China
ယမန်နှစ်ကာလတူထက် ၁,၂၀၀.၆ ရာခိုင်နှုန်း တိုးမြင့်၊ တစ်ဖက်သတ် ကင်းလွတ်ခွင့်မူဝါဒက “တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း” ကို အားဖြည့်ပေး

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ယခုအချိန်အထိ နိုင်ငံပေါင်း ၃၈ နိုင်ငံကို တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံ၏ ဖြတ်သန်းဗီဇာကင်းလွတ်ခွင့်ကို ၂၄၀ နာရီအထိ တိုးမြှင့်ပေးခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးစဉ် စုစုပေါင်း အကြိမ်ရေသည် ယမန်နှစ်ကာလတူထက် ၁,၂၀၀.၆ ရာခိုင်နှုန်း တိုးမြင့်လာခြင်း… တို့သည် “တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း” သည် နိုင်ငံတကာ ခေတ်စားမှုအသစ်အဖြစ် စဉ်ဆက်ဖြစ်နေခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်သည် တရုတ်နိုင်ငံ၏ ပြင်ပသို့ တံခါးဖွင့်လှစ်ခြင်းဆိုင်ရာ ဝင်းလက်တောက်ပသည့် “မူဝါဒ ကတ်ပြား” ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မှစ၍ တရုတ်နိုင်ငံသည် ပြင်သစ်၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား စသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံအပေါ် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ရှေ့ဆင့်နောက်ဆင့် စမ်းသပ်အကောင်အထည်ဖော်ခဲ့ရာ နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ လာရောက်မှုကို မြှင့်တင်ခြင်းတွင် သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သော နိုင်ငံခြားသား ခရီးစဉ် စုစုပေါင်း အကြိမ်ရေမှာ ၃.၃၉၁ သန်းရှိပြီး နိုင်ငံတစ်ဝန်း ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးစဉ် စုစုပေါင်း အကြိမ်ရေ(နယ်စပ်ဒေသခံများမပါ) ၏ ၁၃.၈ ရာခိုင်နှုန်းရှိခဲ့သည်။
ကမ္ဘာကြီး၏ စိတ်အားထက်သန်မှုအပေါ် တရုတ်နိုင်ငံက ရိုးသားသည့် စိတ်ရင်းစေတနာဖြင့် ပြန်လည်တုံ့ပြန်
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ကာလကို ၁၅ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ခဲ့ပြီး ပြည်တွင်းဝင်ရောက်ခြင်း အကြောင်းအရာကိုလည်း စီးပွားရေး၊ ခရီးသွားအလည်အပတ်လာခြင်း၊ ဆွေမျိုးသူငယ်ချင်းများအား လာရောက်ကြည့်ရှုခြင်း၊ လေ့လာဖလှယ်ရေး၊ ဖြတ်သန်းသွားလာခြင်းတို့အထိ တိုးချဲ့ထားသည်။
