Europe
လာမည့် ရက်ပိုင်းတွင် အမေရိကန်နှင့် ထိတွေ့ဆက်ဆံနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ)
လာမည့်ရက်ပိုင်းတွင် အမေရိကန်ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံနိုင်ခြေကို မဖယ်ရှားထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မတ် ၁၁ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ လာမည့်ရက်ပိုင်းမှာ အမေရိကန် ကိုယ်စားလှယ်နဲ့ ထိတွေ့ဆက်ဆံနိုင်ခြေကို မဖယ်ရှားထားပါဘူး” ဟု Maria Zakharova က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း TASS သတင်းဌာန၏ သတင်းများအရ သိရသည်။
အစောပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် ရုရှားသမ္မတ ပူတင်ထံသို့ ယခုရက်ပိုင်းများတွင် ဖုန်းဖြင့်ဆက်သွယ်ကာ နှစ်ဖက်အနေဖြင့် ယူကရိန်းအခြေအနေများကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၁၁ ရက် ညပိုင်းက ယင်းနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ ကျင်းပသော ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ရာ နှစ်ဖက်အနေဖြင့် ယာယီအပစ်ရပ်ရေး အကောင်အထည်ဖော်မှု၊ ထောက်လှမ်းရေးသတင်းအချက်အလက် ပြန်လည်မျှဝေမှုနှင့် လုံခြုံရေး အကူအညီပေးမှု စသည့် ဆွေးနွေးမှုအကြောင်းအရာများတွင် ရရှိသော သဘောတူညီချက်များအား ကြေညာခဲ့သည်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ ယူကရိန်းက အမေရိကန် အဆိုပြုသည့် ရက် ၃၀ ကြာ ယာယီအပစ်ရပ်ရေး ချက်ချင်းအကောင်အထည်ဖော်ရန် အကြံပြုချက်ကို လက်ခံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြောင်း၊ ဤအပစ်ရပ်ရေးသည် နှစ်ဖက်သဘောတူညီသည့်အခြေအနေတွင် သက်တမ်းတိုးနိုင်ပြီး ရုရှား၏ လက်ခံမှုဖြင့် တစ်ချိန်တည်းတွင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ အမေရိကန်ဘက်က ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် ချက်ချင်း ပြန်လည် မျှဝေမည်ဖြစ်ပြီး ယူကရိန်းအပေါ် လုံခြုံရေး အကူအညီများ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
俄外交部发言人:未来几天不排除与美方接触
新华社莫斯科3月12日电 俄罗斯外交部发言人扎哈罗娃11日对媒体表示,俄方不排除在未来几天与美国代表进行接触。
据塔斯社报道,扎哈罗娃回答记者提问时说:“我们不排除在未来几天与美国代表接触”。
早些时候美国总统特朗普表示,他将于近日致电俄罗斯总统普京,双方将讨论乌克兰局势。
美国和乌克兰代表团11日晚结束当天在沙特阿拉伯城市吉达举行的会谈,双方宣布在实施临时停火、恢复情报共享和安全援助等议题上达成共识。根据会谈后发表的联合声明,乌克兰表示愿意接受美国提出的立即实施为期30天临时停火的建议。这一停火可在双方同意的情况下延长,并须经俄罗斯接受并同时执行。美国方面将立即恢复与乌克兰的情报共享,并恢复对乌克兰的安全援助。(完)
1. 2022年3月28日,在俄罗斯首都莫斯科,行人从俄罗斯外交部大楼附近走过。