China
၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲကို ဟားအယ်ပင်းတွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ကျင်းပ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8n1-scaled.jpg)
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ရေခဲဆီးနှင်းအိပ်မက် တောက်ပထွန်းလင်းကာ အာရှတိုက်အတွင်း သွေးစည်းညီညွတ်၍ တောက်ပသော စာမျက်နှာကို အတူရေးသားကြသည်။ ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ခမ်းနားစွာ စတင်ဖွင့်လှစ်ကျင်းပရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ချိုက်ချီနှင့် အာရှတိုက် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ညချမ်းအချိန်အခါတွင် ဟားအယ်ပင်း နိုင်ငံတကာ ကွန်ဗင်းရှင်း၊ ပြပွဲနှင့် အားကစားစင်တာ၌ မီးအလင်းရောင်များသက်ဝင်လှုပ်ရှားစွာ ထွန်းလင်းတောက်ပလျက်ရှိသည်။ ဖွင့်ပွဲအခမ်းအနား မစတင်မီ ဟေးလုံကျန်းပြည်နယ် ဒေသအသီးသီးမှ ပြည်သူများက ဒေသထူးခြားချက်အပြည့်ပါဝင်သော ဖျော်ဖြေမှုများဖြင့် တင်ဆက်ခဲ့ရာ အခမ်းအနားသည် လွန်စွာ သိုက်သိုက်မြိုက်မြိုက်ရှိလှပေသည်။
ဒေသစံတော်ချိန် ည ၇ နာရီ ၅၈ မိနစ်တွင် “ငြိမ်းချမ်းရေး – အေးအတူပူအမျှအသိုက်အဝန်း” တေးသံစဉ်များနှင့်အတူ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်၊ အာရှ အိုလံပစ် ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဟော့ကျိန့်ထိန်တို့နှင့်အတူ သဘာပတိစင်ပေါ်သို့ လျှောက်လှမ်းလာပြီး ပရိသတ်မျာအား လက်ပြနှုတ်ဆက်ခဲ့ရာ အခမ်းအနားတစ်ခုလုံး သောင်းသောင်းဖျဖျ ဩဘာသံများညံသွားခဲ့သည်။
“ကျွန်ုပ်တို့ ချစ်ရပါသော တရုတ်နိုင်ငံ” ၏ သံယောဇဉ်နက်ရှိုင်းလှသော သံစဉ်ကြားတွင် ဂုဏ်ပြုတပ်ဖွဲ့ဝင် ၈ ဦးသည် သွက်လက်သော ခြေလှမ်းများဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အလံကို ခန်းမတွင်းသို့ သယ်ဆောင်လာခဲ့သည်။ ခန်းမထက်ရှိ ပရိသတ်များအားလုံး မတ်တပ်ရပ်ကာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်သီချင်းကို သီဆိုနေချိန် တောက်ပသော ကြယ်ငါးပွင်းအလံနီကလည်း တစ်လူလူလွင့်တက်သွားခဲ့သည်။
ထို့နောက် ဖန်သားပြင်ကြီးထက်တွင် “ထွန်းလင်းတောက်ပ အချိန်ကာလ” ဗီဒီယိုအတိုကို ထုတ်လွှင့်ပြသရာ ဗီဒီယိုတွင် နှစ်သစ်ကူးဝတ်စုံ ဝတ်ဆင်ထားသော ကလေးငယ်က ရေခဲမီးပုံးလေးဖြင့် ဟားအယ်ပင်းမြို့ အထင်ကရ အဆောက်အအုံများအား ထွန်းလင်းလိုက်သည်။ ထို့နောက် ဧည့်ကြိုဖျော်ဖြေတင်ဆက်မှု ဖြစ်သည့် “ရေခဲမီးပုံးဖြင့် အိပ်မက်စတင်ခြင်း” စတင်ခဲ့ရာ ရေခဲဆီးနှင်းများကြားတွင် လက်ကိုင်ပဝါအကဖြင့် အရပ်ရှစ်မျက်နှာမှ လာရောက်သော ဧည့်သည်တော်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။