လက်ရှိတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စစ်ဝန်ဌာနစသည့် ဌာနများသည် ဗီဇာလျှောက်ထားခြင်း လုပ်ငန်းစဉ်များကို တစ်ဆင့်တိုး ကောင်းမွန်အောင် ဆောင်ရွက်ခဲ့သည်။ ယင်းတို့မှာ နိုင်ငံရပ်ခြားရှိ တရုတ်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးအသီးသီးတွင် ဗီဇာလျှောက်လွှာတင်ရန် ရက်ချိန်းယူမှုကို အလုံးစုံ ဖျက်သိမ်းလိုက်ခြင်း၊ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြည်ဝင်ခွင့်၊ နေထိုင်ကာလ ၁၈၀ ရက်အတွင်းရှိ ရေတို လျှောက်ထားမှုများအတွက် လျှောက်ထားသူ လက်ဗွေနှိပ်ရန် မလိုအပ်ခြင်း၊ လျှောက်လွှာဇယား ရေးသားဖြည့်စွက်မှု၏ ၃၄ ရာခိုင်နှုန်းကို ပိုမိုရိုးရှင်းအောင်ပြုလုပ်ခြင်း၊ လက်ရှိ စံနှုန်းအတိုင်း အဆင့်လိုက် ကုန်ကျစရိတ် ၂၅ ရာခိုင်နှုန်း လျှော့ချခြင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံသို့ လာရောက်ရန် ဗီဇာလျှောက်ထားသည့် နိုင်ငံခြားသားများအနေဖြင့် “ရောက်ရှိသည်နှင့် ဆောင်ရွက်” နိုင်ပြီး “တစ်ကြိမ်မျှ မလစ်လပ်အောင်“ဖော်ဆောင်နိုင်ပေသည်။
အလုပ်ဗီဇာ (Z ဗီဇာ) ကိုင်ဆောင်ထားသော ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသားဖြစ်သူ ဆိုက်လီက တရုတ်နိုင်ငံသို့ ရောက်ရှိသည်မှာ နှစ်ဝက်ကျော်ကြာ ရှိခဲ့ပြီးဖြစ်သည်။ “ကျွန်တော် သံရုံးကို လျှောက်လွှာတွေ ပို့ပြီး အွန်လိုင်းမှာ လျှောက်လိုက်ရင် ရပါပြီ”၊ ဗီဇာလျှောက်ထားရာမှ တရုတ်နိုင်ငံသို့ ဝင်ရောက်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးသည် ထင်ထားသည်ထက် “ချောမွေ့လွန်း” ကြောင်း ပြောကြားခဲ့သည်။
ဗီဇာကင်းလွတ်နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၃၀ ရက်အထိ တိုးမြှင့်ခြင်းနှင့် တရုတ်နွေဦးပွဲတော် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လျှောက်ထားမှု အောင်မြင်ခြင်း ကြုံကြိုက်ခဲ့ရာ “China Travel” သည် ကမ္ဘာအနှံ့တွင် ရေပန်းစားသော စကားလုံးဖြစ်လာသည်။
တရုတ်နွေဦးပွဲတော်ကာလအတွင်း ပြင်သစ်နိုင်ငံသားဖြစ်သူ အာလ်နော့သည် ကူမင်းမြို့မှ တရုတ်- လာအို ရထားစီးနင်းကာ တရုတ်ရိုးရာ ပွဲတော်၏ ပျော်ရွှင်မှုနှင့် စည်ကားမှုကို လက်တွေ့ ကိုယ်တွေ့ ခံစားခဲ့ရသည်။ “ဒါက တရုတ်နိုင်ငံမှာ ပထမဆုံး ရထားစီးတာ။ နွေဦးပွဲတော် ခရီးသွားလာချိန်ဖြစ်ပေမဲ့ လက်မှတ်စစ်ဆေးတာ စနစ်တကျရှိသလို ရထားပေါ်က ခရီးဆောင်အိတ်တွေကလည်း သပ်သပ်ရပ်ရပ်နေရာချထားတယ်။ ရထားစီးရတဲ့ ကိုယ်တွေ့ခံစားမှုက အလွန်သက်သောင့်သက်သာရှိတယ်” ဟု အာလ်နော့က ပြောကြားခဲ့သည်။
