North America
လာမည့် သီတင်းပတ်တွင် ဇယ်လန်းစကီးနှင့် တွေ့ဆုံနိုင်ဟု ထရမ့် ပြောကြား
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က လာမည့် သီတင်းပတ်တွင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံနိုင်ကြောင်း၊ တွေ့ဆုံမည့်နေရာမှာ ဝါရှင်တန်မြို့တွင် ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။
ထရမ့်က အဆိုပါနေ့တွင် အိမ်ဖြူတော်၌ အထက်ပါ သတင်းကို မီဒီယာများထံ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထရမ့်က ၎င်းသည် ရုရှားသမ္မတ ပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်ပြီး “ရုရှား-ယူကရိန်း ပဋိပက္ခ ပြီးဆုံးဖို့ မျှော်လင့်တယ်” ဟု ပြောကြားခဲ့သည်။
လာမည့် သီတင်းပတ်အနည်းငယ်တွင် သံတမန်ရေးရာ လှုပ်ရှားမှုများ “အလွန်များပြား” နိုင်ကြောင်း၊ “ကျွန်တော်တို့ အနေနဲ့ အစွမ်းကုန် ကြိုးစားပြီး ဒီအချိန်တွေကို ထိရောက်ပြီး ရလဒ်တွေ ကြွယ်ဝအောင် လုပ်ဆောင်သွားမှာပါ” ဟု ဇယ်လန်းစကီးက အဆိုပါနေ့ လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ယူကရိန်း- အမေရိကန် နှစ်နိုင်ငံအနေဖြင့် အဖွဲ့အဆင့် တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်ရန်လည်း စီစဉ်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
特朗普:下周或与泽连斯基会面
新华社华盛顿2月7日电(记者邓仙来)美国总统特朗普7日说,他可能下周与乌克兰总统泽连斯基会面,地点可能是华盛顿。
特朗普当天在白宫向媒体透露了上述消息。特朗普还说,他可能与俄罗斯总统普京会谈,“希望俄乌冲突结束”。
泽连斯基当天在社交媒体上发文说,未来几周的外交活动可能会“非常密集”,“我们将尽一切努力使这段时间有效率并富有成果”。乌美两国还计划进行团队层面的会晤和会谈,目前正在就有关细节进行沟通。(完)
图说:2月7日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