ဒေသစံတော်ချိန် ည ၈ နာရီ ၀၈ မိနစ်တွင် ခန်းမတွင်းသို့ အားကစားသမားများ စတင်ဝင်ရောက်လာခဲ့သည်။ ရွှင်မြူးဖွယ် တေးသီချင်း “ရေခဲဆီးနှင်း အာဆီယံ” ဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ အားကစားသမား ကိုယ်စားလှယ်အဖွဲ့များ ခန်းမတွင်းသို့ လျှောက်လှမ်းလာရာ ဧည့်ပရိသတ်များက လှိုက်လှဲစွာ ကြိုဆိုကြသည်။ “အမိမြေအတွက် တေးသီချင်း” ၏ စိတ်လှုပ်ရှားဖွယ် သံစဉ်နှင့်အတူ အိမ်ရှင် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် နောက်ဆုံးမှ ခန်းမတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က မတ်တတ်ရပ် လက်ပြနှုတ်ဆက်ခဲ့ရာ ပရိသတ်များအားလုံးက ဝမ်းမြောက်ဝမ်းသာစွာ လက်ခုပ်ဩဘာသံများ သောင်းသောင်းဖျဖျဖြင့် ကြိုဆိုခဲ့ကြသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် စုစုပေါင်း အဖွဲ့ဝင် ၂၅၇ ဦးပါဝင်ပြီး ၎င်းအနက် ပြိုင်ပွဲဝင် အားကစားသမားပေါင်း ၁၇၀ ဦးပါဝင်ကာ ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲတွင် အားကစားနည်းအုပ်စုကြီး ၆ ခုမှ အုပ်စုခွဲ ၆၄ ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဟေးလုံကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး လျန်ဟွေ့လိန်က အမှာစကားပြောကြားရာတွင် ကျင်းပရေးကော်မတီနှင့် ဟေးလုံကျန်း ပြည်သူပေါင်း သန်း ၃၀ ကျော်ကို ကိုယ်စားပြု၍ အာရှတိုက် နိုင်ငံနှင့် ဒေသအသီးသီးမှ အားကစားသမားများအား လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ၎င်းတို့အားပြိုင်ပွဲတွင် မိမိစွမ်းဆောင်နိုင်မှုများကို ထိုးဖောက်ကာ စွမ်းရည်များဖော်ပြ၍ အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့်အပြင် ချစ်ကြည်ရေး သံယောဇဉ်များလည်း ရရှိရန် ဆုမွန်ကောင်း တောင်းပေးကြောင်း ပြောကြားခဲ့သည်။
ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကောင်းကျစ်သန်းက အမှာစကား ပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးစွာ ဂရုစိုက်မှုနှင့် ခိုင်မြဲသော ဦးဆောင်မှုအောက်တွင် အံ့ဖွယ်ကောင်းသော အာရှ ဆောင်းရာသီ အားကစားပွဲကို မကြာမီ စတင်ကျင်းပတော့မည်ဟု ပြောကြားခဲ့သည်။ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ အရောင်အသွေး စုံလင်မှုကို အတူမျှဝေရင်း အာရှအားကစား၏ ထွန်းလင်းတောက်ပြောင်ခမ်းနားသော စာမျက်နှာသစ်ကို အတူရေးဆွဲကာ အာရှ အေးအတူပူအမျှအသိုက်အဝန်း၏ ကြည်နူးဖွယ်တေးသွားကို အတူတီးမှုတ်ကြပါစို့ ဟုလည်း ၎င်းကဆိုသည်။