တရုတ်မြွေနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်ကာလ(ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်) တွင် တရုတ် UnionPay ၊ NetsUnion တို့က လုပ်ဆောင်ခဲ့သော ငွေပေးချေမှုအရေအတွက်သည် ယမန်နှစ်ကာလတူထက် ၁၂၄.၅၄ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ ဒေသအများအပြားရှိ ဌာနဆိုင်ရာများက ပံ့ပိုးမှု အစီအမံများကို ပြဋ္ဌာန်းခဲ့ပြီး “ချက်ချင်း ဝယ်၊ ချက်ချင်း ငွေပြန်အမ်းခြင်း” ပြည်ပထွက်ခွာ အခွန်ငွေပြန်အမ်းခြင်းစသည့် ဝန်ဆောင်မှုအမျိုးမျိုးကို စမ်းသပ်ဖော်ဆောင်ခဲ့သည်။
“မလာခင်တုန်းက တရုတ်နိုင်ငံက လျှို့ဝှက်ဆန်းကြယ်ပြီး လာပြီးတဲ့နောက်မှာ တရုတ်နိုင်ငံရဲ့ ပရိသတ်ဖြစ်သွားတယ်” ဆိုသည်မှာ နိုင်ငံခြားခရီးသွားများစွာရဲ့ ခံစားချက်ဖြစ်လာခဲ့သည်။
“ဒီက အစားအသောက်တွေက အလွန်စားလို့ကောင်းတယ်၊ လူတွေကလည်း နွေးထွေးဖော်ရွေပြီး အရာအားလုံးက ပေးရတာထက်တောင် တန်တယ်။ ကျွန်တော်ရဲ့ မိတ်ဆွေတွေကိုလည်း တရုတ်နိုင်ငံ လာလည်ဖို့ အကြံပြုပေးချင်ပါတယ်” ဟု ချိန်းတူးမြို့မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည့် ဗြိတိန်နိုင်ငံသားဖြစ်သူ လီချီနှင့် အပေါင်းအပါများက ယူနန်ပြည်နယ်သို့ လာရောက်ခဲ့ပြီး ထိုဒေသအပေါ် အမွှမ်းတင်ပြောကြားခဲ့သည်။
ယင်းမတိုင်မီ ထုတ်ပြန်ခဲ့သော “၂၀၂၅ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စေရေး လှုပ်ရှားမှုအစီအစဉ်” တွင် “အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု စေ့စပ်ညှိနှိုင်းရေးကို အရှိန်မြှင့်တင်ပြီး တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် နိုင်ငံများ၏ အတိုင်းအတာကို တည်ငြိမ်စွာ ဆက်လက် ချဲ့ထွင်ရေး” ကို အရေးကြီးသော အကြောင်းအရာအဖြစ် ဖော်ပြထားရာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သည်နှင့် တစ်ပြိုင်နက် ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် တံခါးဖွင့်လှစ်မှုကို ပိုမိုချဲ့ထွင်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့မြင်နိုင်သည်။
ရင်ခွင် ဖွင့်လှစ်ပေးလိုက်သော တရုတ်နိုင်ငံကလည်း ကမ္ဘာအနှံ့မှ ပြည်သူများ၏ နွေးထွေးသော ဖိတ်ခေါ်မှုကို ပြန်လည်ရရှိ
ထိုင်း၊ စင်ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံပေါင်း ၂၇ နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဘက်စုံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ရရှိခဲ့ပြီး အမေရိကန်၊ ဩစတေးလျ စသည့် နိုင်ငံများသည်လည်း တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးပြုသော ၁၀ နှစ် သို့မဟုတ် ၅ နှစ်အတွင်း အကြိမ်ကြိမ် သွားလာခွင့် ဗီဇာ အစီအစဉ်များကို အပြန်အလှန် ထုတ်ပေးခဲ့သည်။ ထို့အပြင် နိုင်ငံနှင့် ဒေသပေါင်း ၇၀ ခုကလည်း တရုတ်နိုင်ငံသားများအတွက် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာများ ပေးခဲ့သည်။
