Connect with us

မြန်မာ-中文

ဒူတာတေးအား ဖမ်းဆီးထိန်းသိမ်းခြင်းက “ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်း” ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယ သမ္မတ ပြောကြား

ဖိလစ်ပိုင်နိုင်ငံ မဟာ မနီလာဧရိယာ ပါစေးမြို့ရှိ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးထိန်းသိမ်းခံရသော နေရာပြင်ပ၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ လက်ရှိ အစိုးရက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဝရမ်းဖြင့် ၎င်းဖခင်ဖြစ်သူ သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးထိန်းသိမ်းသည့် လုပ်ရပ်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတေးက မတ် ၁၁ ရက် ညပိုင်းတွင် လူမှုကွန်ရက် မီဒီယာ၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အစိုးရက ဒူတာတေးအား “ပြည်ပအင်အားစုကို လွှဲပြောင်းပေး” ခဲ့ကြောင်း၊ “ဒါက ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားတာဖြစ်သလို ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ယုံကြည်တဲ့ ဖိလစ်ပိုင်ပြည်သူတိုင်းကို စော်ကားတာလည်း ဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းနေ့ နံနက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဒူတာတေးသည် တရားစီရင်ရေးဆိုင်ရာ အခွင့်အရေး အကာအကွယ်ပေးမှုကို မရရှိခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရုံးချုပ် ရှိရာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ အတင်းအကျပ် ခေါ်ဆောင်ခံနေရကြောင်း၊ “ဒါက တရားမျှတမှုမဟုတ်သည့် ဖိနှိပ်ညှဉ်းပန်းမှု ဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒူတာတေးသည် မတ် ၁၁ ရက်တွင် ပြည်ပမှ မနီလာမြို့သို့ ပြန်ရောက်စဉ် မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာက ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းအား ထုတ်ပြခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတအိမ်တော် သတင်းနှင့် ပြန်ကြားရေးရုံးက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှ တရားဝင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ မဟာ မနီလာဧရိယာ ပါစေးမြို့ရှိ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးထိန်းသိမ်းခံရသော နေရာအနီးတစ်ဝိုက်တွင် ၎င်းအား ထောက်ခံအားပေးသူများက ငိုကြွေးနေသည်ကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မဟာ မနီလာဧရိယာ ပါစေးမြို့ရှိ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးထိန်းသိမ်းခံရသော နေရာပြင်ပ၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
菲律宾副总统:拘留杜特尔特是“公然侮辱菲主权”
新华社马尼拉3月11日电(记者张怡晟 聂晓阳)菲律宾副总统莎拉·杜特尔特11日晚在社交媒体发表声明说,菲现政府基于国际刑事法院逮捕令而拘留其父亲、前总统杜特尔特的行为公然侮辱了菲律宾主权。
声明说,菲政府将杜特尔特“交给了外国势力”,“这公然侮辱了我们的主权,也侮辱了每个相信我们国家独立性的菲律宾人”。
声明说,自从当天上午被拘留后,杜特尔特没有获得司法权利保障,正被强行带往国际刑事法院总部所在地荷兰海牙,“这不是正义,而是压迫与迫害”。
菲律宾总统新闻办公室11日发表声明说,杜特尔特当天从境外返回,抵达马尼拉国际机场后被警方拘留。有关方面向杜特尔特出示了国际刑事法院的逮捕令。
菲律宾于2019年正式退出国际刑事法院。(完)
1. 3月11日,在菲律宾大马尼拉地区的帕赛,警察在菲前总统杜特尔特被拘留地外执勤。
2. 3月11日,在菲律宾大马尼拉地区的帕赛,菲前总统杜特尔特的支持者在他被拘留地附近哭泣。
3. 3月11日,在菲律宾大马尼拉地区的帕赛,士兵在菲前总统杜特尔特被拘留地执勤。