Asia
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးထိန်းသိမ်းခံရ

မနီလာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးသည် မတ် ၁၁ ရက်တွင် ပြည်ပမှအပြန် မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီးနောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း ဖိလစ်ပိုင် မီဒီယာများက မတ် ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထိုမတိုင်မီ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဆီးမိန့်အရ ဒူတာတေးကို အနီရောင် ဖမ်းဝရမ်းထုတ်ထားကြောင်း ဖိလစ်ပိုင် မီဒီယာများက ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှ တရားဝင် နုတ်ထွက်ခဲ့သည်။
ဖိလစ်ပိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒူတာတေးသည် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး စစ်ပွဲ စတင်ခဲ့ရာ ဖိလစ်ပိုင် ပြည်တွင်းပြည်ပ၏ အထူးအာရုံစိုက်ခြင်း ခံခဲ့ရသည်။ (Xinhua)
———————–
(Chinese Version)
菲律宾前总统杜特尔特被拘留
新华社马尼拉3月11日电(记者张怡晟 聂晓阳)菲律宾媒体11日报道,前总统杜特尔特当天从境外返回抵达马尼拉国际机场后被警方拘留。
菲律宾媒体表示,国际刑警组织此前根据国际刑事法院的逮捕令,对杜特尔特发出了红色通缉令。
菲律宾于2019年正式退出国际刑事法院。
杜特尔特担任菲律宾总统期间发起反毒战争,在菲律宾国内外引发高度关注。(完)
图说:1. 2016年10月25日,菲律宾总统杜特尔特前往日本访问前在马尼拉国际机场召开新闻发布会。(新华社/路透)
1. 2016年10月25日,菲律宾总统杜特尔特前往日本访问前在马尼拉国际机场召开新闻发布会。(新华社/路透)