အာရှ အိုလံပစ် ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဟော့ကျိန့်ထိန် (Timothy Fok) က အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံက အာရှတိုက် ရေခဲဆီးနှင်း အားကစား ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရ၊ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ၊ ဟေးလုံကျန်းပြည်နယ် အစိုးရ၊ ဟားအယ်ပင်းမြို့အစိုးရနှင့် အာရှ ဆောင်းရာသီ အားကစားပွဲ ကျင်းပရေးကော်မတီတို့က အသေးစိတ် ပြင်ဆင်ထားမှုနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ အားကစားသမားများ ပရိသတ်များနှင့် ဝန်ထမ်းများ၏ ပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဟားအယ်ပင်းသည် ဒဏ္ဍာရီဆန်သော ရေခဲဆီးနှင်းမြို့တော်ဖြစ်ကြောင်း ချီးကျူးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသည် ည ၈ နာရီ ၅၁ မိနစ်တွင် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်သို့ ကျရောက်လာသည်။ သမ္မတ ရှီကျင့်ဖိန်က ဟားအယ်ပင်း ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲ စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ တစ်ခဏအတွင်း ခန်းမတစ်ခုလုံး ပရိသတ်များက သောင်းသောင်းဖျဖျဩဘာပေးကြပါသည်။ တောက်ပသော မီးရှူးမီးပန်းများကလည်း ညအမှောင်ယံကို ထွန်းလင်းသွားစေခဲ့ပါသည်။
ထို့နောက် တရုတ်နိုင်ငံမှ ထူးချွန်အားကစားသမား ကိုယ်စားလှယ် ၆ ဦးက အာရှအိုလံပစ်ကောင်စီ အလံကို ကိုင်ဆောင်ကာ ခန်းမထဲသို့ ဝင်ရောက်လာရာ အာရှ အိုလံပစ် ကောင်စီ၏ သီချင်းနှင့်အတူ အာရှ အိုလံပစ်ကောင်စီ အလံသည်လည်း တလူလူမြင့်တက်သွားပြီး ကြယ်ငါးပွင့် အလံနီနှင့်အတူ ဝေဟင်ထက်တွင် လွင့်ချီနေသည်။
အားကစားသမား နင့်ကျုံးယန်နှင့် ချိုက်ရွှဲထုံ၊ ဒိုင်လူကြီး ကျန်းချွမ်းဟွေးနှင့် ချန်ဝန်ဟုန်တို့က ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် ဒိုင်လူကြီးများကိုယ်စား ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ဆက်လက်ပြီး တီဗီဖန်သားပြင်ထက်တွင် ထုတ်လွှင့်ပြသသော ဗီဒီယိုအတို “တက်ကြွနေသော ဆောင်းရာသီ” သည် ပရိသတ်အားလုံး၏ အမြင်အာရုံကိုဖမ်းစားလိုက်နိုင်ပြီး ရေခဲဆီးနှင်းများဖြင့် ပျော်ရွှင်နေသော ဟားအယ်ပင်း မြို့သူမြို့သားများက ဤ “အာရှဆောင်းရာသီအားကစားနှစ်ကြိမ် ကျင်းပသော မြို့” ၏ လှိုက်လှဲစွာ ကြိုဆိုမှုကို ဖော်ပြထားသည်။