ဗီဇာကင်းလွတ်ခွင့် နယ်ပယ် စဉ်ဆက်မပြတ်တိုးချဲ့ရေး၊ တရုတ်နှင့် နိုင်ငံခြားသားများ အကြား ကူးလူးဆက်ဆံမှု ပိုမိုအဆင်ပြေစေရေး နောက်ကွယ်တွင် တရုတ်နိုင်ငံက ကမ္ဘာကြီးကို ပွေ့ဖက်ခြင်း၊ ကမ္ဘာကြီးက တရုတ်နှင့် ပိုမိုနီးကပ်လာခြင်း၏ “အပြန်အလှန် ဦးတည်ခြင်း” ဖြစ်သည်။
ပွင့်လင်းမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် လုံခြုံစိတ်ချမှုရှိသော တက်ကြွသည့် တရုတ်နိုင်ငံဆီသို့ ခရီးထွက်လိုက်ကြရအောင်။ (Xinhua)

အမေရိကန် ခရီးသွား အေးဂျင့်များကို ရှန်ဟိုင်း၊ ယွီယွမ် ဥယျာဉ်သို့ ခေါ်ဆောင် လည်ပတ်ကြည့်ရှုခဲ့သော ဧည့်လမ်းညွှန် (ဝဲဘက်မှ ပထမ) အား စက်တင်ဘာလ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
同比增1200.6%!单免政策助力“打卡中国”
新华社北京3月12日电 新华社记者董雪、陆君钰
迄今已对38个国家单方面免签,对54个国家过境免签延长至240小时;2024年,通过单方面免签政策来华的外国人总人次同比增长1200.6%……“打卡中国”持续成为国际新风尚。
免签,已成为中国对外开放一张熠熠生辉的“政策名片”。
2023年12月以来,中国先后对法国、瑞士、新西兰、葡萄牙、斯洛伐克等38个国家试行单方面免签政策,推动外国人来华成效显著。
2024年一年,通过单免政策来华的外国人总人次多达339.1万,占全年外国人入境总人次(不含边民)比重达13.8%。
面对世界的热情,中国以真诚回应:
自2024年11月起,免签停留期由15日延长至30日,入境事由扩大至经商、旅游观光、探亲访友、交流访问和过境。
目前,外交部领事司等部门进一步优化签证申请流程:中国各驻外使领馆已全面取消签证申请预约;对申请一次或两次入境、停留180日以内的短期申请人免采指纹;简化34%申请表填写项;按现行标准阶段性调减25%费用。外国人办理来华签证可“随到随办”,实现“一次不跑”。
持工作签证(Z字签证)的波黑人塞利已来到中国大半年。“我将申请资料寄给大使馆,在网上申请即可。”他说,从申请签证到入境中国,整个过程超出想象的“丝滑”。 当延长至30日的免签停留期遇上申遗成功的中国春节,“China Travel”成为火遍全球的热词。
春节期间,法国人阿尔诺从昆明登上中老铁路,真切感受了一回中国传统节日的欢庆与热闹。“这是我第一次在中国坐火车,虽是春运,检票井然有序,车上行李都安置妥当,乘车体验十分舒适。”阿尔诺说。
数据显示,蛇年春节假期(1月28日至2月4日),中国银联、网联处理境外来华人员支付交易数量,同比增长124.54%。多地多部门还出台配套措施,试点“即买即退”离境退税等多项服务。
“来之前中国是个谜,来之后成了中国迷”成为不少外国游客心声。
“这里的食物美味,人也热心友善,一切都物超所值。我会推荐朋友们来中国。”从成都入境的英国游客里奇和同伴来到云南,对当地赞不绝口。
此前发布的《2025年稳外资行动方案》中,将“加快互免签证协定商谈,继续稳妥扩大单方面免签国家范围”作为一项重要内容列明,可见吸引游客同时,免签政策在进一步扩大开放、吸引外资方面亦发挥重要作用。
敞开怀抱的中国,也收到世界人民的热情邀约:
泰国、新加坡、阿联酋等27个国家与中国达成全面互免签证协议,美国、澳大利亚等也与中国达成互发10年多次或5年多次签证互惠安排,另有近70个国家和地区给予中国公民单方面免签或落地签。
不断扩大的免签范围、更加便利的中外人员往来背后,是中国拥抱世界、世界走近中国的“双向奔赴”。
向着开放、自信、文明、安全的活力中国,出发!(完)
图说1:2024年10月20日,来自不同国家和地区的运动员在云南民族村参观。新华社记者 王贤思 摄
图说2:9月19日,导游(左一)带领美国旅行商在上海豫园观光。新华社记者 陈爱平 摄