Africa & Middle East
အကျပ်အတည်းကို ဖြေရှင်း၍ ငြိမ်းချမ်းရေးဖော်ဆောင်သည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား ပြောကြား

ဂျက်ဒါ (ဆော်ဒီအာရေဗျ)၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ဆော်ဒီအိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman က မတ် ၁၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ပင်လယ်ကမ်းစပ်မြို့ ဂျက်ဒါ၌ အလည်အပတ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ပြီး အကျပ်အတည်းကို ဖြေရှင်းရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်သည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုအားလုံးကို ဆော်ဒီအာရေဗျက ထောက်ခံကြောင်း အလေးပေးပြောကြားခဲ့သည်။

ဆော်ဒီအိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman က ဂျက်ဒါမြို့တွင် အလည်အပတ်ရောက်ရှိလာသော ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် မတ် ၁၀ ရက်က တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုမတိုင်မီ Mohammed (ရှေ့တန်း၊ ယာ) က ဇယ်လန်းစကီးအတွက် ကျင်းပသော ကြိုဆိုပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ- Saudi Press Agency)
Mohammed bin Salman နှင့် ဇယ်လန်းစကီးတို့သည် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ ကဏ္ဍအသီးသီး၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ပြီး ယူကရိန်း အကျပ်အတည်း၏ နောက်ဆုံး ဖြစ်ပေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ Mohammed bin Salman က အကျပ်အတည်းကို ဖြေရှင်းရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်သည့် နိုင်ငံတကာ၏ ကြိုးပမ်းမှုအားလုံးကို ထောက်ခံကြောင်း အလေးပေးပြောကြားခဲ့ကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြု၊ ကျေးဇူးတင်ရှိသည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း ဆော်ဒီသတင်းဌာန၏ မတ် ၁၁ ရက် နံနက်အစောပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman က ဂျက်ဒါမြို့တွင် အလည်အပတ်ရောက်ရှိလာသော ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် မတ် ၁၀ ရက်က တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုမတိုင်မီ Mohammed (ရှေ့တန်း၊ ယာ) က ဇယ်လန်းစကီးအတွက် ကျင်းပသော ကြိုဆိုပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ- Saudi Press Agency)
မတ် ၁၀ ရက် အစောပိုင်းတွင် Mohammed bin Salman က မာကိုရူဘီယိုနှင့် တွေ့ဆုံခဲ့ပြီး ဆော်ဒီအာရေဗျ- အမေရိကန် ကဏ္ဍအသီးသီး ဆက်ဆံရေး အားကောင်းစေရန်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်သည် ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အမြင်သဘောထား ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ယူကရိန်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၁၁ ရက်တွင် ဂျက်ဒါမြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#SaudiCrownPrince #ဆော်ဒီအာရေဗျ_အမေရိကန် #ဆော်ဒီအာရေဗျ_ယူကရိန်း #မာကိုရူဘီယို #ဇယ်လန်းစကီး
……………………………………..
(Chinese Version)
沙特王储说支持解决危机实现和平的国际努力
新华社沙特阿拉伯吉达3月11日电(记者罗晨 王海洲)沙特阿拉伯王储兼首相穆罕默德10日在沙特西部海滨城市吉达分别会见到访的乌克兰总统泽连斯基和美国国务卿鲁比奥,强调沙特支持一切旨在解决危机、实现和平的国际努力。
据沙特通讯社11日凌晨报道,穆罕默德和泽连斯基在会谈中回顾了两国各领域关系,讨论了乌克兰危机的最新进展。穆罕默德强调沙特支持一切旨在解决危机、实现和平的国际努力。泽连斯基对沙特所作努力表示赞赏和感谢。
10日早些时候,穆罕默德会见鲁比奥,就加强沙美各领域关系进行了讨论。双方还就地区和国际局势发展交换意见。
据悉,乌克兰与美国代表团将于11日在吉达举行会谈。(完)
图说1:3月10日,沙特阿拉伯王储兼首相穆罕默德在吉达会见到访的乌克兰总统泽连斯基。这是会谈前,穆罕默德(前右)为泽连斯基举行欢迎仪式。新华社发(沙特通讯社供图)
图说2:3月10日,沙特阿拉伯王储兼首相穆罕默德(右)在吉达会见到访的乌克兰总统泽连斯基。新华社发(沙特通讯社供图)