြီး ဖြစ်ကြောင်း၊ ယင်းဆုသည် တရုတ်သုတေသီများ၏ လေဖြတ်ရောဂါဆိုင်ရာ လက်တွေ့ ကုသရေးကဏ္ဍ လေ့လာမှု၏ အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဝမ်ယုန်းကျွင်းက ဆင်ဟွာသတင်းထောက်၏ မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)


……………………….
(Chinese Version)
中国临床科学家获“威廉·费恩贝格卒中卓越贡献奖”
新华社洛杉矶2月5日电(记者谭晶晶)2025年国际卒中大会5日在洛杉矶开幕,首都医科大学附属北京天坛医院院长王拥军在会上被授予“威廉·费恩贝格卒中卓越贡献奖”。这是该奖项设立34年来亚洲科学家首次获奖。   卒中又称中风,是一种急性脑血管疾病,包括缺血性和出血性卒中两种类型。“威廉·费恩贝格卒中卓越贡献奖”由美国心脏协会发起设立,以美国著名神经病学家威廉·费恩贝格命名,旨在表彰在卒中临床研究方面取得突出成就的医生和临床科学家。该奖项被认为是国际卒中临床医学领域的权威奖项。
王拥军在接受新华社记者采访时说,过去20多年见证了中国脑血管疾病研究在国际舞台上从跟跑、并跑、到如今领跑的地位变化。此次获奖是对中国研究人员卒中临床研究成果的肯定。
图说1:2月5日,在美国洛杉矶,王拥军在2025年国际卒中大会上发表主旨演讲。新华社发(曾慧摄)