အနုပညာဖျော်ဖြေတင်ဆက်မှု စတင်လာချိန်တွင် ပထမ၊ ဒုတိယ၊ တတိယဟူ၍ သုံးပိုင်းခွဲထားကာ ပထမအပိုင်း “တောက်ပလင်းလက်နေသော ရေခဲနှင့်ဆီးနှင်း” (Blazing Ice and Snow) ကို ထရမ်းပက် တူရိယာ တီးမှုတ်သံများကြားတွင် စတင်လိုက်သည်။ အဆိုပါဖျော်ဖြေတင်ဆက်မှုတွင် ရေခဲတူးသည့် အမျိုးသားများက ရေခဲထွင်းကိရိယာများကို လက်တွင်ကိုင်ဆောင်ကာ ရေခဲပြင်ထက်တွင် သီဆိုကပြကြသည်။ “ပထမဆုံးရေခဲတုံး” ကို မြစ်တွင်းမှ ဆယ်ယူလိုက်ချိန်တွင် အနီရောင်ပိုးဖဲကြိုးပျံလွင့်လာပြီး ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ၏ အမှတ်တံဆိပ် “ကျော်လွန်မှု” ကို ထွန်းလင်းသွားစေသည်။ ဘဲလေး အကပညာရှင်များကလည်း ရေခဲဆီးနှင်း ကမ္ဘာကြီးထဲတွင် နွဲ့နှောင်းစွာ ကခုန်လျက်ရှိရာ လူနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် သာယာချမ်းမြေ့ဖွယ်မြင်ကွင်းကို တင်ဆက်လိုက်သည်။
ဒုတိယအပိုင်း “စိတ်အားထက်သန်ဖွယ်ရာ လှုပ်ရှားမှု” (Passion in Motion) တွင် အာရှ ဆောင်းရာသီ အားကစားပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများက ကန့်လန့်ကာထက်တွင် ကျော်ဖြတ်သွားကာ ရေခဲနှင့် ဆီးနှင်းတို့ကို ထိန်းချုပ်နိုင်သည့် ရဲရင့်သော စိတ်ဓာတ်အားမာန်ကို ပြသလျက်ရှိသည်။ ပျော်ရွှင်နေသောလူအုပ်ကြီးသည်လည်း ရေခဲဆီးနှင်းများနှင့် အတူကပြလျက်ရှိရာ ချစ်စဖွယ် “နှင်းရုပ်ကြီး” လည်းပါဝင်နေပြီး ရေခဲမြို့တော် ပွဲတော်ကြီးတွင် အတူပါဝင်ဆင်နွှဲလျက်ရှိကြသည်။
တတိယပိုင်း “ထာဝရချစ်ကြည်ရေး” (Everlasting Friendship) တွင် အကပညာရှင်များသည် အာရှတိုက် ဒေသ၏ထူးခြားချက်များပါဝင်သောဝတ်စုံကို ၀တ်ဆင်ကာ စိတ်အားထက်သန်သော ကကွက်များဖြင့် တစ်ဦးစီတိုင်း၏ ကိုယ်ပိုင်အလှတရားနှင့် အလှတရားများအား အပြန်အလှန်သိမြင်ခံစားနေသော သက်ဝင်လှုပ်ရှားဖွယ် ပုံရိပ်များကို တင်ဆက်ပြသလိုက်သည်။ တစ်မူထူးခြားသော “ဝရန်တာ ဂီတဖျော်ဖြေပွဲ” ကလည်း စင်မြင့်ထက်မှ ပရိသတ်ကြည့်ရှုစင်အထိ တိုးချဲ့ကာ လှုပ်ရှားနေသောတေးသွားများက အေးအတူပူအမျှဖြစ်သော၊ မိသားစုပမာ ချစ်ခင်ရင်းနှီးသော အာရှတိုက်၏ နှလုံးဘဝင်ကို လှုပ်ခတ်သွားစေသည်။
