Asia
ရုရှားနိုင်ငံက ယခုနှစ်အတွင်း အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုခံရ

မော်စကို၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် တစ်ညအတွင်း ယူကရိန်းဒရုန်း အစင်းရေ ၃၃၇ စင်းအား ပစ်ချနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ၎င်းလူမှုမီဒီယာ တရားဝင်ချန်နယ်၌ သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် ယခုနှစ် (၂၀၂၅ ခုနှစ်) အတွင်း ရုရှားနိုင်ငံ၌ ဖြစ်ပွားသော အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုခံရခြင်းဖြစ်သည်ဟု TASS သတင်းဌာန ဖော်ပြချက်အရ သိရသည်။
မော်စကိုပြည်နယ် ဝေဟင်ထက်၌ ဒရုန်းအစင်းရေ ၉၁ စင်းအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုပြည်နယ်တွင် လူ ၂ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ်ရပ်နားရာနေရာတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ ယာဉ်အစီးရေ ၂၀ ကျော် ပျက်စီးခဲ့ကြောင်း အဆိုပါပြည်နယ် အုပ်ချုပ်ရေးမှူး Andrey Vorobyov က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကိုမြို့တော်ဝန် Sergey Sobyanin က မော်စကိုမြို့သို့ ပျံသန်းလာသော ဒရုန်းအစင်းရေ ၇၃ စင်း ပစ်ချခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
မော်စကိုမြို့သို့ နိုင်ငံခြားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာရောက်သည့်နေ့တွင် ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ကြောင်း၊ ယခုအကြိမ် လာရောက်သူမှာ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အတွင်းရေးမှူးချုပ် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ထိုနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
俄罗斯遭遇今年以来最大规模的无人机袭击
新华社莫斯科3月11日电(记者包诺敏)俄罗斯国防部11日在其社交媒体官方频道发布消息说,俄防空部队一夜之间击落337架乌克兰无人机。据塔斯社报道,这是今年以来俄罗斯遭遇的最大规模无人机袭击。
俄国防部说,在莫斯科州上空有91架无人机被摧毁。
莫斯科州州长沃罗比约夫11日说,无人机袭击造成该州2人死亡、多人受伤,一停车场发生火灾,20多辆汽车被烧毁。
莫斯科市市长索比亚宁说,有73架飞向莫斯科的无人机被击落。
俄罗斯外交部发言人扎哈罗娃当天在社交媒体说,这已不是乌克兰第一次在外国高级代表团访问莫斯科当天发动无人机袭击了,这次到访的是欧洲安全与合作组织秘书长。(完)
图说:这是3月11日在俄罗斯莫斯科州南部萨普罗诺沃拍摄的受损住宅楼。新华社记者 白雪骐 摄