ညပိုင်း ၉ နာရီ ၂၄ မိနစ်တွင် ပင်မမီးရှူးတိုင်ထွန်းညှိခြင်း အခမ်းအနား စတင်ခဲ့သည်။ ကျင်းပသည့်နေရာရှိ တီဗီဖန်သားပြင်ပေါ်တွင် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာ ခန်းမခွဲနှင့် ချိတ်ဆက်ကာ ယန်ယန်၊ ဟန်ရှောင်ဖုန်၊ ဝမ်ကျိမ့်၊ ကျန်းဟုန် စသည့် မီးရှူးတိုင်ကိုင်ဆောင်သူ ၄ ဦးက မီးရှူးတိုင်လက်ဆင့်ကမ်းခဲ့ရာ ခန်းမတစ်ခုလုံးရှိ ပရိသတ်များ၏ နွေးထွေးလှိုက်လှဲသော လက်ခုပ်သံများ ရရှိခဲ့သည်။ ရေခဲမီးတိုင် ကိုင်ဆောင်ထားသော ကလေးငယ်များနှင့် မီးရှူးတိုင်ကိုင်ဆောင်သူတို့ လက်တွဲ၍ ရှေ့သို့ လျှောက်လှမ်းကာ ပင်မမီးရှူးတိုင်ကို အတူတကွ ထွန်းညှိလိုက်ချိန်တွင် “ဆီးနှင်းရဲ့ စည်းချက်ညီမှုနဲ့ နှင်းပန်းများ မွှေးကြိုင်” ပွင့်လန်းတောက်ပပြီး အာရှဆောင်းရာသီအားကစား မီးတောက်မီးလျှံကြီးမှာ အရှိန်အဟုန်ဖြင့် ထွန်းလင်းတောက်ပခဲ့သည်။
ပရိသတ်အားလုံးက “Light Up Asia” ဂုဏ်ပြုသီချင်းကို သံပြိုင်သီဆိုကြပြီး ခန်းမတစ်ခုလုံးက ပျော်ရွှင်ဖွယ်ကောင်းသော ပင်လယ်ကြီးအလား ပြောင်းလဲသွားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သော နိုင်ငံတကာ ဧည့်သည်တော်များမှာ ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် ဇနီး Aigul Japarova ၊ ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာနှင့် တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Woo Won-shik နှင့် ဇနီး Shin Kyung-hye တို့ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဝမ်ရိ၊ ဟယ်လိဖုန်း၊ ဝမ်ရှောင်ဟုန်၊ ချန်ရီချင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee Ka-chiu)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေး (Sam Hou Fai) တို့နှင့် အာရှအိုလံပစ်ကောင်စီမှ အရာရှိများလည်း ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့သည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8n2-scaled.jpg)
၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲကို တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ခမ်းနားစွာ စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲ စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်ကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/8n3.jpg)
ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဟေးလုံကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး လျန်ဟွေ့လိန် (ဝဲ)၊ ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကောင်းကျစ်သန်း (အလယ်) နှင့် အာရှ အိုလံပစ် ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဟော့ကျန့်ထိန် (Timothy Fok) တို့ ဖွင့်ပွဲအခမ်းအနား တက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
第九届亚洲冬季运动会在哈尔滨隆重开幕 习近平出席开幕式并宣布本届亚冬会开幕 蔡奇 来自亚洲各地的领导人和贵宾等出席
新华社哈尔滨2月7日电
冰雪同梦绽放光芒,亚洲同心共谱华章。第九届亚洲冬季运动会7日晚在黑龙江省哈尔滨市隆重开幕。国家主席习近平出席开幕式并宣布本届亚冬会开幕。
蔡奇、来自亚洲各地的领导人和贵宾等出席开幕式。
夜幕下,哈尔滨国际会展体育中心华灯璀璨,流光溢彩。开幕式开始前,来自黑龙江各地的群众带来充满地域特色的表演,现场气氛十分热烈。
19时58分,在《和平——命运共同体》的乐曲声中,习近平和夫人彭丽媛,同国际奥委会主席巴赫、亚奥理事会第一副主席霍震霆等步入主席台,向观众挥手致意。全场响起长时间的热烈掌声。
伴着《我爱你中国》的深情旋律,8名仪仗兵迈着矫健的步伐,护卫着中华人民共和国国旗走进现场。全场起立,高唱中华人民共和国国歌,鲜艳的五星红旗冉冉升起。
大屏幕播放短片《琉璃时光》,身着新春盛装的儿童手提冰灯,点亮哈尔滨的城市地标。随后迎宾表演《冰灯启梦》开启,冰凌手绢花转出东道主喜迎八方宾朋的热烈之情。
20时08分,运动员入场式开始。在《冰雪的亚细亚》的欢快乐曲声中,来自34个国家和地区的体育代表团相继入场,受到全场观众的热情欢迎。《歌唱祖国》的激昂旋律响起,东道主中国代表团最后入场,习近平和夫人彭丽媛起身挥手致意,全场一片欢腾,掌声欢呼声此起彼伏。中国代表团共257人,其中参赛运动员170人,将参加本届亚冬会6个大项、64个小项的角逐。
哈尔滨亚冬会组委会主席、黑龙江省省长梁惠玲在致辞中代表组委会和3000多万黑龙江人民,向来自亚洲各个国家和地区的运动健儿表示热烈欢迎,祝愿他们在赛场上突破自我、展现风采、成就梦想、收获友谊。
哈尔滨亚冬会组委会主席、中国奥委会主席高志丹在致辞中表示,在习近平主席亲切关怀和坚强领导下,一届精彩纷呈的亚冬盛会即将拉开帷幕。让我们尽情分享中国式现代化的万千气象,齐心绘就亚洲体育新辉煌的壮美画卷,合力奏响亚洲命运共同体的华丽乐章。
亚奥理事会第一副主席霍震霆在致辞中肯定中国在亚洲冰雪运动发展中发挥的重要作用,感谢中国政府、中国奥委会、黑龙江省政府、哈尔滨市政府及亚冬会组委会的精心筹备和团结合作,以及运动员、观众和工作人员的支持,称赞哈尔滨是梦幻的冰雪之都。
20时51分,开幕式迎来激动人心的一刻。国家主席习近平宣布:哈尔滨第九届亚洲冬季运动会开幕!顿时,全场沸腾,掌声欢呼声经久不息。璀璨焰火绽放夜空。
6名我国优秀运动员代表手执亚奥理事会会旗入场。伴着亚奥理事会会歌,亚奥理事会会旗徐徐升起,同五星红旗一道高高飘扬。
运动员宁忠岩和蔡雪桐、裁判员张春晖和陈文红分别代表全体参赛运动员和裁判员宣誓。
随后,大屏幕上,短片《昂扬的冬天》吸引了全场目光:以冰雪为乐的哈尔滨人,展示“双亚冬之城”的城市热情。
文艺表演拉开帷幕,表演分为上中下三部分。上篇《炽热冰雪》在响亮的号子声中开始,采冰汉子手握冰镩、踏冰起舞,“头冰”破江而出,红绸飞掠而来,点亮本届亚冬会会徽“超越”,芭蕾舞者翩然舞动于冰天雪地之中,绘就人与自然和谐共生的美好景象。中篇《燃情时速》中,亚冬健儿的身姿在光影纱幕上飞掠而过,迸发出驰冰驭雪的气派,欢乐的人群嬉戏共舞,憨态可掬的“大雪人”亮相场中,共赴一场冰城嘉年华。下篇《山高水长》中,舞者身着亚洲特色服饰,以热情舞姿展现各美其美、美美与共的生动图景,独具特色的“阳台音乐会”从舞台延伸到观众席,跳动的音符拨动命运与共、亚洲一家的心弦。
21时24分,主火炬点燃仪式开始。大屏幕现场联动哈尔滨冰雪大世界分会场,杨扬、韩晓鹏、王镇、张虹等4名火炬手接力传递,赢得全场热烈掌声。手提冰灯的孩子们与火炬手携手前行,共同点燃主火炬塔,“雪韵丁香”灿然盛放,亚冬圣火熊熊燃烧。
全场共同演唱主题歌《点亮亚洲》,整座场馆化作欢乐的海洋。
出席开幕式的国际贵宾有:文莱苏丹哈桑纳尔、吉尔吉斯斯坦总统扎帕罗夫和夫人扎帕罗娃、巴基斯坦总统扎尔达里、泰国总理佩通坦、韩国国会议长禹元植和夫人申敬惠。
王毅、何立峰、王小洪、谌贻琴出席开幕式。
香港特别行政区行政长官李家超、澳门特别行政区行政长官岑浩辉出席开幕式。
亚奥理事会官员等出席开幕式。(完)
图说1、2:2月7日晚,第九届亚洲冬季运动会在黑龙江省哈尔滨市隆重开幕。国家主席习近平出席开幕式并宣布本届亚冬会开幕。 新华社记者 谢环驰 摄
图说3:2月7日,哈尔滨亚冬会组委会主席、黑龙江省省长梁惠玲(左),哈尔滨亚冬会组委会主席、中国奥委会主席高志丹(中)和亚奥理事会第一副主席霍震霆在开幕式上。新华社记者 黄伟 摄